အစိုးရအဆင်ပြေပြေဖွဲ့ဖို့ လူစုလူဝေးဖြစ်မှာကို မလိုလား

နိုဝင်ဘာ ၁၈-၂၀၂၀
ယဉ်ပပထွန်း ( VOM )

လက်ရှိ အာဏရပါတီဟာ အစိုးရတစ်ရပ်ကို ရှောရှောရှုရူ ဖွဲ့ချင်တဲ့အခါ လူစုလူဝေးတွေဖြစ်ပေါ်လာပြီး တိုင်းပြည်မငြိမ်သတ်တာကို လုံးဝမလိုလားဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဌ ဦးကျော်ဇေယျက VOMကိုပြောပါတယ် ။

နိုင်ငံတော်ကနေ စတုတ္တအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူတွေကဦးဆောင်ပြီး လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေသူတွေထဲက ဦးဆောင်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့ဆိုပြီး မနေ့ နိုဝင်ဘာ ၁၇ ရက်က ပြုလုပ်တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေး ဆွေးနွေးချက် ထုတ်ပြန်ထားတဲ့အပေါ် ဦးကျော်ဇေယျက သုံးသပ်ပြောဆိုတာဖြစ်ပါတယ် ။

“ ကိုဗစ်ကာလမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း တရားမမျှတဘူး၊ နေရာ အသီးသီးမှာ လူစုလူဝေးနဲ့ လုပ်ချင်နေကြတာလေ ။ ဒါတွေကို ကာကွယ်ဖို့အတွက် ကိုဗစ်ကို အကြောင်းပြချင်တာလေ ။ လက်ရှိ အာဏရပါတီအနေနဲ့ အနိုင်ရသွားပြီဆိုတော့ စင်ပေါ်ရောက်သွားတော့ ငွေးလေးသောင်းနဲ့ လူစုလူဝေးပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ပတ်သက်တာပဲဖြစ်ဖြစ် အမျိုးဘာသာသနာအတွက် လုပ်တာမကောင်းဘူးပေါ့၊ အစိုးရတစ်ရပ်ကို လျောလျာရူရူ ဖွဲ့ချင်တယ် ။ တိုင်းပြည်မငြိမ်သက်တာကို လုံးဝမလိုလားဘူး။ မဲလည်း နိုင်သွားပြီ၊ အပေါ်စီးလည်းရောက်သွားပြီဆိုတော့ တိုင်းပြည်မငြိမ်မသက်တာကိုလုံးဝမလိုလားဘူး လုံးဝလက်ခံမှာ မဟုတ်ဘူး၊ ဒါတော့ သူတို့က တားနေမှာပဲ၊ လက်ရှိအာဏရအဖွဲ့အစည်းဆိုတော့ သူတို့သဘောပဲလေ“လို့ ဦကျော်ဇေယျက ပြောပါတယ် ။

လက်ရှိမှာလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိနေတဲ့ အိမ်ထောင်စုအများစုဟာ ထောက်ပံ့ကြေးငွေရရှိခြင်းမရှိတာကြောင့် တိုင်ကြားမှုတွေအများကြီးရှိတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၁) တိုင်းကိုယ်စားလှယ် ဦးညီညီက VOM ကိုပြောပါတယ်။

“ တိုင်ကြားတာကတော့ စာရင်းပေးထားရဲ့သားနဲ့ မပါလာတဲ့သူတွေအနေနဲ့ တိုင်ကြားတာ တွေ ၊ အိမ်ရှင်နဲ့ အိမ်ဌားမှာလည်း အိမ်ဌားကနေပြီးတော့မရဘဲနဲ့ အိမ်ရှင်ကနေပြီးတော့ပဲ ငွေကိုယူသွားတယ် ဒါတွေလည်း တိုင်ကြားမှုတွေရှိတယ် ၊ အခန်းတွဲတွေမှာလည်း အခန်းတွဲပိုင်ရှင်တွေက ယူသွားတယ်ပေါ့၊ အဲ့ဒီလိုတိုင်ကြားမှုမျိုးတွေပေါ့။ တစ်အိမ်ထဲမှာ အိမ်ထောင်စု ၅ စုရှိနေပြီး ၂ စုပဲရတဲ့ အိမ်ထောင်စုတွေက တိုင်တယ်။ တိုင်ကြားမှုတွေကတော့များတယ်၊ ဘယ်လောက်အရေအတွက်ရှိလဲဆိုတာကိုတော့ မသိရပါဘူး“လို့ ဦးညီညီကပြောပါတယ် ။

ကိုဗစ်ထောက်ပံ့ရေး ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားရေးဌာနတွေ ဖွင့်လှစ်ပြီးတော့ ဖြေရှင်း ဆောင်ရွက်ပေးသွားမယ့်အပြင် သတ်မှတ်ချက်နဲ့ကိုက်ညီပြီး အမှန်တစ်ကယ်ရသင့်ရထိုက်သူတွေ မကျန်ခဲ့ဖို့အတွက် စီစဉ်ဆောင်ရွက်သွားမယ်လို့ လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းကိုယ်စားလှယ် ဦးဝင်းမောင်က သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW