ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ရွာသား ၂၀ ဦးကို သူတပါးအယောင်ဆောင် မဲပေးတယ်ဆိုပြီး အမှုဖွင့်

နိုဝင်ဘာ ၁၈-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲကြီးရွာနဲ့ အင်တိုင်းကြီးကျေးရွာက ဒေသခံပြည်သူ အယောက် ၂၀ ကို သူတပါးအယောင်ဆောင်ပြီး ကြိုတင်ဆန္ဒမဲပေးခဲ့တယ်ဆိုကာ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၂ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက မနေ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ” တဲစုကျေးရွာက မဲရုံမှာ အောက်တိုဘာ ၂၉ ရက် ကြိုတင်မဲပေးရာမှာ မဲဆန္ဒရှင်တွေရဲ့ကိုယ်စား ဒေါ်သိမ့်ရတနာထွန်း အပါအဝင် လူ ၁၀ ယောက်က သူတပါး အယောင်ဆောင်ပြီး မဲထည့်ခဲ့တာကို မဲရုံကိုယ်စားလှယ်ဦးခင်မောင်လေးနဲ့ ဦးကျော်ရွှေတို့က ပါတီရုံးကိုတင်ပြထားတယ်၊ အင်တိုင်းကြီးရွာက မဲရုံမှာလည်း အလားတူကိစ္စကို ဒေါ်မာမာ အပါအဝင် လူ ၁၀ ယောက်က လုပ်ခဲ့တယ်ဆိုတာကို မဲရုံကိုယ်စားလှယ် ၄ ယောက်က ပါတီရုံးကို တင်ပြလာတာရှိတယ်”လို့ ခင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးက…

Read More

အစိုးရအဆင်ပြေပြေဖွဲ့ဖို့ လူစုလူဝေးဖြစ်မှာကို မလိုလား

နိုဝင်ဘာ ၁၈-၂၀၂၀ ယဉ်ပပထွန်း ( VOM ) လက်ရှိ အာဏရပါတီဟာ အစိုးရတစ်ရပ်ကို ရှောရှောရှုရူ ဖွဲ့ချင်တဲ့အခါ လူစုလူဝေးတွေဖြစ်ပေါ်လာပြီး တိုင်းပြည်မငြိမ်သတ်တာကို လုံးဝမလိုလားဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဌ ဦးကျော်ဇေယျက VOMကိုပြောပါတယ် ။ နိုင်ငံတော်ကနေ စတုတ္တအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူတွေကဦးဆောင်ပြီး လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေသူတွေထဲက ဦးဆောင်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့ဆိုပြီး မနေ့ နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေး ဆွေးနွေးချက် ထုတ်ပြန်ထားတဲ့အပေါ် ဦးကျော်ဇေယျက သုံးသပ်ပြောဆိုတာဖြစ်ပါတယ် ။ “ ကိုဗစ်ကာလမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း တရားမမျှတဘူး၊ နေရာ အသီးသီးမှာ လူစုလူဝေးနဲ့ လုပ်ချင်နေကြတာလေ ။ ဒါတွေကို ကာကွယ်ဖို့အတွက် ကိုဗစ်ကို အကြောင်းပြချင်တာလေ ။ လက်ရှိ အာဏရပါတီအနေနဲ့ အနိုင်ရသွားပြီဆိုတော့…

Read More

တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ရေးနည်းပညာ အမေရိကန်စမ်းသပ်အောင်မြင်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကြားဖြတ်ဒုံးပျံအမျိုးအစားသစ်ဟာ တိုက်ချင်းပစ် ဒုံးပျံတစ်စင်းကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လိုရ အမေရိကန်စစ်ဘက် ထုတ်ပြန်လိုက်ပါတ်။ SM-3 Block IIA ကြားဖြတ်ဒုံးပျံဟာ ဟာဝိုင်ယီကျွန်းမှာ ပစ်မှတ်ကို နိုဝင်ဘာ ၁၆ ရက်က အောင်မြင်စွာကြားဖြတ်ပစ်ခတ် နိုင်ခဲ့တယ်လို့ အမေရိကန်ဒုံးပျံကာကွယ်ရေး အေဂျင်စီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ပစ်မှတ်ဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံကို ဟာဝိုင်ယီမှ ကီလိုမီတာ ၄၀၀၀ ကျော်ကွာဝေးတဲ့ မာရှယ်ကျွန်းစုကနေ ပစ်လွှတ်ခဲ့ပြီး အဆင့်မြင့်ရေဒါစနစ်က အဲဒီပစ်မှတ်ကိုခြေရာခံနိုင်ခဲ့ကာ ကြားဖြတ်ဒုံးပျံစနစ်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောပေါ်မှ အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက် ဆိုပါတယ်။ အမေရိကန်ဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးပျံတွေကို ကြားဖြတ်ဖျက်ဆီးတဲ့နည်းပညာကို ယခင်ကတည်းကစမ်းသပ်အောင်မြင်ခဲ့ပေမယ့် တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံကို ကြားဖြတ်ပစ်ခတ်စမ်းသပ်မှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီလိုစမ်းသတ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယားရဲ့ ဒုံးပျံအစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့ အမေရိကန်အနေနဲ့…

Read More

၂၀၂၀ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုပြီး ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၁၈-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှာ တရားမျှတသောရွေးကောက်ပွဲဖြစ်ပေါ်ရေးနဲ့ အမှန်တရားပေါ်ပေါက်ရေးအတွက်ဆိုပြီး ငြိမ်းစုစီခွင့်ပြုချက်နဲ့ စီတန်းလှည့်လည်တဲ့ ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလမှာ Nldပါတီရဲ့ စီတန်းလှည့်လည် အောင်နိုင်ရေးလုပ်ဆောင်ချိန်မှာပါဝင်ခဲ့တဲ့ ကျောင်းဆရာတွေကို မဲရုံမှူး ၊ ဒု-ရုံမှူး ခန့်အပ်လုပ်ဆောင်စေခြင်း ၊ အမျိုးသားကအောင်နိုင်ရေးလှည့်လည်ပြီး အမျိုးသမီးက မဲရုံမှူးအဖြစ် လုပ်ဆောင်ခြင်းတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမဟုတ်ခဲ့တဲ့အတွက် အခုလို စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ ပါတီအသီးသီးကတင်ပြတဲ့ အရေးယူဆောင်ရွက်မှုတွေမလုပ်ဘဲ ရွေးကောက်ပွဲကြီးကိုကျင်းပသွားတယ်၊ အမှန်ဆို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကိုလုပ်ရမှာဖြစ်တယ်၊ ဒါကြောင့် ရွေးကောက်ပွဲကြီးက သမာသမတ်ကျရွေးကောက်ပွဲမဟုတ်ဘူးလို့ စွပ်စွဲတာပါ၊ ၂၀၂၀ရွေးကောက်ပွဲမှာဆိုရင် ဥပဒေကိုကျော်လွန်ပြီးလုပ်တဲ့ မဲဆွယ်စည်းရုံးမှုတွေဟာဆိုရင် nld ပါတီက တရားဥပဒေမဲ့ပြုကျင့်ပြီး လှည့်လည်စည်းရုံးတယ်၊ အသံချဲ့စက်တွေဖွင့်ပြီးလုပ်ဆောင်တယ်၊ နောက်တချက်က…

Read More

ထောက်ပံ့ကြေး ၄ သောင်းတောင်းတဲ့ အမျိုးသမီးကို ရာအိမ်မှူးမိသားစုဝင်တွေက ဝိုင်းရိုက်

နိုဝင်ဘာ ၁၈-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀/၆၁ရပ်ကွက်မှာ မနေ့ နိုဝင်ဘာ ၁၇ရက်နေ့က နိူင်ငံတော်ထောက်ပံ့ငွေ၄သောင်း သွားတောင်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ရာအိမ်မှူးရဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်ခဲ့တဲ့အတွက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ၆၀/၆၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ပံ့ငွေလေးသောင်းမရရှိတဲ့အတွက် ရာအိမ်မှူးထောက်ခံချက်ပြန်လည်ယူခိုင်းရာကနေ ရာအိမ်မှူးရဲ့မိသားစုဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်အမျိုးသမီးက VOMကိုပြောပါတယ်။ “ကျွန်မ ထောက်ပံ့ကြေးမရလို့ အုပ်ချုပ်ရေးမှူးရုံးသွားတာ၊ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးကို ဖုန်းဆက်ပြီး မင်းမှာပေးဖို့ငွေမရှိရင် ငါစိုက်ပေးမယ်။ သူ့ကိုသာ ထောက်ခံပေးလိုက်လို့ပြောတာ၊ သွားပြောတော့ သူယောက်ခမနဲ့ သူမိန်းမက ရန်လုပ်ပြီးဝိုင်းရိုက်တာ”လို့ ကာယကံရှင်အမျိုးသမီးက ရှင်းပြပါတယ်။ ရိုက်နှက်ခံရသူအမျိုးသမီးဟာ အရင်က နယ်မြေအပိုင် (၅) နေထိုင်ရာကနေ တစ်လမ်းတည်းရှိ နယ်မြေအပိုင်(၇) အတွင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ တစ်လမ်းတည်းဖြစ်ပေမယ့် အပိုင်(၇)တာဝန်ရှိသူက အရင်နေခဲ့တဲ့ အပိုင်(၅)ထဲမှာ ထုတ်ယူရမယ်လို့ ပြောတဲ့အတွက် အပိုင်(၅)တာဝန်ရှိသူ…

Read More

ရွှေတူးဖော်ရေး လုပ်ကွက်ဟောင်း မြေပြိုကျ ရွှေကျင်နေသူ ၂ ယောက်သေဆုံး

နိုဝင်ဘာ ၁၈-၂၀၂၀ ကိုတိုးကြီး (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်းကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်အကွာနေရာက ရွှေလုပ်ကွက်ဟောင်းထဲမှာ မနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မြေပြိုကျခဲ့တာကြောင့် လက်လုပ်လက်စား ရွှေရှာနေသူ ၂ ယောက် မြေပိပြီး သေဆုံးခဲ့တယ်လို့ လုံးတုံနယ်မြေရဲစခန်းကနေ သိရပါတယ်။ ” မြေကျင်းပိပြီး သေဆုံးသွားတဲ့ သူ ၂ ယောက်ဟာ ရွှေကျင်နေရင်း ဖြစ်သွားတာပါ၊ မိသားစုစားဝတ်နေရေးအတွက် ပေါက်ပြားတစ်လက် အင်ဝိုင်းတစ်ချပ်နဲ့ မိုးလင်းမိုးချုပ်နေရာအနှံ့သွားပြီး ရုန်းကန်လုပ်စားရင်း အခန့်မသင့်တော့လည်း အခုလို အသက်ပါ ပေးလိုက်ကြရတယ် ” လို့ နန့်သာကျေးရွာက လက်လုပ် လက်စား ရွှေကျင်နေသူ တစ်ယောက်က ပြောပါတယ်။ မြေပြိုကျရာကနေ သေဆုံးသွားသူတွေဟာ အင်းတော်မြို့နယ် နန့်သာကျေးရွာက အသက် ၃၁ နှစ်အရွယ် အမျိုးသား တစ်ယောက်နဲ့…

Read More

ကောလဟလနဲ့ သတင်းမှားတွေကို သတိထားဖို့ အချက်များ

” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…

Read More

မဲမသမာမှုမရှိဘူးလို့ ပြောဆိုခဲ့သူ ရွေးကောက်ပွဲတာဝန်ရှိသူကို ဒေါ်နယ်ထရန့် ထုတ်ပယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့အပေါ် သူ့ကိုဆန့်ကျင်တဲ့ ရွေးကောက်ပွဲထိပ်တန်း တာဝန်ရှိသူတစ်ဦးကို ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အဦလုံခြုံရေးဌာနရဲ့ အကြီးအကဲ Chris Krebs ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မမှန်မကန်မှတ်ချက်ပြုပြောဆိုခဲ့တာကြောင့် တာဝန်ကနေ ရပ်စဲလိုက်တာလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ မစ္စတာထရန့်ဟာ ရွေးကောက်ပွဲကနေ ရှုံးနိမ့်ကြောင်းကို ဝန်ခံဖို့ ငြင်းဆန်ထားပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေမပြနိုင်ပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေကတော့ ဒီနှစ်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အလုံခြုံဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကာကွယ်ရေးဝန်ကြီး Mark Esper ကိုရာထူးကနေထုတ်ပယ်ခဲ့ပြီး Chris Krebs ကတော့ နောက်ဆုံးထုတ်ပယ်ခံလိုက်ရတဲ့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ Ref : BBC Photo: Reuters #voiceofmyanmar…

Read More

မောင်တောမြောက်ပိုင်း မိုင်းကွဲ လူသေဆုံးမှု ARSA လက်ချက်ဖြစ်နိုင်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးသုံးသပ်

နိုဝင်ဘာ ၁၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ မနေ့ နိုဝင်ဘာ ၁၇ရက်နေ့ ညနေပိုင်းကဖြစ်ခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ ARSA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နိုင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ယူဆကြောင်းနဲ့ အဲ့ဒီဒေသဟာ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်နဲ့ အလွန်နီးကပ်ပြီး အဲ့ဒီဖက်မှာ လက်နက်ကိုင်လှုပ်ရှားတာမျိုးဟာ ARSA တစ်ဖွဲ့ပဲရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ “ မနေ့က မောင်တောမိုင်းပေါက်ကွဲမှုမှာ (၃) ယောက်သေတယ်။ (၆) ယောက်ဒဏ်ရာရတယ်လေ။ အဲ့ဒီထဲမှာ ဒဏ်ရာပြင်းတဲ့လူတွေကိုတော့ မောင်တောဆေးရုံကို ပို့ထားပါတယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို ကျနော်တို့ အတိအကျပြောဖို့ခက်တယ်။ ဒါပေမယ့် အဲ့ဒီဖက်မှာက ARSA တစ်ဖွဲ့ပဲ လှုပ်ရှားတာရှိတယ်” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အနောက်ဖက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောခရိုင်၊ မောင်တောမြို့နယ် မြောက်ဖက်ပိုင်း တောင်-မြောက်ကားလမ်းပေါ်မှာ မနေ့ နိုဝင်ဘာ…

Read More

ချောင်းဦးမြို့မှာ နိုင်ငံတော်ထောက်ပံ့ကြေးပေးတာ မျှတမှုမရှိလို့ ဆန္ဒပြ

နိုဝင်ဘာ ၁၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဒေသခံပြည်သူတွေဟာ နိုင်ငံတော်က ထောက်ပံပေးတဲ့ အခြေခံလူတန်းစားထောက်ပံ့ကြေးငွေနဲ့ ပတ်သက်လို့ မျှတမှုမရှိလို့ဆိုပြီး ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီက ချောင်းဦးမြို့ပေါ်တက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ကွာကွာအနေအထားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ” ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ နိုင်ငံတော်က အခြေခံလူတန်းစားထောက်ပံ့ကြေးငွေ ပေးတဲ့အခါတိုင်း အုပ်ချုပ်ရေးမှူးတွေက ပွင့်လင်းမြင်သာစွာ ချပြတာမရှိဘူး၊ ပွင့်လင်းမြင်သာမှုဆိုတာ ရွာအတွက် ဘယ်လောက်ရတယ်၊ အခြေခံလူတန်းစား အိမ်ထောင်မိသားစု အမည်စာရင်းက ဘယ်သူတွေပါတယ် ဘယ်သူတွေကတော့ မပါဘူး၊ မပါဘူးဆိုရင်လည်း ဘာကြောင့် မပါတာဆိုတဲ့ အကြောင်းပြချက်ရှိရမယ်၊ စာရင်းဇယား အတိအကျပြုစုပြီး အများသိသာ မြင်သာအောင် မလုပ်ကြတာကို ပြောတာပါ”လို့ ဆန္ဒပြရာမှာ လိုက်ပါလာသူ ဆင်မြေကျေးရွာသား ဦးဇော်ဝင်းက ပြောပါတယ်။ ဆန္ဒပြသူတွေက အဂတိမကင်းသော…

Read More
VOM News

FREE
VIEW