NLDကို ထောက်ခံမဲထည့်ဖို့ ပိုက်ဆံ ၅ ထောင်ပေးပြီး မဲဆွယ်ခဲ့သူကို ပြည်ခိုင်ဖြိုး ပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၂-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်မှာနေတဲ့ NLDပါတီဝင် တစ်ယောက်ဟာ လေရှီးမြို့နယ်၊ ဖွန်သရက်ကျေးရွာမှာနေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးရဲ့နေအိမ်ကို ရောက်လာပြီး ငွေကျပ် ၅ထောင်ပေးကာ မဲဆွယ်ခဲ့တဲ့အတွက် မဲဆွယ်သူ NLDပါတီဝင်ကို ပြည်ခိုင်ဖြိုးပါတီက မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” ဟုမ္မလင်း နောင်ပကျစ်က ဦးဖီလောဆိုသူဟာ နိုဝင်ဘာ ၈ ရက် မနက်က ဖွန်သရက်ကျေးရွာက ဦးလှကျော်ရဲ့အိမ်ကိုရောက်လာပြီး ပိုက်ဆံ ၅ ထောင်ပေးလို့ NLDပါတီကို ထောက်ခံမဲထည့်ပေးဖို့ မဲဆွယ်ခဲ့တာဖြစ်တယ်၊ အဲ့ဒါကြောင့် NLDပါတီကို မဲထည့်စေဖို့ရည်ရွယ်ပြီး ငွေကြေးနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ အမှုဖွင့်တာဖြစ်တယ်”လို့ လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒါကြောင့် ပိုက်ဆံ ၅ ထောင်ပေးပြီး NLDပါတီကို ထောက်ခံမဲပေးဖို့ မဲဆွယ်စည်းရုံးခဲ့သူ ဦးဖီလောကို လေရှီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်(ခ) ဦးလွေပေါ့က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုင်တန်းချက်ကို ဆွမ္မရာနယ်မြေရဲစခန်းက (ပ)၄/၂၀၂၀၊ တိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၈(စ) အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း #ငွေ၅ထောင်ပေးမဲဆွယ် #NLDပါတီဝင် #ပြည်ခိုင်ဖြိုးကအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW