ဘာသာရေးအဆောက်အဦးကို အသုံးချမဲဆွယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ၄ ဦးကိုအမှုဖွင့်

နိုဝင်ဘာ ၂၄-၂၀၂၀
သူရိန်(VOM)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲမဲဆွယ်ဆိုင်းဘုတ်စိုက်ထူရာမှာ ဘာသာရေးအဆောက်အဦးကို အသုံးချကာ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၄ ဦးကို အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

” မိတ္ထီလာမြို့ခံတစ်ဦးက ဘာသာရေးအဆောက်အဦးကိုအသုံးပြုပြီး မဲဆွယ်တယ်ဆိုလို့ လာအမှုဖွင့်တဲ့အတွက် စုံစမ်းပြီး တရားခံဖမ်းမိဖို့ဆောင်ရွက်နေပါတယ်”လို့ မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၂၀၂၀ ခုနစ် ၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာမောင်သင်း ၊ ဦးအောင်ကျော်မိုး ၊ ဦးစိုးသန်း ၊ ဦးရဲထွဠ်နိုင်တို့ ကိုယ်စားလှယ် ၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မိထ္ထီလာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ချောင်းရပ်ကွက်နဲ့ ကန်ကူးတံတားအနောက်ထိပ်ရှိ ပြည်ခိုင်ဖြိုးရုံးရှေ့တို့မှာ စိုက်ထူထားတဲ့ ပါတီမဲဆွယ်ဆိုင်းဘုတ်တွေမှာ အဲ့ဒီကိုယ်စားလှယ်လောင်း ၄ ဦးရဲ့ပုံတွေအပါအဝင် ပိုမိုတောက်ပသောအနာဂတ် ၊ ထီလာ အကျိုးသယ်ပိုးဖို့ ဒီလူတွေကို ရွေးကြစို့ စတဲ့စာသားတွေရေးသားထားတဲ့အပြင် မဲဆွယ်ဆိုင်းဘုတ်ရဲ့နောက်ခံမှာ မိတ္ထီလာမြို့ရဲ့သမိုင်းဝင် ကရဝိတ်ဖောင်တော်ဦးစေတီရဲ့ပုံတော်ကိုထည့်သွင်းအသုံးပြုခဲ့လို့ ဘာသာရေးအဆောက်အဦးမှန်းသိလျက်နဲ့ တမင်အသုံးချ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့သူ ဒေါက်တာမောင်သင်း ၊ ဦးအောင်ကျော်မိုး ၊ ဦးစိုးသန်း ၊ ဦးရဲထွဠ်နိုင်တို့ ကိုယ်စားလှယ် ၄ ဦးကို အရေးယူပေးဖို့ နိုဝင်ဘာ ၂၂ ရက်က မိတ္ထီလာမြို့မရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်လို့ ဒေါက်တာမောင်သင်း ၊ ဦးအောင်ကျော်မိုး ၊ ဦးစိုးသန်း ၊ ဦးရဲထွဠ်နိုင်တို့ ကိုယ်စားလှယ် ၄ ဦးကို ဦးတိမ်မင်းဆိုသူက တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် မိတ္ထီလာမြို့မရဲစခန်းမှ (ပ) ၅၁၁/၂၀၂၀ ၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိထ္ထီလာ

Related posts

Leave a Comment

VOM News

FREE
VIEW