လာမယ့် ၅နှစ်အစိုးရအတွက် အကြိုဟောကိန်းနဲ့ ယတြာ

နိုဝင်ဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း+နေလင်း ဓါတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း   ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ကာလထက် အနိုင်ပိုရပြီး တနိုင်ငံလုံးမှာ ၈၃ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရလို့ အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဆက်တိုက်အနိုင်ရတော့ အစိုးရအဖွဲ့ ကစားကွက်မှာ လူလဲပြီး ကစားကွက်တွေရွှေ့မလား ဘယ်သူတွေက တိုင်းပြည်ကံကြမ္မာကို ဖန်တီးခွင့်ရမလဲဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့အများပြည်သူအကြား စိတ်ဝင်စားမှုမြင့်တက်နေတာမို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဗီအိုအမ်က တိုက်ရိုက်စကားဝိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။   ကုန်တော့မယ့် ၅နှစ်နောက်ပိုင်းကာလမှာ  သမ္မတတာဝန်ထမ်းတဲ့ ဦးဝင်းမြင့်ကို ရွေးချယ်ခန့်မှန်းသူကတော့  နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ တပ်မတော်အရာရှိဟောင်းဒေါက်တာအောင်မျိုးပါ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုနဲ့ အမိန့်နာခံမှုတွေကြောင့်  သမ္မတနေရာကို ယခုလက်ရှိသမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကိုပဲ ဆက်လက်တာဝန်ပေးနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ သမ္မတနေရာအပြောင်းအလဲဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ယုံကြည်အနေနဲ့ သူယုံကြည်ပြီး အချိန်တော်တော်ကြာ အလုပ်အတူလုပ်ခဲ့တဲ့သူတဦး သမ္မတဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြီး ဥပမာအားဖြင့်…

Read More

ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲ သမာသမတ်မကျဘူးဆိုပြီး ပွင့်ဖြူမြို့မှာ ဆန္ဒပြခဲ့

နိုဝင်ဘာ ၂၂-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ဒီကနေ့မနက်ပိုင်းက ၂၀၂၀ ရွေးကောက်ပွဲဟာ သမာသမတ်ကျကျ မဟုတ်လို့ဆိုပြီး လူတချို့က လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ ”ဘာလို့ အခုလိုတန်းစီလှည့်လည်သလဲဆိုရင် အခုလက်ရှိအနေအထားက အမှန်တရားကပျောက်ကွယ်နေတယ်၊ အဲ့ဒီအမှန်တရားပျောက်ကွယ်နေတာကို အမှန်တရားပေါ်အောင်ခုလိုလမ်းပေါ်ထွက်ပြီး တန်းစီခဲ့ရတာပါ၊ လူအင်းအားက တင်တာက၃၀ပါ၊ အပြင်ဝန်းရံအားတော့မသိပါဘူး၊ အမြင်ပါဘဲ”လို့ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာက ဦးကံအေးကပြောပါတယ်။ အခုလိုပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ငြိမ်းစုစီ ခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပြီး တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး ဒို့အရေး၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသော ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းရေး ဒို့အရေး၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ စတဲ့ကြွေးကြော်သံများဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ”မဲမသမာမှုဆိုတာက အဘကိုယ်တိုင် မဲရုံထဲတိတိကျကျဝင်ရောက်ပြီး သတင်းယူတာမရှိတော့ ဘယ်လို မသမာလဲဆိုတာ မပြောနိုင်ပါဘူး၊ အဓိကတော့ မသမာမှုလို့ထင်ရတဲ့ ၁။ အချက်ကကြိုတင်မဲကိစ္စ၊ ပြီးတော မဲ၂ခါပေးတဲ့ကိစ ္စအဘကိုယ်တိုင်ကြားနေရတော့အဘကိုယ်တိုင်သိလားဆိုတော့ အဘကလည်း အသက်ကလည်းကြီးနေတော့…

Read More

ထိုင်းပွဲစားကတစ်ဆင့် ဖူးခက်သွားဖို့ကြိုးစားတဲ့ မြန်မာလုပ်သား ၁၂ ဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ နိုဝင်ဘာ ၂၂-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသာ ၁၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး သူတို့ဟာ ဖူးခက်မှာ အလုပ်ရဖို့နဲ့ ထိုင်းနိုင်ငံအတွင်းရောက်ရှိဖို့ ထိုင်းပွဲစားကို ဘတ် ၆၅၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းစစ်သားတွေ၊ နယ်စပ်မှာကင်းလှည့်တဲ့ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေဟာ Muang ခရိုင်မှာရှိတဲ့ Tabaek ကတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်လာတဲ့ အဖွဲ့တစ်ဖွဲ့ကို နိုဝင်ဘာ ၂၁ ရက်က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကို လိုက်ခံဖမ်းဆီးခဲ့ရာမှာတော့ ရာဘာတောထဲကို ထွက်ပြေးခဲ့ပြီး များမကြာခင်မှာဘဲ အားလုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ သူတို့ဟာ မြန်မာလူမျိုးတစ်ဦးမှတစ်ဆင့် ထိုင်းပွဲစားတစ်ဦးကို အလုပ်ရရှိရေးအတွက် ဘတ် ၆၅၀၀ စီပေးခဲ့ရတယ်လို့ မြန်မာလုပ်သားတွေက ထွက်ဆိုခဲ့ကြပါတယ်။ ထိုင်းပွဲစားဟာ သူတို့ကို ကားတစ်စီးနဲ့ လာခေါ်ပြီး ဖူးခက်မှာရှိတဲ့…

Read More

ကောလင်းမြို့နယ် စည်ပင်သာယာဥက္ကဋ္ဌကို မူးယစ်မှုနဲ့ဖမ်း

နိုဝင်ဘာ ၂၂-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်မှာနေထိုင်တဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌရဲ့ နေအိမ်ကို ဒီကနေ့မနက်ပိုင်းက မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့နဲ့ အရပ်ဖက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ဝင်ရောက်ရှာဖွေပြီး စည်ပင်သာယာဥက္ကဋ္ဌကို ဖမ်းဆီးခဲ့တယ်လို့ ဈေးတန်းဗိုလ်တဲရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ” မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့တာပါ ဘိန်းရှူရာမှာ အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ ခပ်ပုံ ၁ ထုပ်နဲ့ မုန့်ပုံးထဲ ဘိန်းမဲ တချို့တွေ့ရတယ်၊ ပမာဏကတော့ စီစစ်နေတယ် “လို့ ဖမ်းဆီးရာမှာ လိုက်ပါသွားတဲ့ ခုနှစ်စင်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်ပြောပြတာကတော့”စည်ပင်ဥက္ကဋ္ဌ ဦးမင်းညီ ဖြစ်တယ်၊ အဲ့ဒါလောက်ပဲပြောလို့ရမယ်၊ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တာမို့ အခြားအချက်အလက်တွေ ပြောလို့ မဖြစ်သေးဘူး”လို့ ဖြစ်ပါတယ်။ နေအိမ်ထဲက ဘိန်းမဲတချို့နဲ့ ဘိန်းရှူဖို့ အသင့်ပြင်ဆင်ထားတဲ့ပစ္စည်းတွေ…

Read More

ရွှေတိဂုံဘုရားစောင်းတန်းပိတ်ထားတာ အချိန်ကြာပြီဖြစ်တဲ့အတွက် အမှီပြုလုပ်နေကြရတဲ့ ဈေးသည်အချို့ အခက်အခဲတွေဖြစ်နေ

နိုဝင်ဘာ ၂၂-၂၀၂၀ ယဉ်ပပထွန်း(VOM) ရွှေတိဂုံဘုရားစောင်းတန်းဟာ ဧပြီလ ၁၀ ရက်က စပြီးတော့ လက်ရှိအချိန်ထိ ပိတ်ထားတာကြောင့် အဲ့ဒီစောင်းတန်းကြီးကို အမှီသဟဲပြုနေတဲ့ ဈေးရောင်းချသူတွေ ၊ ဝန်ထမ်းတွေ စတဲ့သူတွေက လက်ရှိအချိန် စောင်းတန်းကြီး မဖွင့်သေးတဲ့အခါ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေရပါတယ်လို့ စောင်းတန်းမှာလုပ်ကိုင်နေကြတဲ့သူတွေက ပြောပါတယ်။ ရွှေတိဂုံဘုရားမှာရှိနေတဲ့ စောင်းတန်းတွေဟာ ကန်ထရိုက်ဆွဲထားတာဖြစ်တဲ့အတွက် ကန်ထရိုက်ဆွဲသူတွေ အဆင်ပြေဖို့နဲ့ အရူံးမရှိဖို့ ပိတ်ထားတဲ့ရက်အတိုင်း ဆိုင်ခန်းတွေကို သက်တမ်းတိုးပေးသွားမှာဖြစ်တယ်လို့လည်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ကပြောပါတယ်။ ” ပုံမှန်ဆိုရင် ဇန်နဝါရီ ၁ ရက်ကနေစပြီးတော့ ကန်ထရိုက်အသစ်နဲ့သွားတယ်၊ နိုဝင်ဘာဆိုရင် တင်ဒါခေါ်တယ်။ သူတို့ကို ပိတ်ထားတာက ဧပြီလ ၁၀ ရက်နေ့ကတည်းကပိတ်ထားတာ အခု ၇ လ ကျော် ၈ လထဲရောက်နေပြီ။ ကန်ထရိုက်ကိုလည်း ကျွန်တော်တို့ဘက်က စဉ်းစားထားတာ ရှိပါတယ်။ သူတို့…

Read More

Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေး ၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာအကြား ကျသင့်မယ်

ဖရန့်ဖတ်၊ နိုဝင်ဘာ-၂၂-၂၀၂၀ မျိုးဆက် (VOM) Moderna ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစိုးရဈေးနဲ့ ဝယ်ယူပါက မှာယူတဲ့ပမာဏအပေါ်မူတည်ပြီး ၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာအကြား ကျသင့်မယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် စတီဖင်ဘန်ဆဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မိမိတို့ ကာကွယ်ဆေးရဲ့ ကုန်ကျစရိတ်ဟာ ၁၀ဒေါ်လာမှ ဒေါ်လာ ၅၀ အကြား ကျသင့်တဲ့ တုပ်ကွေးရောဂါပျောက်ဆေးနဲ့ ဈေးအတူတူဖြစ်တယ်လို့ သူကပြောပါတယ်။ ဥရောပကော်မရှင်ကတော့ ဆေးတစ်လုံးကို ၂၅ ဒေါ်လာအောက်နဲ့ ကာကွယ်ဆေးသန်းပေါင်းများစွာ ထောက်ပံ့ပေးရေးအတွက် Moderna နဲ့ သဘောတူညီချက်တစ်ရပ်ရဖို့ ဆန္ဒရှိနေတယ်လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ အီးယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သဘောတူညီမှုကို လက်မှတ်မထိုးရသေးပေမယ့် ဥရောပကော်မရှင်နဲ့ သဘောတူညီချက်ရဖို့နီးစပ်နေကြောင်း၊ မိမိတို့အနေနဲ့ ဥရောပကို ကာကွယ်ဆေးတွေ တင်ပို့လိုပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် စတီဖင်ဘန်ဆဲလ်ကပြောပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံးအဆင့်စမ်းသပ်ချက်တွေအရ ကာကွယ်ဆေးဟာ…

Read More

NLDကို ထောက်ခံမဲထည့်ဖို့ ပိုက်ဆံ ၅ ထောင်ပေးပြီး မဲဆွယ်ခဲ့သူကို ပြည်ခိုင်ဖြိုး ပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၂-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်မှာနေတဲ့ NLDပါတီဝင် တစ်ယောက်ဟာ လေရှီးမြို့နယ်၊ ဖွန်သရက်ကျေးရွာမှာနေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးရဲ့နေအိမ်ကို ရောက်လာပြီး ငွေကျပ် ၅ထောင်ပေးကာ မဲဆွယ်ခဲ့တဲ့အတွက် မဲဆွယ်သူ NLDပါတီဝင်ကို ပြည်ခိုင်ဖြိုးပါတီက မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ” ဟုမ္မလင်း နောင်ပကျစ်က ဦးဖီလောဆိုသူဟာ နိုဝင်ဘာ ၈ ရက် မနက်က ဖွန်သရက်ကျေးရွာက ဦးလှကျော်ရဲ့အိမ်ကိုရောက်လာပြီး ပိုက်ဆံ ၅ ထောင်ပေးလို့ NLDပါတီကို ထောက်ခံမဲထည့်ပေးဖို့ မဲဆွယ်ခဲ့တာဖြစ်တယ်၊ အဲ့ဒါကြောင့် NLDပါတီကို မဲထည့်စေဖို့ရည်ရွယ်ပြီး ငွေကြေးနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ အမှုဖွင့်တာဖြစ်တယ်”လို့ လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ အဲ့ဒါကြောင့် ပိုက်ဆံ ၅ ထောင်ပေးပြီး NLDပါတီကို ထောက်ခံမဲပေးဖို့ မဲဆွယ်စည်းရုံးခဲ့သူ ဦးဖီလောကို လေရှီးမြို့နယ်…

Read More

ဆေးလိပ်အကြွေးမရောင်းလို့ ဓားနဲ့ဝင်ထိုး လူတစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရ

နိုဝင်ဘာ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာမှာ မနေ့ နိုဝင်ဘာလ ၂၁ရက်ညပိုင်းက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသားက ဆေးလိပ်ကြွေးမရောင်းတဲ့အတွက် ဈေးဝယ်လာသူက ရန်ရှာပြီး ဝင်တားခဲ့သူတွေကိုပါ ဓားနဲ့ထိုးတာကြောင့် အသက် ၄၇နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်မရောမြို့ မရဲစခန်းကနေ သိရပါတယ်။ ” ဈေးဝယ်က ဆေးလိပ်အကြွေးဝယ်တာ မရောင်းလို့ဆိုပြီး ပြဿနာရှာနေတာကို ဘေးမှာရှိတဲ့ ညီဖြစ်သူက ဝင်တားတာကို ဓါးနဲ့ထိုးတော့ မိသားစုက ဝင်တားချိန် မိသားစုဝင်နှစ်ဦးကို ဆင့်ထိုးပြီးထွက်ပြေးသွားတာပါ။‌ ဆေးလိပ်အကြွေးမရောင်းလို့ ဓါးနဲ့ထိုးတဲ့တရား ခံကို ဖမ်းဆီးထားပါပြီ”လို့ ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ဓါးနဲ့ထိုးခံရတဲ့ အသက် ၄၇နှစ်အရွယ် အမျိုးသား နဲ့ မိသားစုဝင်တွေဖြစ်သူ ၂ဦးကို မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရပြီး ညပိုင်းမှာပဲ အသက် ၄၇နှစ်အရွယ်အမျိုးသားဟာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၄၀နှစ်အရွယ်…

Read More

မန်းအစိုးရအဖွဲ့က ရှမ်းဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရပေမယ့် ကျန်ဝန်ကြီးတွေမှာပိုးမတွေ့

မန္တလေး၊ နိုဝင်ဘာ- ၂၂- ၂၀၂၀ ရှိုင်းအောင်(VOM)   နိုဝင်ဘာ ၂၁ရက်နေ့က ကိုဗစ်ရောဂါပိုး  စစ်ဆေးကြည့်ရာကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရတာကြောင့် မန္တလေးမြို့က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။     VOM- ဝန်ကြီးခင်ဗျ လက်ရှိဘယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါသလဲ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ ထိတွေဆက်စပ်မှုတွေရော ရှိခဲ့ပါသလား ဝန်ကြီးခင်ဗျ။   ဦးစိုင်းပန်းဆိုင်- ကျန်းမာရေးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ လောလောဆယ်တော့ ဧရာဝတီစင်တာမှာပေါ့ အဲ့ဒါကတော့ ဘယ်ကနေလာလည်းဆိုတာတော့ သေချာမသိရသေးဘူး ထိတွေ့မှုကတော့ မိသားစုလောက်ပါပဲဗျ။ ကျနော်လည်း ဆင်ဆင်ခြင်ခြင်သွားလာနေတာပဲ ပိုးရဲ့ အနေအထားကလည်း ခုနပြောသလို ကိုယ်နိုင်ငံထက် အနေအထိုင်ဆင်ခြင်တဲ့ နိုင်ငံတွေတောင် ကူးဆက်မှုနှုန်းက အံ့ခမန်း နီးနီးလောက်ရှိတာကို ဒါကတော့ ဆင်းရဲချမ်းသာမရွေး ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပေါ့။  …

Read More

မဲလက်မှတ်တွေ ပိုထည့်ထားခဲ့တယ်ဆိုပြီး မဲရုံမှူးနဲ့အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၂-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ ဟိန်ကွက်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာက မဲရုံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးတဲ့သူ အရေအတွက်ထက်ကျော်လွန်ပြီး ပိုလျှံ မဲလက်မှတ်တွေ ပါဝင်နေတာကို ပြည်ခိုင်ဖြိုးပါတီက စီစစ်တွေ့ရှိရလို့ မဲရုံမှူးနဲ့အဖွဲ့ကို စုံစမ်းစစ်ဆေးပေးဖို့အတွက် မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီကနေ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ” နိုဝင်ဘာ ၈ ရက်နေ့က အဲ့ဒီမဲရုံမှာ ကြိုတင်မဲအပါအဝင် ဆန္ဒမဲပေးခဲ့သူက ၃၃ ယောက်ပဲရှိတယ်။ လေရှီးမြို့နယ်ကော်မရှင်ရုံးမှာ အဲ့ဒီမဲစာရင်းက ၃၉ မဲဖြစ်နေတယ်၊ ၆ မဲက ပိုလျှံမဲဖြစ်နေတာကို စီစစ်တွေ့ရှိရတယ်၊ ဒါဟာ မသမာတဲ့နည်းလမ်းနဲ့ ကိုယ်စားပြုထည့်ထားတဲ့ မဲဆိုတာ ထင်ရှာနေတာမို့ အမှုဖွင့်ခဲ့တာဖြစ်တယ်”လို့ လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ယာက်က ပြောပါတယ်။ အဲ့ဒါကြောင့် ရေကျော်ကျေးရွာက မဲရုံမှုး ဒေါ်ဟောလိနဲ့ အဖွဲ့ဝင်တွေကို…

Read More
VOM News

FREE
VIEW