UECရဲ့ ဘက်လိုက်ဆောင်ရွက်မှုတွေကို သမ္မတ ဖြေရှင်းပေးဖို့ တကိုယ်တော်ဆန္ဒပြ

နိုဝင်ဘာ ၂၀-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECရဲ့ ဘက်လိုက်ဆောင်ရွက်မှုတွေကို သမ္မတကနေ တာဝန်ယူဖြေရှင်းပေးဖို့ ဒီကနေ့နေ့လယ်ပိုင်းက တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မတရားပြုကျင့်မှုကြောင့် တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်လာတဲ့အတွက် ဘက်လိုက်ဆုံးဖြတ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သမ္မတအနေနဲ့ တာဝန်ယူဖြေရှင်းပေးစေလိုတာကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်လို့ တကိုယ်တော်ဆန္ဒဖော်ထုတ်သူ မအေးသူဇာမြင့်က ပြောပါတယ်။

“ကျွန်မက ဘယ်ပါတီဝင်မှမဟုတ်ဘူး ပြည်သူတစ်ဦးပါ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ မတရားပြုကျင့်မှုကြောင့် ပါတီငယ်တွေဒုက္ခရောက်ရတယ်။ ဘယ်ပါတီတက်တက် အကုန်အားပေးတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရွေးကောက်ပွဲရလဒ်တော့ဖြစ်ချင်တယ်။ ဒါကြောင့် ဘက်လိုက်မှုတွေလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတကြီးက အရေးယူပေးစေချင်တယ်”လို့ မအေးသူဇာမြင့်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူ မအေးသူဇာမြင့်ဟာ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၁၈ရက်နေ့က ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့်ကို လာရောက်လျှောက်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

တကိုယ်တော်ဆန္ဒထုတ်ဖော်သူရဲ့ ဟောပြောပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၅၀ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။

အလားတူ ဒီကနေ့မနက်ပိုင်းက အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘောလုံးကွင်းမှာ အင်းစိန်၊ လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွေက လူအင်အား ၂၀၀ ခန့်ဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #တကိုယ်တော်ဆန္ဒထုတ်ဖော်

Related posts

Leave a Comment

VOM News

FREE
VIEW