စစ်တပ်နဲ့ တောင်သူ မြေလုပွဲ ပဋိပက္ခ

မန္တလေး-နိုဝင်ဘာ ၂၆-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ အနီးက ကျွဲနဖားကျေးရွာမှာ တောင်သူတွေက သူတို့ပိုင်တယ်ဆိုတဲ့ လယ်ယာမြေတွေက် (၁၂၁) ပို့ဆောင်ရေးတပ်ရင်းက လုံခြုံရေး အင်အား (၂၀၀)ခန့်နဲ့ နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာဆိုပြီး ခြံစည်းရိုးခတ်ခဲ့တဲ့အတွက်ကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က ၁၂၁ တပ်ရင်းနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့အချိန်မှာ ဒေသခံတောင်သူတွေကို လုံခြုံရေးရဲတွေက ရိုက်နှက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၁၉ ခုနှစ် ဧပရယ် ပိုင်းမှာလည်း အခုလိုပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တာင်သူ (၁၀) ဦးကို ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ တရားစွဲခံထားရတယ်လို့ သိရပါတယ်။ (၁၂၁) ပို့ဆောင်ရေးတပ်ရင်းကိုတော့ VOM က ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကျောက်ချော #ကျွဲနဖားရွာ

zawgy

စစ္တပ္နဲ႔ ေတာင္သူ ေျမလုပြဲ ပဋိပကၡ

မႏၲေလး-ႏိုဝင္ဘာ ၂၆-၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာ အနီးက ကြၽဲနဖားေက်း႐ြာမွာ ေတာင္သူေတြက သူတို႔ပိုင္တယ္ဆိုတဲ့ လယ္ယာေျမေတြက္ (၁၂၁) ပို႔ေဆာင္ေရးတပ္ရင္းက လုံၿခဳံေရး အင္အား (၂၀၀)ခန႔္နဲ႔ ႏို႔စားႏြားေမြးျမဴေရးစီမံကိန္း ဧရိယာဆိုၿပီး ၿခံစည္း႐ိုးခတ္ခဲ့တဲ့အတြက္ေၾကာင့္ ႏိုဝင္ဘာ ၂၅ ရက္ေန႔က ၁၂၁ တပ္ရင္းနဲ႔ ေဒသခံေတာင္သူေတြ ပဋိပကၡျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ပဋိပကၡျဖစ္ပြားခဲ့တဲ့အခ်ိန္မွာ ေဒသခံေတာင္သူေတြကို လုံၿခဳံေရးရဲေတြက ႐ိုက္ႏွက္မႈေတြျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

၂၀၁၉ ခုႏွစ္ ဧပရယ္ ပိုင္းမွာလည္း အခုလိုပဋိပကၡျဖစ္ပြားခဲ့တာေၾကာင့္ တာဝန္ဝတၱရား ေႏွာင့္ယွက္မႈနဲ႔ တာင္သူ (၁၀) ဦးကို ျပင္ဦးလြင္ ၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲခံထားရတယ္လို႔ သိရပါတယ္။ (၁၂၁) ပို႔ေဆာင္ေရးတပ္ရင္းကိုေတာ့ VOM က ဆက္သြယ္ဖို႔ႀကိဳးစားေနဆဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေခ်ာ #ကြၽဲနဖား႐ြာ

 

Related posts

Leave a Comment

VOM News

FREE
VIEW