ရွှေတိဂုံဘုရားပြန်လည်ဖူးမျှော်ခွင့်ရရင် စည်းကမ်းချက်တွေနဲ့ ဖူးမျှော်ခွင့်ပြုသွားမယ်

နိုဝင်ဘာ ၂၀-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့မှာရှိနေတဲ့ ရွှေတိဂုံဘုရားပြန်လည်ဖူးမျှော်ခွင့်ပြုရင် အရင်ကလို မနက် ၄ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပေးတော့မှာမဟုတ်တဲ့အပြင် ဘုရားဖူးလာသူတွေကို လူဦးရေအကန့်အသတ်နဲ့ဖူးမျှော်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒါအပြင့် ဘုရားပေါ်တတ်သူတွေကိုလည်း မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ယူထားမှာဖြစ်ပြီး ဖုန်းနံပါတ်တွေလည်း ပေးခဲ့ရမှာဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ခုဖြစ်ပါ်လာပါက ချက်ချင်းဆက်သွယ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလိုပြုလုပ်တာဖြစ်တယ်လို့ ရွှေတိဂုံဘုရား ပြန်ကြားရေးတာဝန်ခံဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပြောပါတယ်။

ဘုရားပေါ်ကိုတတ်ရန်လည်း QR ကုတ်တွေကို အိမ်ကနေ ၂ ရက်လောက် ကြိုတင်ပြုလုပ်ရမှာဖြစ်ပြီး ခရီးသွားပြည်သူတွေအတွက်ကိုတော့ လျှောက်လွှာစာရွက်တွေနဲ့လျှောက်ပြီး ဖူးခွင့်ရမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေတိဂုံဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW