မန်းအစိုးရအဖွဲ့က ရှမ်းဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရပေမယ့် ကျန်ဝန်ကြီးတွေမှာပိုးမတွေ့

မန္တလေး၊ နိုဝင်ဘာ- ၂၂- ၂၀၂၀

ရှိုင်းအောင်(VOM)

 

နိုဝင်ဘာ ၂၁ရက်နေ့က ကိုဗစ်ရောဂါပိုး  စစ်ဆေးကြည့်ရာကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရတာကြောင့် မန္တလေးမြို့က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

VOM- ဝန်ကြီးခင်ဗျ လက်ရှိဘယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါသလဲ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ ထိတွေဆက်စပ်မှုတွေရော ရှိခဲ့ပါသလား ဝန်ကြီးခင်ဗျ။

 

ဦးစိုင်းပန်းဆိုင်- ကျန်းမာရေးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ လောလောဆယ်တော့ ဧရာဝတီစင်တာမှာပေါ့ အဲ့ဒါကတော့ ဘယ်ကနေလာလည်းဆိုတာတော့ သေချာမသိရသေးဘူး ထိတွေ့မှုကတော့ မိသားစုလောက်ပါပဲဗျ။ ကျနော်လည်း ဆင်ဆင်ခြင်ခြင်သွားလာနေတာပဲ ပိုးရဲ့ အနေအထားကလည်း ခုနပြောသလို ကိုယ်နိုင်ငံထက် အနေအထိုင်ဆင်ခြင်တဲ့ နိုင်ငံတွေတောင် ကူးဆက်မှုနှုန်းက အံ့ခမန်း နီးနီးလောက်ရှိတာကို ဒါကတော့ ဆင်းရဲချမ်းသာမရွေး ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပေါ့။

 

 

VOM- ဝန်ကြီး မကြာခင်ရက်ပိုင်းက တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတော်တော်များများ ဓာတ်ခွဲခန်းဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ အခါမှာ ထိတွေ့ဆက်စပ်မှုတွေရှိခဲ့တော့ ကျန်းမာရေးအရ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။

 

ဦးစိုင်းပန်းဆိုင်- အကုန်လုံးတော့ စစ်ပြီးပြီ၊ အကုန်လုံး Negative ထွက်တယ်လို့တော့ ပြောတယ်။

 

VOM- လက်ရှိ ဝန်ကြီး ထမ်းဆောင်နေတဲ့ တာဝန်တွေကို ဆက်လက်ဆောင်ရွက်ဖို့ ဘယ်လိုစီစဉ်ထားပါသလဲ။

 

လောလောဆယ်တော့ သိပ် Heavy တော့ မရှိသေးပါဘူး၊ လောလောဆယ်တော့ ရွေးကောက်ပွဲလည်းပြီးတာမကြာသေးတော့ရွေးကောက်ပွဲကိစ္စနဲ့ ဟိုကိစ္စ ဒီကိစ္စလေးတွေ လုပ်နေကြတာပဲရှိသေးတယ်။ ရုံးပိုင်းကတော့ ဒီမလာခင်မှာ ပုံမှန်တော့ တက်ပါတယ်။

 

VOM- ဝန်ကြီးအနေနဲ့ မန္တလေးတိုင်း ကိုဗစ်ကာကွယ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီ သတင်းပြန်ကြားတဲ့ တာဝန်ကိုယူထားတာဆိုတော့ ပြည်သူလူထုကို ဘာများပန်ကြားချင်ပါသလဲ။

 

အားလုံး ကျန်းမာရေးဝန်ကြီးဌာနက သက်မှတ်ထားတဲ့ စံနှုန်းအတိုင်း တသွေမတိမ်း လိုက်နာဖို့လိုတယ်။ ဒါကတော့ ခုနပြောသလို မမြင်နိုင်တဲ့အရာပဲ ဟုတ်တယ်မဟုတ်လား။ ဘယ်သူက ရှိတယ်၊ ဘယ်သူက မရှိဘူးလို့ ကံသေ ကံမ ပြောလို့မရဘူးလေ၊အဓိကကတော့ သတိဝီရိယနဲ့ သွားလာကျဖို့ ပြောချင်ပါတယ်။ အခုလည်း နိုင်ငံတော်ကနေ ပန်ကြားထားကိုလည်း ပိုပြီးတော့ဂရုစိုက်သင့်တာပေါ့နော် ဘာပဲပြောပြော ၂ ပတ်ပါဘဲ ၂ ပတ် အတောအတွင်းမှာပဲ အသေအချာလေး နေထိုင်စားသောက်မယ်ဆိုရင်တော့  ကိုယ့်အတွက်လည်းကောင်းမယ် သူများအတွက်လည်းကောင်းတာပေါ့နော်။

 

VOM- ရွေးကောက်ပွဲ အပြီးမှာရော ကိုဗစ် ကူးဆက်ပြန့်ပွားမှုနှုန်းက ဘယ်လောက်ထိ မြင့်တက်လာပါသလဲ။

 

ဦးစိုင်းပန်းဆိုင်- လူစုလူဝေးဆိုတာကလည်း ခုနပြောသလို သူ့သဘောနဲ့သူ အောင်ပွဲခံတဲ့ အစုအဖွဲ့လေးတွေ အနေနဲ့ သူတို့လည်းစုပြီးမှ စားတာ၊ သောက်တာ လေးတွေနည်းနည်းပါးပါးရှိတာဆိုတော့ ခါတိုင်းထက်စာရင် လူစုလူဝေးကြောင့် နည်းနည်းပါးပါးတော့ တက်လာတာပေါ့နော်။ ကျနော်တို့ကလည်း လူစုလူဝေး ထပ်မလုပ်ဖို့ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထားပြီးသားပါ၊ အမှန်က ဒါက သဘောတရားအရအဆန်းတော့ မဟုတ်ပါဘူးပေါ့  လူတွေကလည်း မဖြစ်ဘူးတော့လည်း မဖြစ်သလို၊ ဖြစ်ခါမှလည်း ဖြစ်သလိုနေကြတော့ နည်းနည်းတော့ ဆင်ခြင်ဖို့ လိုတယ်ပေါ့နော်။

 

 

ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ဟာ မန္တလေးမြို့ ၃၅ လမ်း၊ ၆၅ x ၆၆ လမ်းကြားမှာရှိတဲ့ PUBLIC HEALTH LABORATORY နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းဖွင့်ပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ အတူ နိုဝင်ဘာလ ၂၀ ရက်နေ့က တက်ရောက်ခဲ့ပြီးနောက်ပိုင်းမှာ နိုဝင်ဘာ ၂၁ နေ့က ကိုဗစ်ရောဂါစစ်ဆေးကြည့်တဲ့အခါမှာ ရေးဂါပိုးတွေ့ရှိခဲ့တာကြောင့် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားဝင်းအတွင်းက ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။

 

အဲ့ဒီ ဓာတ်ခွဲခန်းအသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဦးစိုင်းပန်းဆိုင် ကိုဗစ်ရောဂါ ကူးဆက်ခံရပြီးတဲ့အချိန်မှာ ရောဂါပိုးလက္ခဏာရှိမရှိကို စစ်ဆေးခဲ့ရာမှာ ကျန်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

 

မန္တလေးတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၄၀၀၈ ဦးရှိပြီး သေဆုံးသူ ၂၁ ယောက် ရှိနေပါတယ်။ လတ်တလောမန္တလေးမြို့ပေါ်မှာလည်း ကိုဗစ်ပိုးတွေ့သူများနေတာမှာ လူဦးရေ ၃၀၇၆ ဦး ကိုဗစ်ပိုးတွေ့ရှိထားပါတယ်။

 

#VOM #voiceofmyanmar #COVID-19 #မန္တလေးတိုင်းအစိုးရအဖွဲ့

zawgy

မန္းအစိုးရအဖြဲ႕က ရွမ္ဝန္ႀကီး ကိုဗစ္ေရာဂါ ကူးစက္ခံရေပမယ့္ က်န္ဝန္ႀကီးေတြမွာပိုးမေတြ႕

မႏၲေလး၊ ႏိုဝင္ဘာ- ၂၂- ၂၀၂၀
ရႈိင္းေအာင္(VOM)

ႏိုဝင္ဘာ ၂၁ရက္ေန႔က ကိုဗစ္ေရာဂါပိုး စစ္ေဆးၾကည့္ရာကေန ကိုဗစ္ေရာဂါပိုး ေတြ႕ရွိခဲ့ရတာေၾကာင့္ မႏၲေလးၿမိဳ႕က ဧရာဝတီစင္တာမွာ ေဆးကုသမႈခံယူေနတဲ့ မႏၲေလးတိုင္း အစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

VOM- ဝန္ႀကီးခင္ဗ် လက္ရွိဘယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနပါသလဲ က်န္းမာေရးအေျခအေနေရာ ေကာင္းရဲ႕လား၊ ထိေတြဆက္စပ္မႈေတြေရာ ရွိခဲ့ပါသလား ဝန္ႀကီးခင္ဗ်။

ဦးစိုင္းပန္းဆိုင္- က်န္းမာေရးအေျခအေနကေတာ့ ေအးေအးေဆးေဆးပါပဲ။ ေလာေလာဆယ္ေတာ့ ဧရာဝတီစင္တာမွာေပါ့ အဲ့ဒါကေတာ့ ဘယ္ကေနလာလည္းဆိုတာေတာ့ ေသခ်ာမသိရေသးဘူး ထိေတြ႕မႈကေတာ့ မိသားစုေလာက္ပါပဲဗ်။ က်ေနာ္လည္း ဆင္ဆင္ျခင္ျခင္သြားလာေနတာပဲ ပိုးရဲ႕ အေနအထားကလည္း ခုနေျပာသလို ကိုယ္ႏိုင္ငံထက္ အေနအထိုင္ဆင္ျခင္တဲ့ ႏိုင္ငံေတြေတာင္ ကူးဆက္မႈႏႈန္းက အံ့ခမန္း နီးနီးေလာက္ရွိတာကို ဒါကေတာ့ ဆင္းရဲခ်မ္းသာမေ႐ြး ျဖစ္ခ်င္လည္း ျဖစ္သြားႏိုင္တာေပါ့။

VOM- ဝန္ႀကီး မၾကာခင္ရက္ပိုင္းက တိုင္းအစိုးရအဖြဲ႕က ဝန္ႀကီးေတာ္ေတာ္မ်ားမ်ား ဓာတ္ခြဲခန္းဖြင့္ပြဲကို တက္ေရာက္ခဲ့တဲ့ အခါမွာ ထိေတြ႕ဆက္စပ္မႈေတြရွိခဲ့ေတာ့ က်န္းမာေရးအရ ဘယ္လိုေဆာင္႐ြက္ထားတာရွိပါသလဲ။

ဦးစိုင္းပန္းဆိုင္- အကုန္လုံးေတာ့ စစ္ၿပီးၿပီ၊ အကုန္လုံး Negative ထြက္တယ္လို႔ေတာ့ ေျပာတယ္။

VOM- လက္ရွိ ဝန္ႀကီး ထမ္းေဆာင္ေနတဲ့ တာဝန္ေတြကို ဆက္လက္ေဆာင္႐ြက္ဖို႔ ဘယ္လိုစီစဥ္ထားပါသလဲ။

ေလာေလာဆယ္ေတာ့ သိပ္ Heavy ေတာ့ မရွိေသးပါဘူး၊ ေလာေလာဆယ္ေတာ့ ေ႐ြးေကာက္ပြဲလည္းၿပီးတာမၾကာေသးေတာ့ ေ႐ြးေကာက္ပြဲကိစၥနဲ႔ ဟိုကိစၥ ဒီကိစၥေလးေတြ လုပ္ေနၾကတာပဲရွိေသးတယ္။ ႐ုံးပိုင္းကေတာ့ ဒီမလာခင္မွာ ပုံမွန္ေတာ့ တက္ပါတယ္။

VOM- ဝန္ႀကီးအေနနဲ႔ မႏၲေလးတိုင္း ကိုဗစ္ကာကြယ္ေရးနဲ႔ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီ သတင္းျပန္ၾကားတဲ့ တာဝန္ကိုယူထားတာဆိုေတာ့ ျပည္သူလူထုကို ဘာမ်ားပန္ၾကားခ်င္ပါသလဲ။

အားလုံး က်န္းမာေရးဝန္ႀကီးဌာနက သက္မွတ္ထားတဲ့ စံႏႈန္းအတိုင္း တေသြမတိမ္း လိုက္နာဖို႔လိုတယ္။ ဒါကေတာ့ ခုနေျပာသလို မျမင္ႏိုင္တဲ့အရာပဲ ဟုတ္တယ္မဟုတ္လား။ ဘယ္သူက ရွိတယ္၊ ဘယ္သူက မရွိဘူးလို႔ ကံေသ ကံမ ေျပာလို႔မရဘူးေလ၊ အဓိကကေတာ့ သတိဝီရိယနဲ႔ သြားလာက်ဖို႔ ေျပာခ်င္ပါတယ္။ အခုလည္း ႏိုင္ငံေတာ္ကေန ပန္ၾကားထားကိုလည္း ပိုၿပီးေတာ့ ဂ႐ုစိုက္သင့္တာေပါ့ေနာ္ ဘာပဲေျပာေျပာ ၂ ပတ္ပါဘဲ ၂ ပတ္ အေတာအတြင္းမွာပဲ အေသအခ်ာေလး ေနထိုင္စားေသာက္မယ္ဆိုရင္ေတာ့ ကိုယ့္အတြက္လည္းေကာင္းမယ္ သူမ်ားအတြက္လည္းေကာင္းတာေပါ့ေနာ္။

VOM- ေ႐ြးေကာက္ပြဲ အၿပီးမွာေရာ ကိုဗစ္ ကူးဆက္ျပန႔္ပြားမႈႏႈန္းက ဘယ္ေလာက္ထိ ျမင့္တက္လာပါသလဲ။

ဦးစိုင္းပန္းဆိုင္- လူစုလူေဝးဆိုတာကလည္း ခုနေျပာသလို သူ႔သေဘာနဲ႔သူ ေအာင္ပြဲခံတဲ့ အစုအဖြဲ႕ေလးေတြ အေနနဲ႔ သူတို႔လည္း စုၿပီးမွ စားတာ၊ ေသာက္တာ ေလးေတြနည္းနည္းပါးပါးရွိတာဆိုေတာ့ ခါတိုင္းထက္စာရင္ လူစုလူေဝးေၾကာင့္ နည္းနည္းပါးပါးေတာ့ တက္လာတာေပါ့ေနာ္။ က်ေနာ္တို႔ကလည္း လူစုလူေဝး ထပ္မလုပ္ဖို႔ အစိုးရနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထားၿပီးသားပါ၊ အမွန္က ဒါက သေဘာတရားအရအဆန္းေတာ့ မဟုတ္ပါဘူးေပါ့ လူေတြကလည္း မျဖစ္ဘူးေတာ့လည္း မျဖစ္သလို၊ ျဖစ္ခါမွလည္း ျဖစ္သလိုေနၾကေတာ့ နည္းနည္းေတာ့ ဆင္ျခင္ဖို႔ လိုတယ္ေပါ့ေနာ္။

ရွမ္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္ဟာ မႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၅ x ၆၆ လမ္းၾကားမွာရွိတဲ့ PUBLIC HEALTH LABORATORY ႏိုင္ငံတကာအဆင့္မွီ ဓာတ္ခြဲခန္းဖြင့္ပြဲကို မႏၲေလးတိုင္းအစိုးရအဖြဲ႕နဲ႔ အတူ ႏိုဝင္ဘာလ ၂၀ ရက္ေန႔က တက္ေရာက္ခဲ့ၿပီးေနာက္ပိုင္းမွာ ႏိုဝင္ဘာ ၂၁ ေန႔က ကိုဗစ္ေရာဂါစစ္ေဆးၾကည့္တဲ့အခါမွာ ေရးဂါပိုးေတြ႕ရွိခဲ့တာေၾကာင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မႏၲလာသီရိအားကစားဝင္းအတြင္းက ဧရာဝတီစင္တာမွာ ေဆးကုသမႈခံယူေနတာ ျဖစ္ပါတယ္။

အဲ့ဒီ ဓာတ္ခြဲခန္းအသစ္ဖြင့္ပြဲကို တက္ေရာက္ခဲ့တဲ့ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြဟာ ဦးစိုင္းပန္းဆိုင္ ကိုဗစ္ေရာဂါ ကူးဆက္ခံရၿပီးတဲ့အခ်ိန္မွာ ေရာဂါပိုးလကၡဏာရွိမရွိကို စစ္ေဆးခဲ့ရာမွာ က်န္တဲ့ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးအားလုံး ေရာဂါပိုး မေတြ႕ရွိခဲ့ဘူးလို႔ ရွမ္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

မႏၲေလးတိုင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၄၀၀၈ ဦးရွိၿပီး ေသဆုံးသူ ၂၁ ေယာက္ ရွိေနပါတယ္။ လတ္တေလာမႏၲေလးၿမိဳ႕ေပၚမွာလည္း ကိုဗစ္ပိုးေတြ႕သူမ်ားေနတာမွာ လူဦးေရ ၃၀၇၆ ဦး ကိုဗစ္ပိုးေတြ႕ရွိထားပါတယ္။

#VOM #voiceofmyanmar #COVID-19 #မႏၲေလးတိုင္းအစိုးရအဖြဲ႕

 

 

Related posts

Leave a Comment

VOM News

FREE
VIEW