ကောလင်းမြို့နယ် စည်ပင်သာယာဥက္ကဋ္ဌကို မူးယစ်မှုနဲ့ဖမ်း

နိုဝင်ဘာ ၂၂-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်မှာနေထိုင်တဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌရဲ့ နေအိမ်ကို ဒီကနေ့မနက်ပိုင်းက မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့နဲ့ အရပ်ဖက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ဝင်ရောက်ရှာဖွေပြီး စည်ပင်သာယာဥက္ကဋ္ဌကို ဖမ်းဆီးခဲ့တယ်လို့ ဈေးတန်းဗိုလ်တဲရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

” မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေခဲ့တာပါ ဘိန်းရှူရာမှာ အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ ခပ်ပုံ ၁ ထုပ်နဲ့ မုန့်ပုံးထဲ ဘိန်းမဲ တချို့တွေ့ရတယ်၊ ပမာဏကတော့ စီစစ်နေတယ် “လို့ ဖမ်းဆီးရာမှာ လိုက်ပါသွားတဲ့ ခုနှစ်စင်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်ပြောပြတာကတော့”စည်ပင်ဥက္ကဋ္ဌ ဦးမင်းညီ ဖြစ်တယ်၊ အဲ့ဒါလောက်ပဲပြောလို့ရမယ်၊ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တာမို့ အခြားအချက်အလက်တွေ ပြောလို့ မဖြစ်သေးဘူး”လို့ ဖြစ်ပါတယ်။

နေအိမ်ထဲက ဘိန်းမဲတချို့နဲ့ ဘိန်းရှူဖို့ အသင့်ပြင်ဆင်ထားတဲ့ပစ္စည်းတွေ တွေ့ရှိလို့ အိမ်ရှင်ဖြစ်သူ စည်ပင်သာယာဥက္ကဋ္ဌကိုတော့ လက်တလော ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း #မြို့နယ်စည်ပင်ဥက္ကဋ္ဌနေအိမ် #ဘိန်းမဲတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW