ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲ သမာသမတ်မကျဘူးဆိုပြီး ပွင့်ဖြူမြို့မှာ ဆန္ဒပြခဲ့

နိုဝင်ဘာ ၂၂-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ဒီကနေ့မနက်ပိုင်းက ၂၀၂၀ ရွေးကောက်ပွဲဟာ သမာသမတ်ကျကျ မဟုတ်လို့ဆိုပြီး လူတချို့က လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

”ဘာလို့ အခုလိုတန်းစီလှည့်လည်သလဲဆိုရင် အခုလက်ရှိအနေအထားက အမှန်တရားကပျောက်ကွယ်နေတယ်၊ အဲ့ဒီအမှန်တရားပျောက်ကွယ်နေတာကို အမှန်တရားပေါ်အောင်ခုလိုလမ်းပေါ်ထွက်ပြီး တန်းစီခဲ့ရတာပါ၊ လူအင်းအားက တင်တာက၃၀ပါ၊ အပြင်ဝန်းရံအားတော့မသိပါဘူး၊ အမြင်ပါဘဲ”လို့ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာက ဦးကံအေးကပြောပါတယ်။

အခုလိုပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ငြိမ်းစုစီ ခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပြီး တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး ဒို့အရေး၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသော ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းရေး ဒို့အရေး၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ စတဲ့ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

”မဲမသမာမှုဆိုတာက အဘကိုယ်တိုင် မဲရုံထဲတိတိကျကျဝင်ရောက်ပြီး သတင်းယူတာမရှိတော့ ဘယ်လို မသမာလဲဆိုတာ မပြောနိုင်ပါဘူး၊ အဓိကတော့ မသမာမှုလို့ထင်ရတဲ့ ၁။ အချက်ကကြိုတင်မဲကိစ္စ၊ ပြီးတော မဲ၂ခါပေးတဲ့ကိစ ္စအဘကိုယ်တိုင်ကြားနေရတော့အဘကိုယ်တိုင်သိလားဆိုတော့ အဘကလည်း အသက်ကလည်းကြီးနေတော့ ထဲထဲဝင်ဝင်မသိပါဘူး၊ အဲ့ဒီအချိန်မှာစောင့်ကြည့်တာဝန်ယူထားရတဲ့အတွက် စောင့်ကြည့်ယုံကလွဲလို့ ဘာမှလုပ်လို့မရတဲ့ အနေအထားမှာရှိပါတယ်၊ မဲရုံကော်မရှင်ကိုယ်တိုင်မဲရုံထဲမှာ ဘယ်လိုလုပ်ပါ၊ ဘယ်လိုကိုင်ပါဆိုတဲ့ အမှုအရာမျိုးတွေ တွေ့ခဲ့ရပါတယ်”လို့ ဦးကံအေးကပြောပါတယ်။

ဆန္ဒပြတာနဲ့ပတ်သက်ပြီး ပွင့်ဖြူမြို့မရဲစခန်းက စခန်းမှူးမင်းဟန်ကို ဆက်သွယ်ရာမှာတော့ ”ငြိမ်းစုစီတင်ထားပါတယ်၊ စီတန်းလှည့်လည်ခွင့်လူဦးရေ(၂၉)ဦးတင်ထားတယ်၊ ဝန်းရံသူကတော့ ၄၀၊၅၀လောက်တော့ရှိမယ်ထင်ပါတယ်၊ ဦးဆောင်သူကတော့ကျော်သက်ကိုဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆန္ဒပြပွဲကို ပွင့်ဖြူမြို့နယ် သက်တော်ရှည်ဘုရားကြီးကွင်းမှာ စုရပ်လုပ်ပြီး အင်းအား၂၉ဦးနဲ့ စတင်ထွက်ခွာကာ ဗိုလ်ချုပ်လမ်း၊မြို့ပတ်လမ်း၊နတ်စင်လမ်းအတိုင်း‌
ကြွေးကြော်သံများအော်ပြီး သက်တော်ရှည်ဘုရားကြီးကွင်းမှာ ဆန္ဒပြပွဲကို ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပွင့်ဖြူ #ရွေးကောက်ပွဲ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW