ရွှေတိဂုံဘုရားစောင်းတန်းပိတ်ထားတာ အချိန်ကြာပြီဖြစ်တဲ့အတွက် အမှီပြုလုပ်နေကြရတဲ့ ဈေးသည်အချို့ အခက်အခဲတွေဖြစ်နေ

နိုဝင်ဘာ ၂၂-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရွှေတိဂုံဘုရားစောင်းတန်းဟာ ဧပြီလ ၁၀ ရက်က စပြီးတော့ လက်ရှိအချိန်ထိ ပိတ်ထားတာကြောင့် အဲ့ဒီစောင်းတန်းကြီးကို အမှီသဟဲပြုနေတဲ့ ဈေးရောင်းချသူတွေ ၊ ဝန်ထမ်းတွေ စတဲ့သူတွေက လက်ရှိအချိန် စောင်းတန်းကြီး မဖွင့်သေးတဲ့အခါ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေရပါတယ်လို့ စောင်းတန်းမှာလုပ်ကိုင်နေကြတဲ့သူတွေက ပြောပါတယ်။

ရွှေတိဂုံဘုရားမှာရှိနေတဲ့ စောင်းတန်းတွေဟာ ကန်ထရိုက်ဆွဲထားတာဖြစ်တဲ့အတွက် ကန်ထရိုက်ဆွဲသူတွေ အဆင်ပြေဖို့နဲ့ အရူံးမရှိဖို့ ပိတ်ထားတဲ့ရက်အတိုင်း ဆိုင်ခန်းတွေကို သက်တမ်းတိုးပေးသွားမှာဖြစ်တယ်လို့လည်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ကပြောပါတယ်။

” ပုံမှန်ဆိုရင် ဇန်နဝါရီ ၁ ရက်ကနေစပြီးတော့ ကန်ထရိုက်အသစ်နဲ့သွားတယ်၊ နိုဝင်ဘာဆိုရင် တင်ဒါခေါ်တယ်။ သူတို့ကို ပိတ်ထားတာက ဧပြီလ ၁၀ ရက်နေ့ကတည်းကပိတ်ထားတာ အခု ၇ လ ကျော် ၈ လထဲရောက်နေပြီ။ ကန်ထရိုက်ကိုလည်း ကျွန်တော်တို့ဘက်က စဉ်းစားထားတာ ရှိပါတယ်။ သူတို့ ပိတ်ထားသလောက်ကို ကျွန်တော်တို့ ထပ်တိုးပေးရမှာပါ ။ သူတို့တွေ နစ်နာမှု မရှိအောင် လို့ ။ သူတို့လည်း တော်တော်လေးအဆင်မပြေကြဘူးဆိုတော့ ပိတ်ထားတဲ့အတိုင်း ဟိုဘက်ကို သက်တမ်း ထပ်တိုးပေးသွားမှာပါ”လို့ ဦးသန်းဇော်ကပြောပါတယ်။

အခုလက်ရှိ အခက်အခဲဆုံးအရာဟာ အိမ်လခပေးဖို့ အခက်အခဲများစွာကြုံနေရတဲ့အတွက် စည်းကမ်းချက်တွေနဲ့အညီ စောင်းတန်းကြီးကို ပြန်လည်ဖွင့်စေချင်တယ်လို့လည်း သိရပါတယ် ။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေတိဂုံ

Related posts

Leave a Comment

VOM News

FREE
VIEW