ကိုဗစ်ကို အံ့တုပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုမယ်

နိုဝင်ဘာ ၂၄-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်က စားသောက်ဆိုင်တွေဟာ ကိုဗစ်ကိုအံ့တုပြီး ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်ခွင့်ပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းကျန်းမာရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“စားသောက်ဆိုင်တွေထဲမှာ A အဆင့်ရတဲ့ ဆိုင်တွေကို နိုဝင်ဘာလအကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဆိုင်ထိုင်ရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုသွားဖို့ ညွှန်ကြားထားတာ ရှိပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

အဲ့ဒီလို ညွှန်ကြားထားတဲ့အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက နေပြည်တော်(၈)မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့အညီ လိုက်နာမှုရှိ၊မရှိ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေလိုက်လံ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်မှုအတွက် ဆိုင်ရဲ့ အဆောက်အဦးပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ အရောင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပိုးသန့်စင်ရေးဆိုင်ရာ စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ကာလတွေကလည်း ပြုလုပ်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ဆိုင်ရဲ့ စားသုံးသူဝင်ဆံ့နိုင်မှုကို တွက်ချက်ကာ ကန့်သတ်ခွင့်ပြုပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #စားသောက်ဆိုင် #ပြန်ဖွင့်တော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW