ထိုင်းပွဲစားကတစ်ဆင့် ဖူးခက်သွားဖို့ကြိုးစားတဲ့ မြန်မာလုပ်သား ၁၂ ဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ နိုဝင်ဘာ ၂၂-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသာ ၁၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး သူတို့ဟာ ဖူးခက်မှာ အလုပ်ရဖို့နဲ့ ထိုင်းနိုင်ငံအတွင်းရောက်ရှိဖို့ ထိုင်းပွဲစားကို ဘတ် ၆၅၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်သားတွေ၊ နယ်စပ်မှာကင်းလှည့်တဲ့ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေဟာ Muang ခရိုင်မှာရှိတဲ့ Tabaek ကတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်လာတဲ့ အဖွဲ့တစ်ဖွဲ့ကို နိုဝင်ဘာ ၂၁ ရက်က တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့ကို လိုက်ခံဖမ်းဆီးခဲ့ရာမှာတော့ ရာဘာတောထဲကို ထွက်ပြေးခဲ့ပြီး များမကြာခင်မှာဘဲ အားလုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သူတို့ဟာ မြန်မာလူမျိုးတစ်ဦးမှတစ်ဆင့် ထိုင်းပွဲစားတစ်ဦးကို အလုပ်ရရှိရေးအတွက် ဘတ် ၆၅၀၀ စီပေးခဲ့ရတယ်လို့ မြန်မာလုပ်သားတွေက ထွက်ဆိုခဲ့ကြပါတယ်။

ထိုင်းပွဲစားဟာ သူတို့ကို ကားတစ်စီးနဲ့ လာခေါ်ပြီး ဖူးခက်မှာရှိတဲ့ ထိုင်းအလုပ်ရှင်တစ်ဦးထံကို ပို့ပေးမယ်လို့ ကတိပေးခဲ့ကြောင်း မြန်မာလုပ်သားတွေက ပြောဆိုပါတယ်။

Ref : Bangkokpost
Photo: Chaiyot Satyaem
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

✕
VOM News

FREE
VIEW