ဖားကန့်မှာ မြေစာပြိုလို့ ၁ဦးသေ ၂ဦး ဒဏ်ရာရ

ဖားကန့်-နိုဝင်ဘာ-၂၀-၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီးမှာ ဒီနေ့မွန်းလွဲ ၂နာရီလောက်က မြေစာပုံဟောင်းပြိုကျမှု တခု ဖြစ်ပွားခဲ့ပါတယ် ။ ပြိုကျခဲ့တဲ့မြေစာပုံဟောင်းဟာ သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီရဲ့ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံမှာ ရွှေနှင့်ကျောက်မျောတိုက်ရင်းမြေစာပြိုကျခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တဦးသေဆုံးခဲ့တယ်လို့ မလောင်ကျေးရွာအုပ်ချုပ်ရေးမှူးဆီကသိရပါတယ် ။ သေဆုံးသူဟာ ဇော်ဦး(၂၅)နှစ် မလောင်းကျေးရွာနေသူဖြစ်ပြီး ၊ဒဏ်ရာရသူတွေကတော့ ကျော်ကြီး (၂၉)နှစ်နဲ့ စိုးငယ် (၂၄)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ် ။ ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပြိုမှု ၊ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်ကခြေချော်ပြုကျမှု များကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေရဲ့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ဖားကန့်မြေပြို zawgyi ဖားကန့်မှာ မြေစာပြိုလို့ ၁ဦးသေ ၂ဦး ဒဏ်ရာရ ဖားကန့်-နိုဝင်ဘာ-၂၀-၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီးမှာ ဒီနေ့မွန်းလွဲ ၂နာရီလောက်က…

Read More

မန္တလေးမှာ ကွာရန်တင်းစင်တာတွေအတွက် ကျန်းမာရေးဘော်လန်ဒီယာတွေ ရှားနေ

မန္တလေး၊ နိုဝင်ဘာ- ၂၀- ၂၀၂၀ ရှိုင်းအောင်(VOM) ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါပြန့်ပွားမှုများလာမယ်ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်တာကြောင့် တက်နိုင်သလောက် ကွာရန်တင်းစင်တာတွေရှာနေရသလို ကျန်းမာရေး ဘော်လန်ဒီယာတွေ ရှားနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဒုဥက္ကဋ္ဌ-မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီကနေ့ မန္တလေးမြို့ ၃၅ လမ်း၊ ၆၅ x ၆၆ လမ်းကြားမှာရှိတဲ့ PUBLIC HEALTH LABORATORY နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီဓာတ်ခွဲခန်းဟာ အထက်မြန်မာပြည်မှာ အဓိကကျတဲ့ ဓာတ်ခွဲခန်းတစ်ခုဖြစ်တာကြောင့် ချင်း၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းမြောက် တို့က ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနိုင်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားပါတယ်။ PUBLIC HEALTH LABORATORY ဓာတ်ခွဲခန်းဟာ တစ်ရက်ကို ဓာတ်ခွဲနမူနာပေါင်း ၈၀၀ ဝန်းကျင်ကို စစ်ဆေးနိုင်ပေမယ့် လက်ရှိမှာတော့ ဓာတ်ခွဲနမူနာ ပေးပို့ချက်တွေအရ…

Read More

ပိတ်ထားတဲ့ ၂၈ ဈေးချိုစင်တာမှာ အခွန်တွေဆောင်ရင် ပစ္စည်းတွေ ထုတ်ခွင့်ပေးမယ်ဆိုလို့ ဆောင်ပေမယ့်ခုထိ ထုတ်ခွင့်မရ

မန္တလေး၊ နိုဝင်ဘာ- ၂၀- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့က MGW ကုမ္ပဏီပိုင်ဖြစ်တဲ့ ၂၈ ဈေးချိုစင်တာအတွင်းက ဈေးသူဈေးသားတွေဟာ ကုန်ပစ္စည်း ထုတ်ယူခွင့်ရရှိဖို့ ဈေးချိုမန်နေဂျာဆီကို အကြောင်းကြားတဲ့အခါမှာ တစ်နှစ်စာပေးဆောင်ရမယ့် အခွန်တွေနဲ့ ကုန်သွယ်ခွန်၊ အခြားအခွန်တွေကို ပေးဆောင်ရင် ကုန်ပစ္စည်းတွေကို ထုတ်ယူခွင့်ပြုမယ်ပြောလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဆိုင်ရှင်တွေက အခွန်တွေအကုန်လုံးကို ပေးဆောင်ခဲ့ပေမယ့် ၁ လကျော်ကြာတဲ့အထိ ထုတ်ယူခွင့် မရသေးတဲ့အကြောင်း ဆိုင်ရှင်တွေက ဒီကနေ့ မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါတယ်။ “ကုမ္ပဏီက ထုတ်ယူခွင့်လက်မှတ်တွေကို တစ်ဆိုင်ကို တစ်ဆောင်နှုန်းနဲ့ ပေးပို့ခဲ့ပေမယ့် ဒီလက်မှတ်တွေကို ကျနော်တို့ ကိုင်သာထားတာ အခုအချိန်ထိ ထုတ်ယူခွင့် မရသေးဘူး ၁ လတောင်ကျော်နေပြီ”လို့ ၂၈ ဈေးချိုစင်တာ TOP-အဝတ်အထည်ဆိုင် ဆိုင်ရှင် ဦးကျော်ကျော်စိုးအောင်က ပြောပါတယ်။ ၂၈ ဈေးချိုစင်တာအတွင်းမှာရှိတဲ့ ဆိုင်တွေက ကုန်ပစ္စည်းတွေကို ထုတ်ယူဖို့ တင်ပြထားတာ…

Read More

ဒီဇင်ဘာလကုန်မှာ ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၄၀၀၀နဲ့ ရမယ်ဆိုတဲ့ သတင်းမှားပျံ့

မန္တလေး၊ နိုဝင်ဘာ ၂၀-၂၀၂၀ ဆွေလင်းထွန်း(VOM) ဒီဇင်ဘာလကုန်မှာ ကိုဗစ်ကာကွယ်ဆေး တရားဝင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာတယ်ဆိုတဲ့ သတင်းမှားတခု နိုဝင်ဘာ ၁၉ရက်နေ့က လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို မြန်မာငွေ ၄၀၀၀ကျပ်နဲ့ ရအောင် ဆောင်ရွက်ပေးမယ်လို့ WHO ကပြောကြောင်းလည်း အဆိုပါသတင်းအမှားမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ သတင်းဌာနအမည်ခံထားတဲ့ Yangon News Club ဝက်ဘ်ဆိုက်၊ ဗဟုသုတသတင်းစုံ ဝက်ဘ်ဆိုက်၊ Cele News Media ဝက်ဘ်ဆိုက်နဲ့ ChanMyae MgCho Thar အမည်နဲ့ ဖေ့ဘုတ်ပေ့ချ်တွေမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ အဲဒီသတင်းမှားကို ပေ့ချ်တခုဆီမှာ React ပြုလုပ်သူ ၅၀၀ ကျော်စီနဲ့ ပြန်လည်မျှဝေသူ ၁၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ရက်နေ့ထုတ် စံတော်ချိန်သတင်းစာနဲ့ TV သတင်းမှာ အဆိုပါသတင်းကို ထည့်သွင်းကြေညာခဲ့တယ်လို့ သတင်းမှားမှာ…

Read More

တရုတ်ပြည်တွင်းရေးနဲ့ ဝေးဝေးနေဖို့ အနောက်အုပ်စုကို တရုတ်နိုင်ငံ သတိပေး

ပေကျင်း၊ နိုဝင်ဘာ-၂၀-၂၀၂၀ မျိုးဆက် (VOM) ဟောင်ကောင်လွှတ်တော်အမတ်တွေဟာ အရည်အချင်းမပြည့်မီဘူးဆိုပြီး ထုတ်ပယ်လိုက်တဲ့အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ကနေဒါနိုင်ငံတို့ စွပ်စွဲပြစ်တင်ပြောဆိုတဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။ ဟောင်ကောင်မှာ ရွေကောက်ခံလွှတ်တော်အမတ်တွေကို အရည်အချင်းပျက်ယွင်းစေမယ့် စည်းမျဉ်းသစ်တွေကို တရုတ်နိုင်ငံပြဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး မျက်လုံးငါးစုံဆိုပြီး မဟာမိတ်အဖွဲ့ထားတဲ့ အထက်ပါနိုင်ငံတွေက ဝေဖန်မှုတွေပြုခဲ့ကြပြီး ဒီလိုလုပ်ဆောင်တာတွေကို ပြောင်းလဲဖို့ တရုတ်နိုင်ငံကို တိုက်တွန်းနေကြပါတယ်။ တရုတ်နိုင်ငံအရေးနဲ့ ဝေးဝေးနေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဲဒီနိုင်ငံတွေကို သတိပေးလိုက်ပြီး ကိုယ့်နိုင်ငံအရေးသာဂရုစိုက်ကြဖို့နဲ့ ဒီလိုမှမဟုတ်ရင် မဟာမိတ်ဖွဲ့ထားတဲ့ မျက်လုံးတွေကန်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပြသနာတွေကို မဖန်တီးကြောင်း၊ ဒါပေမယ့် ဘယ်အရာကိုမှ ကြောက်လန့်နေမည်မဟုတ်ဘဲ မျက်လုံးငါးလုံး သို့မဟုတ် ၁၀ လုံးရှိလဲ ဂရုမစိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေးကျင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ Ref: BBC Photo:…

Read More

ပရဟိတ နှလုံးသားဆိုတာ

မန္တလေး- နိုဝင်ဘာ ၂၀-၁၀၂၀ ညီသစ် (VOM) အသက် ၁၄ နှစ် သားကတည်းက ပရဟိတအလုပ်ကို စလုပ်ခဲ့တဲ့ ကိုကျော်ဖြိုးဝေဟာ သူအသက် ၂၀ ပြည့်ပြီး Covid 19 ကပ်ရောဂါ ကာလဖြစ်ချိန်မှာ အပေါင်းအသင်းတွေက လူနာသယ်ရတဲ့ သူ့လိုပရဟိတသမားကို ခပ်ဝေးဝေးရှောင်ပေမယ့် ချစ်သူရဲ့ နားလည်မှုကြောင့် သူယုံကြည်ရာကို ဆက်လုပ်နိုင်ခဲ့သလို လုပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ဆိုရင်စိုးရွံ့ထိတ်လန့်သူတွေရှိကြပေမယ့် သူတို့ပရဟိတသမားတွေကတော့ စိုးရိမ်မှုကို ဘေးဖယ်ပြီး ပိုးတွေ့လူနာတွေ ထိစပ်လူနာတွေ သက်ဆိုင်ရာစင်တာတွေဆေးရုံတွေရောက်ဖို့ နေ့နေ့ညည ပို့ဆောင်ပေးနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားက စေတနာကိုအဓိကထား ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြတဲ့ ပရဟိတသမားတွေရဲ့ စွမ်းဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို နားလည်ပေးနိုင်ဖို့ မန္တလေး မြောက်ပြင်ပရဟိတမင်းခေါင်လူမှုရေးအသင်းက အသက်အငယ်ဆုံး ယာဉ်မောင်း ကိုကျော်ဖြိုးဝေရဲ့ တနေ့တာလုပ်ငန်းတွေကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပရဟိတနှလုံးသား #မန္တလေးမြောက်ပြင်…

Read More

ရွှေတိဂုံဘုရားပြန်လည်ဖူးမျှော်ခွင့်ရရင် စည်းကမ်းချက်တွေနဲ့ ဖူးမျှော်ခွင့်ပြုသွားမယ်

နိုဝင်ဘာ ၂၀-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့မှာရှိနေတဲ့ ရွှေတိဂုံဘုရားပြန်လည်ဖူးမျှော်ခွင့်ပြုရင် အရင်ကလို မနက် ၄ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပေးတော့မှာမဟုတ်တဲ့အပြင် ဘုရားဖူးလာသူတွေကို လူဦးရေအကန့်အသတ်နဲ့ဖူးမျှော်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါအပြင့် ဘုရားပေါ်တတ်သူတွေကိုလည်း မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ယူထားမှာဖြစ်ပြီး ဖုန်းနံပါတ်တွေလည်း ပေးခဲ့ရမှာဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ခုဖြစ်ပါ်လာပါက ချက်ချင်းဆက်သွယ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလိုပြုလုပ်တာဖြစ်တယ်လို့ ရွှေတိဂုံဘုရား ပြန်ကြားရေးတာဝန်ခံဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပြောပါတယ်။ ဘုရားပေါ်ကိုတတ်ရန်လည်း QR ကုတ်တွေကို အိမ်ကနေ ၂ ရက်လောက် ကြိုတင်ပြုလုပ်ရမှာဖြစ်ပြီး ခရီးသွားပြည်သူတွေအတွက်ကိုတော့ လျှောက်လွှာစာရွက်တွေနဲ့လျှောက်ပြီး ဖူးခွင့်ရမယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ရွှေတိဂုံဘုရား

Read More

Remdesivir ဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု မပြုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြု

ဂျီနီဗာ၊ နိုဝင်ဘာ-၂၀-၂၀၂၀ မျိုးဆက်(VOM) Remdesivir ဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသတာဟာ လူနာတွေရဲ့ အသက်ရှင်သန်နိုင်မှု အခွင့်အလမ်းအတွက် အရေးပါတဲ့ သက်ရောက်မှုမရှိတာကြောင့် ရောဂါဘယ်လောက်ပြင်းထန်နေပါစေ ကုသမှုမပြုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိရရှိတဲ့ အချက်အလက်တွေအရ အဲဒီဆေးနဲ့ ကုသရာမှာ ကိုဗစ်-၁၉ လူနာတွေအတွက် အရေးပါတဲ့ ရလဒ်ကောင်းထွက်ပေါ်ခြင်းမျိုးမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လမ်းညွှန်ချက် ထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံအချို့ကတော့ လူနာ အချိန်တိုအတွင်းရောဂါ သက်သာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ကနဦးသုတေသနရလဒ်များအရ Remdesivir ဆေးအသုံးပြုတာကို ယာယီခွင့်ပြုပေးထားပါတယ်။ အောက်တိုဘာလအတွင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကုသတဲ့ ဆေးဝါးတွေထဲမှာလည်း Remdesivir ပါဝင်နေပါတယ်။ Remdesivir ဆေးထုတ်လုပ်တဲ့ Gilead ကုမ္ပဏီကတော့အဆိုပါဆေးဟာ ၂၀၂၀ ခုနှစ် တတိယသုံးလပတ်မှာ ရောင်းအားမြင့်တက်ခဲ့ပြီး ဒေါ်လာသန်း ၉၀၀…

Read More

ရန်ကုန်ကနေပြန်လာတဲ့ (၆)ဘီးယာဉ်တစ်စီး အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်-၁၄၆ အနီးမှာ ဒီကနေ့မနက်၂ နာရီခွဲခန့်က ရန်ကုန်ကနေ ပြန်လာသူတွေလိုက်ပါလာတဲ့ ၆ ဘီးယာဉ်တစ်စင်းနဲ့ ၂၂ဘီးယာဉ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ လူ ၁၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗောဓိကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ စခန်းမှူး စန်းကိုကိုကပြောပါတယ်။ ” သူတို့အားလုံးက ဆေးစစ်ချက်အဖြေ နက်ဂတစ်တွေချည်းပါ။ နတ်မောက်ကိုပြန်မယ်လို့သိရပြီး ရန်ကုန်ရွှေပြည်သာဘက်ကနေ ပြန်လာတာပါ။ နာရေးတစ်ခုသွားတယ်လို့ သိရပေမယ့် ဘယ်သူတွေသွားတာလည်း မသိရဘူး”လို့ ဗောဓိကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ စခန်းမှူး စန်းကိုကိုကပြောပါတယ်။ အမြန်လမ်းအတိုင်း ရန်ကုန်ကနေ နေပြည်တော်ဘက်ကို ‌အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးကမောင်းလာပြီး အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၃ ဦး လိုက်ပါလာတဲ့ ဆိုးဂျမ်းအမျိုးအစား ၆ ဘီးယာဉ်ဟာ အမြန်လမ်း မိုင်တိုင်-၁၄၆ အနီး လမ်းဘေးရပ်နားနေတဲ့ ၂၂ဘီးတွဲ ကုန်တင်ယာဉ်ကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဇီးပင်သာအမြန်လမ်း…

Read More

UECရဲ့ ဘက်လိုက်ဆောင်ရွက်မှုတွေကို သမ္မတ ဖြေရှင်းပေးဖို့ တကိုယ်တော်ဆန္ဒပြ

နိုဝင်ဘာ ၂၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECရဲ့ ဘက်လိုက်ဆောင်ရွက်မှုတွေကို သမ္မတကနေ တာဝန်ယူဖြေရှင်းပေးဖို့ ဒီကနေ့နေ့လယ်ပိုင်းက တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ မတရားပြုကျင့်မှုကြောင့် တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်လာတဲ့အတွက် ဘက်လိုက်ဆုံးဖြတ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သမ္မတအနေနဲ့ တာဝန်ယူဖြေရှင်းပေးစေလိုတာကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်လို့ တကိုယ်တော်ဆန္ဒဖော်ထုတ်သူ မအေးသူဇာမြင့်က ပြောပါတယ်။ “ကျွန်မက ဘယ်ပါတီဝင်မှမဟုတ်ဘူး ပြည်သူတစ်ဦးပါ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ မတရားပြုကျင့်မှုကြောင့် ပါတီငယ်တွေဒုက္ခရောက်ရတယ်။ ဘယ်ပါတီတက်တက် အကုန်အားပေးတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရွေးကောက်ပွဲရလဒ်တော့ဖြစ်ချင်တယ်။ ဒါကြောင့် ဘက်လိုက်မှုတွေလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကြီးက အရေးယူပေးစေချင်တယ်”လို့ မအေးသူဇာမြင့်က ပြောပါတယ်။ ဆန္ဒထုတ်ဖော်သူ မအေးသူဇာမြင့်ဟာ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၁၈ရက်နေ့က ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့်ကို လာရောက်လျှောက်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ တကိုယ်တော်ဆန္ဒထုတ်ဖော်သူရဲ့ ဟောပြောပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၅၀ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။ အလားတူ ဒီကနေ့မနက်ပိုင်းက…

Read More
VOM News

FREE
VIEW