ရန်ကုန်တိုင်းမှာ မဲရုံတာဝန်ကျတဲ့ ဆရာမ ၂ဦး ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့

နိုဝင်ဘာ ၂၆-၂၀၂၀ သိင်္ဂီထွန်း (VOM ) ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက် ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကနေ သိရပါတယ်။ သေဆုံးခဲ့တဲ့ဆရာမ ၂ ဦးလုံးဟာ ရွေးကောက်ပွဲကြိုတင်မဲပေးတဲ့ကာလမှာ သန်လျင်မြို့နယ်က ဆရာမ တစ်ယောက်သေဆုံးခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပအပြီးမှာ ဗိုလ်တစ်ထောင်မြို့နယ်က ဆရာမတစ်ယောက်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ “သေဆုံးတာက ၂ ယောက်ရှိပါတယ်။ ကြိုတင်မဲကာလက သေဆုံးတာ တစ်ယောက် သန်လျင်ကပါ။ နောက်တစ်ယောက်ကတော့ ဗိုလ်တစ်ထောင် အ.ထ.က ၂ ကလို့ သတင်းရပါတယ်။ သက်ဆိုင်ရာမိသားစုနဲ့လည်းဆက်သွယ်နေပါတယ်။ အသေးစိတ်တော့မသိသေးပါဘူးး။ အခုဗိုလ်တစ်ထောင်ကတစ်ယောက်ဆို အသက် ၅၆ နှစ်လို့သိရပါတယ်။သေဆုံးတာ ဆရာမတွေချည်းပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောပါတယ်။ လက်ရှိမှာတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြရတဲ့ ဆရာ ဆရာမ ၆၀ နီးပါး…

Read More

ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က

နိုဝင်ဘာ-၂၆-၂၀၂၀ ဆွေလင်းထွန်း(VOM) နိုဝင်ဘာ ၈ရက် နေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသွားပေမယ့် ရလာဒ်ကို လက်မခံနိုင်သူတွေကတော့ ဆန္ဒတွေ ပြနေကြပါတယ်။ ဆန္ဒပြနေကြသူတွေက ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေက ပါတီဝင်တွေနဲ့ သူတို့ကို ထောက်ခံကြသူတွေပါ။ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ရလာဒ်ကို မကျေနပ်ကြတဲ့ ပါတီအများစုက ရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ရွေးကောက်ပွဲကျင်းပပြီးတဲ့ သုံးရက်မြောက်နေ့ကတည်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာခဲ့တာပါ။ တပ်မတော်နဲ့ UEC ပေါင်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးဖို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။ အဲ့ဒီနေ့ရက်စွဲနဲ့ပဲ ရွေးကောက်ပွဲအငြင်းပွားမှုတွေ သံသယရှိမှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပါဝင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့ပေးဖို့ ပြည်ခိုင်ဖြိုးနဲ့ အခြားပါတီ ၁၅ ခုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ ပြည်ခိုင်ဖြိုး သတင်းစာရှင်းလင်းပွဲအပြီး သိပ်မကြာခင်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကလည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲချက်တွေကို…

Read More

စစ်တပ်နဲ့ တောင်သူ မြေလုပွဲ ပဋိပက္ခ

မန္တလေး-နိုဝင်ဘာ ၂၆-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ အနီးက ကျွဲနဖားကျေးရွာမှာ တောင်သူတွေက သူတို့ပိုင်တယ်ဆိုတဲ့ လယ်ယာမြေတွေက် (၁၂၁) ပို့ဆောင်ရေးတပ်ရင်းက လုံခြုံရေး အင်အား (၂၀၀)ခန့်နဲ့ နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာဆိုပြီး ခြံစည်းရိုးခတ်ခဲ့တဲ့အတွက်ကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က ၁၂၁ တပ်ရင်းနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အချိန်မှာ ဒေသခံတောင်သူတွေကို လုံခြုံရေးရဲတွေက ရိုက်နှက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဧပရယ် ပိုင်းမှာလည်း အခုလိုပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တာင်သူ (၁၀) ဦးကို ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ တရားစွဲခံထားရတယ်လို့ သိရပါတယ်။ (၁၂၁) ပို့ဆောင်ရေးတပ်ရင်းကိုတော့ VOM က ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ #VOM #voiceofmyanmar #ကျောက်ချော #ကျွဲနဖားရွာ zawgy စစ္တပ္နဲ႔ ေတာင္သူ…

Read More

ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရားတွေ နဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးဖို့ဆောင်ရွက်နေ

နိုဝင်ဘာ ၂၆-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရားစေတီပုထိုးတွေ နဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိမှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ စီမံချက်ရေးဆွဲနေပြီး အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။ ” ပြန်ဖွင့်လိုက်တယ်ဆို တနိုင်ငံလုံးက လာကြမှာဖြစ်တယ်၊ အဲ့ဒီလိုလာကြမှာဖြစ်တဲ့အတွက်ကြောင့် နှစ်ပတ်ကြိုတင်ပြင်ဆင်ပြီး ဟိုတယ်တွေကိုစစ်ရမယ်၊ စားသောက်ဆိုင်တွေ ဘုရားတွေ စစ်ဆေးရမယ်၊ အဲ့ဒီအတွက်ကို နှစ်ပတ်အချိန်လိုပါတယ်။ နှစ်ပတ်ဆောင်ရွက်မယ့် စီမံချက်ကိုရေးဆွဲနေပါတယ်၊ မပြီးသေးဘူး။ အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တရက်၊နှစ်ရက်နေ တင်ပြပါမယ်။ ဘယ်တော့ဖွင့်ပါမယ်ဆိုတာ အပေါ်ကညွှန်ကြားချက်အပေါ် မူတည်ပါတယ်”လို့ ဦးကျော်ကျော်အုန်းက ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့အတွက် ဒီတပတ်အတွင်းမှာ ဌာနဆိုင်ရာပေါင်းစုံပါဝင်မယ့်အဖွဲ့တွေနဲ့ လိုက်လံစစ်ဆေးသွားမှာဖြစ်တဲ့အပြင် လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ရေးဆွဲသွားမယ်လို့…

Read More

ရုပ်လှတာကြည့်ရွေးပြီး စိတ်ဓါတ်မကောင်းရင် အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတဲ့ မြနှင်းရည်လွင်

နိုဝင်ဘာ ၂၆-၂၀၂၀ မျက်ပြေ(VOM) မာယာလှည့်ကွက် ဇာတ်လမ်းတွဲမှာ ဟန်နီချိုဆိုတဲ့ ဇာတ်ကောင်ရဲ့သရုပ်ဆောင်ချက်နဲ့ ကိုက်ညီလွန်းလို့ ပရိသတ်သဘောကျခဲ့ရတဲ့  မြနှင်းရည်လွင်က ကိုဗစ်ကာလမှာတော့ အိမ်မှာနေရင်း ဘုရားတရားအလုပ်​‌ေတွနဲ့ ဇာတ်လမ်းတွဲတွေပဲ ကြည့်ဖြစ်နေတယ်လို့သိရပါတယ်။ ရရှိတဲ့ ကာရိုက်တာကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိနေသူတစ်ဦးဖြစ်ပြီး ပြင်ပလောကက သူမရဲ့ အချစ်ရေးကိစ္စကိုလဲ စိတ်ဝင်စားမှုခံနေရသူလည်း ဖြစ်ပါတယ်   “ လက်ရှိမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်ကို အသိမပေးချင်ပေမယ့် ကိုယ့်ထက်အသက်ကြီးသူကိုသာ ရွေးချယ်ပြီး မှီခိုအားကိုးချင်သူတစ်ဦး ပါ၊ ရုပ်ရည်လှပတာတစ်ခုပဲကြည့်ပြီး ရွေးချယ်ရင်လည်း စိတ်ဓါတ်မကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဒီအသက်အရွယ်မှာ အချစ်ကြောင်းပြောလို့မကောင်းဘူးဆိုပေမယ့် တစ်ယောက်တည်းနေတော့မယ် ပြောပြီးမှ အိမ်ထောင်ပြုဖြစ်ခဲ့ရင်လည်း မကောင်းဘူး ကြိုမသိနိုင်ဘူးလေ” ဆိုပြီး အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ သူမရဲ့ ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်ပုံစံကို ပြောပါတယ်။   လက်ရှိမှာတော့ သူမပါဝင် ရိုက်ကူးထားတဲ့ ကြမ္မာနွံ ဇာတ်လမ်းတွဲကို…

Read More

မူဆယ်က ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ် အသံမိုင်းနဲ့ ပစ်ခံရ

မူဆယ်၊ နိုဝင်ဘာ – ၂၆- ၂၀၂၀ တာတီး+ရှိုင်းအောင်(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်က ဦးဟန်ဝင်းရဲ့ နေအိမ်အတွင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ်ကနေ လက်လုပ်မိုင်းတစ်ခု နေအိမ်ဝန်း အတွင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့မစခန်း စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦးကို VOM က ဆက်သွယ်မေးကြည့်တော့ “ သူတို့ကတော့ ဆီဆိုင်၊ ဘိလပ်မြေလုပ်ငန်းနဲ့ ဟိုတယ်တွေဖွင့်ထားတာ။ အသံမိုင်းကတော့ အုံး ဆိုပြီး အသံရိုက်ခက်မှုပဲရှိတာပါ၊ အသံမိုင်းရဲ့ သဘာဝက ဗျောက်အိုးတွေလို အသံပဲထွက်တာပါ လူတွေထိခိုက်နိုင်တာမျိုးတော့ ဘာမှမရှိနိုင်ပါဘူး လို့ ပြောပါတယ်။ အဲ့ဒီအသံမိုင်းက လုံထန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကင်းသမားတွေ အိပ်တဲ့အဆောင် တံစက်မြိတ် မျက်နှာကျက်ပေါ်ကို ပြုတ်ကျပျက်စီးခဲ့တာဖြစ်ပြီး အသံမိုင်းပေါက်ကွဲမှုကြောင့် လူတွေထိခိုက်မှုမရှိဘဲ အလုပ်သမားတန်းလျား ကော်ရစ်တာ မျက်နှာကျက်အလျား…

Read More

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ UECကိုပြောဆိုတိုင်ကြားနေတာဟာ မဲရလဒ်ကြောင့်ပြောနေတာမဟုတ်

နိုဝင်ဘာ ၂၆-၂၀၂၀ အေးချမ်းသူ(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောဆိုတိုင်ကြားနေခြင်းဟာ မဲရလဒ်ကြောင့်မဟုတ်ဘဲ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပဲဖြစ်နေတဲ့အတွက် လုပ်ဆောင်နေရခြင်းဖြစ်တဲ့အပြင် တိုင်ကြားစာပေးပို့ထားရှိမှုမှာလည်း ၉၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဒု-ဥက္ကဌဦးခင်ရီက ပြောခဲ့တာဖြစ်ပါတယ်။ ” ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး UECကိုတိုင်စာ ၉၀၀ နီးပါးနဲ့ ရဲစခန်းကိုတိုင်ထားတာ တစ်ရာနီးပါးရှိတယ်၊ မဲရလဒ်ကြောင့် ပြောနေလုပ်နေတာမဟုတ်ဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိလို့ ပြောနေရတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိ ဘက်လိုက်တဲ့ကိစ္စတွေကို ရေဆုံးမြေဆုံး အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်”လို့ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌ ဦးခင်ရီကပြောပါတယ်။ ဒီကနေ့မနက် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲ ကို ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ရန်ကုန်ရုံးခွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မိတ်ဖက်ပါတီတွေလည်းတက်ရောက်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဌဦးသိန်းကြည်ကလည်း “ရလဒ်ကိုပြောနေတာမဟုတ်ဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊ တရားမျှတမှုမရှိဘူးဆိုတာကိုပြောနေတာ၊ ဒါကို ဥပဒေအတိုင်းသွားနေတာ ၊သွားနေတဲ့ ကိစွကို…

Read More

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းခံရတဲ့ ဗန်းမော်က အလွတ်သတင်းထောက်လွတ်ပြီ

မန္တလေး-နိုဝင်ဘာ ၂၆-၂၀၂၀ နေလင်း(VOM)   ၂၀၂၀အောက်တိုဘာ ၄ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ဖမ်းခံရတဲ့ ဗန်းမော်မြို့က အလွတ်သတင်းထောက် ဦးဦးငြိမ်း (ခ) ဦးငြိမ်းချမ်း ကို  ဒီကနေ့ နိုဝင်ဘာ ၂၆မှာ အမှုကနေ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။   မိုးမောက်ရဲစခန်းအချုပ်မှာ ၅၃ ရက် ဖမ်းဆီထိမ်းသိမ်းခံထားရာက ပြန်လွတ်လာတဲ့ ဦးဦးငြိမ်းက “ ကျနော့်ကို ၂၀၁၅ တုန်းကရေးတဲ့ ကျွဲနွားမှောင်ခိုနဲ့ ပြည်သူ့စစ် ဆိုတဲ့ ဆောင်းပါးနဲ့ အရင်က ပုဒ်မ ၅၀၀နဲ့ အမှုဖွင့်ထားလို့ ကျနော်တိမ်းရှောင်နေရာက အောက်တိုဘာ ၄ ရက်က ဖမ်းပြီး ၁၇(၁)နဲ့ အမှုစွဲတင်တယ်၊ ဗန်းမော်ထောင်ကို ၃ကြိမ်ပို့ပေမယ့် ထောင်က လက်မခံလို့ မိုးမောက်ရဲအချုပ်မှာဘဲနေရာက သူတို့တရားလိုသက်သေတွေက မခိုင်လုံလို့ အပြီးအပြတ်လွှတ်လိုက်တာဖြစ်တယ်” လို့ ဗီအိုအမ်ကိုပြောပါတယ်။   ဦးဦးငြိမ်းဟာ…

Read More

ကျိုက်မရောမြို့မှာ မိခင်ကို သားဖြစ်သူက တုတ်နဲ့ရိုက်သတ်

နိုဝင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖားပျောက်အုပ်စု၊ မြန်မာလှိုင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ၂၅ ရက် ညနေပိုင်းက မိခင်ဖြစ်သူကို သားအရင်းက တုတ်နဲ့ရိုက်သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” တူမကို လိုက်ရိုက်နေတော့ ကလေးမက အဖွားဆီထွက်ပြေးတာ။ အဖွားက သားဖြစ်သူကို ဝင်တားတဲ့အခါ တုတ်နဲ့ဆက်ရိုက်လို့ ရရှိတဲ့ဒဏ်ရာတွေနဲ့သေဆုံးသွားတာပါ။ ကျူးလွန်ခဲ့သူက စိတ်ပုံမာန်အနေထားတော့ရှိပုံမရဘူး”လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ဖြစ်စဉ်မှာ အသက် ၃၇ နှစ် အရွယ်အမျိုးသားဟာ တူမတော်စပ်သူ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးကို ရိုက်နှက်ခဲ့တာ‌ကြောင့် အရိုက်ခံရတဲ့ အမျိုးသမီးက အဖွားတော်စပ်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးဆီကိုပြေးသွားပြီး “အမေကြီးရေ ၊ သမီးကိုလိုက်ရိုက်နေပါတယ်”လို့ အော်ဟစ်တိုင်ကြား‌ခဲ့ပါတယ်။ မိခင်ဖြစ်သူက သားဖြစ်သူကို မလုပ်ဖို့ပြောဆိုတားမြစ်တာကို မကျေနပ်တာကြောင့် လက်ထဲပါလာတဲ့တုတ်နဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူမှာ နှာအုံပေါက်ပြဲ၊ ရင်ဘတ်ညိုမဲ၊…

Read More
VOM News

FREE
VIEW