ရန်ကုန်တိုင်းမှာ မဲရုံတာဝန်ကျတဲ့ ဆရာမ ၂ဦး ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့

နိုဝင်ဘာ ၂၆-၂၀၂၀
သိင်္ဂီထွန်း (VOM )

ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက် ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကနေ သိရပါတယ်။

သေဆုံးခဲ့တဲ့ဆရာမ ၂ ဦးလုံးဟာ ရွေးကောက်ပွဲကြိုတင်မဲပေးတဲ့ကာလမှာ သန်လျင်မြို့နယ်က ဆရာမ တစ်ယောက်သေဆုံးခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပအပြီးမှာ ဗိုလ်တစ်ထောင်မြို့နယ်က ဆရာမတစ်ယောက်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

“သေဆုံးတာက ၂ ယောက်ရှိပါတယ်။ ကြိုတင်မဲကာလက သေဆုံးတာ တစ်ယောက် သန်လျင်ကပါ။ နောက်တစ်ယောက်ကတော့ ဗိုလ်တစ်ထောင် အ.ထ.က ၂ ကလို့ သတင်းရပါတယ်။ သက်ဆိုင်ရာမိသားစုနဲ့လည်းဆက်သွယ်နေပါတယ်။ အသေးစိတ်တော့မသိသေးပါဘူးး။ အခုဗိုလ်တစ်ထောင်ကတစ်ယောက်ဆို အသက် ၅၆ နှစ်လို့သိရပါတယ်။သေဆုံးတာ ဆရာမတွေချည်းပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောပါတယ်။

လက်ရှိမှာတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြရတဲ့ ဆရာ ဆရာမ ၆၀ နီးပါး ကိုဗစ်ကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရသိရပါတယ်။

ကူးစက်ခံရမှုထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြိး ပဲခူးတိုင်းက ဒုတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ပိုးကူးစက်ခံရတဲ့ ဆရာ၊ဆရာမတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ ရံပုံငွေ၊ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ တစ်ဦးကို ၅၀၀၀၀ ကျပ် ပေးအပ်မှုကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မဲရုံတာဝန်ကျဆရာမ၂ဦး #ကိုဗစ်နဲ့သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW