ဆေးလိပ်အကြွေးမရောင်းလို့ ဓားနဲ့ဝင်ထိုး လူတစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရ

နိုဝင်ဘာ၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာမှာ မနေ့ နိုဝင်ဘာလ ၂၁ရက်ညပိုင်းက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသားက ဆေးလိပ်ကြွေးမရောင်းတဲ့အတွက် ဈေးဝယ်လာသူက ရန်ရှာပြီး ဝင်တားခဲ့သူတွေကိုပါ ဓားနဲ့ထိုးတာကြောင့် အသက် ၄၇နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်မရောမြို့ မရဲစခန်းကနေ သိရပါတယ်။

” ဈေးဝယ်က ဆေးလိပ်အကြွေးဝယ်တာ မရောင်းလို့ဆိုပြီး ပြဿနာရှာနေတာကို ဘေးမှာရှိတဲ့ ညီဖြစ်သူက ဝင်တားတာကို ဓါးနဲ့ထိုးတော့ မိသားစုက ဝင်တားချိန် မိသားစုဝင်နှစ်ဦးကို ဆင့်ထိုးပြီးထွက်ပြေးသွားတာပါ။‌ ဆေးလိပ်အကြွေးမရောင်းလို့ ဓါးနဲ့ထိုးတဲ့တရား
ခံကို ဖမ်းဆီးထားပါပြီ”လို့ ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဓါးနဲ့ထိုးခံရတဲ့ အသက် ၄၇နှစ်အရွယ် အမျိုးသား နဲ့ မိသားစုဝင်တွေဖြစ်သူ ၂ဦးကို မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရပြီး ညပိုင်းမှာပဲ အသက် ၄၇နှစ်အရွယ်အမျိုးသားဟာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၄၀နှစ်အရွယ် အမျိုးသားကို ကျေးရွာစာသင်ကျောင်းနားမှာပဲ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ အသက် ၄၀နှစ်အရွယ် အမျိုးသားကို ကျိုက်မရောမြို့မရဲစခန်းမှ (ပ)၅၇၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၂၆ (လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှု)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voceofmyanmar #VOM #ကျိုက်မရော #ဆေးလိမ်အကြွေးမရောင်းလို့ #ဓါးနဲ့ထိုး

Related posts

Leave a Comment

VOM News

FREE
VIEW