ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က

နိုဝင်ဘာ-၂၆-၂၀၂၀
ဆွေလင်းထွန်း(VOM)

နိုဝင်ဘာ ၈ရက် နေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသွားပေမယ့် ရလာဒ်ကို လက်မခံနိုင်သူတွေကတော့ ဆန္ဒတွေ ပြနေကြပါတယ်။

ဆန္ဒပြနေကြသူတွေက ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေက ပါတီဝင်တွေနဲ့ သူတို့ကို ထောက်ခံကြသူတွေပါ။ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ရလာဒ်ကို မကျေနပ်ကြတဲ့ ပါတီအများစုက ရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ရွေးကောက်ပွဲကျင်းပပြီးတဲ့ သုံးရက်မြောက်နေ့ကတည်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာခဲ့တာပါ။ တပ်မတော်နဲ့ UEC ပေါင်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးဖို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။ အဲ့ဒီနေ့ရက်စွဲနဲ့ပဲ ရွေးကောက်ပွဲအငြင်းပွားမှုတွေ သံသယရှိမှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပါဝင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့ပေးဖို့ ပြည်ခိုင်ဖြိုးနဲ့ အခြားပါတီ ၁၅ ခုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုး သတင်းစာရှင်းလင်းပွဲအပြီး သိပ်မကြာခင်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကလည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲချက်တွေကို ဖြေရှင်းပါတယ်။ UEC က ပြောတာကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့အတွက် ထည့်သွင်းစဉ်းစားစရာ မလိုဘူးဆိုတာပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ နေပြည်တော် UEC ရုံးရှေ့ကို ပြည်ခိုင်ဖြိုးပါတီနဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီကို ထောက်ခံသူတွေက ဆန္ဒလာပြကြပါတယ်။ ရွေးကော်ရုံးရှေ့ ဆန္ဒပြပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့အတွက် ကြိုဆိုကြောင်း ကော်မရှင်တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမြင့်နိုင်က မီဒီယာတွေကို ပြောပေမယ့် ဖမ်းဆီးပြီး ထောင်ဒဏ်စီရင်ပြီးကာမှ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ရက်နေ့ကလည်း လှည်းကူးမြို့နယ် ရွေးကော်ရုံးရှေ့ ဆန္ဒလာပြကြတဲ့ သူတွေထဲက ဦးဆောင်သူသုံးဦးကိုတော့ ငြိမ်းစုစီဥပဒေနဲ့ ရဲက အမှုဖွင့်ခဲ့ပါတယ်။ လှည်းကူးမြို့နယ်မှာ ဆန္ဒပြရတဲ့ အကြောင်းက လှည်းကူးမြို့နယ် ဖောင်ကြီး(အနောက်) ကျေးရွာအုပ်စု မဲရုံ အမှတ်(၃)မှာ မဲပေးခဲ့တဲ့ ဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိတာကြောင့်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ နေပြည်တော်ရွေးကော်ရုံးရှေ့ ဆန္ဒပြပွဲပြီးနောက် နိုဝင်ဘာ ၁၅ ရက်နေ့မှာလည်း နေပြည်တော်ဥတ္တရသီရိ မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေက ဆန္ဒထပ်ပြကြပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ရတဲ့မဲက ပါတီကို ဝန်းရံသူတွေရဲ့ အရေအတွက်နဲ့ ကွာခြားလွန်းတဲ့အတွက် ဆန္ဒပြရတာလို့ နေပြည်တော်ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးငွေပွားက ပြောပါတယ်။

နိုဝင်ဘာ ၁၅ရက်နေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီက နောက်ထပ်သတင်းစာရှင်းလင်းပွဲတခုကို မန္တလေးမြို့က တိုင်းပါတီရုံးမှာ လုပ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိလို့ဆိုထားပေမယ့် အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ တာဝန်အရှိဆုံးက ကော်မရှင်ဖြစ်နေတဲ့အပေါ် ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲလို့ VOM သတင်းထောက်က သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကို မေးမြန်းခဲ့ပါတယ်။

ဦးအောင်ကျော်မိုးက “ဒီအဖွဲ့အစည်းကို အယုံအကြည် မရှိပေမယ့် အဲ့ဒီအဖွဲ့အစည်းကို ဖြုတ်ပစ်လိုက်လို့မှမရတာ အဲ့ဒီအဖွဲ့အစည်းကို သမ္မတကိုယ်တိုင်ခန့်အပ်ထားတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် လုပ်စရာနည်းလမ်းအတိုင်းကတော့ သွားရမှာပဲ” လို့ တုံ့ပြန်ပြောကြားပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကနေ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေကို ထိထိရောက်ရောက် အရေးယူတော့မယ်လို့ ထုတ်ပြန်ပါတယ်။ အခြေခံပြည်သူတွေအပေါ် နိုင်ငံတော်ရဲ့ စတုတ္ထအကြိမ် ထောက်ပံ့မှုကို ဆန္ဒပြမှုတွေလို့ ထုတ်ပြန်မှုမှာပါပေမယ့် ပါတီအချို့ကတော့ ရွေးကောက်ပွဲရလာဒ်အပေါ် ဆန္ဒပြမှုတွေကို တားဆီးပြီး တည်တည်ငြိမ်ငြိမ်နဲ့ အစိုးရဖွဲ့လိုတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဌဖြစ်တဲ့ ဦးကျော်ဇေယျက ကိုဗစ်ကော်မတီရဲ့ ထုတ်ပြန်ချက်အပေါ် သူ့အမြင်ကို ခုလိုပြောပါတယ်။

“ကိုဗစ်ကာလမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း တရားမမျှတဘူး။ နေရာ အသီးသီးမှာ လူစုလူဝေးနဲ့ လုပ်ချင်နေကြတာလေ။ ဒါတွေကို ကာကွယ်ဖို့အတွက် ကိုဗစ်ကို အကြောင်းပြချင်တာလေ။ လက်ရှိ အာဏရပါတီအနေနဲ့ အနိုင်ရသွားပြီဆိုတော့ စင်ပေါ်ရောက်သွားတော့ ငွေလေးသောင်းနဲ့ လူစုလူဝေးပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ပတ်သက်တာပဲဖြစ်ဖြစ် အမျိုးဘာသာသနာအတွက် လုပ်တာမကောင်းဘူးပေါ့၊ အစိုးရတစ်ရပ်ကို လျောလျာရူရူ ဖွဲ့ချင်တယ်။ တိုင်းပြည်မငြိမ်သက်တာကို လုံးဝမလိုလားဘူး။ မဲလည်း နိုင်သွားပြီ၊ အပေါ်စီးလည်းရောက်သွားပြီဆိုတော့ တိုင်းပြည်မငြိမ်မသက်တာကိုလုံးဝမလိုလားဘူး လုံးဝလက်ခံမှာ မဟုတ်ဘူး၊ ဒါတော့ သူတို့က တားနေမှာပဲ၊ လက်ရှိအာဏာရအဖွဲ့အစည်းဆိုတော့ သူတို့သဘောပဲလေ”

ကိုဗစ်ကော်မတီရဲ့ ထုတ်ပြန်ချက်အပြီး နောက်နေ့ နိုဝင်ဘာ ၁၈ရက်နေ့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုပြီး မကွေးတိုင်း နတ်မောက်မြို့မှာ ဒေသခံအချို့က ဆန္ဒပြကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က NLD အောင်နိုင်ရေးလိုက်ပါခဲ့တဲ့ ကျောင်းဆရာတွေက မဲရုံမှူး၊ ဒုမဲရုံမှူးဖြစ်နေတာဟာ သမာသမတ်မကျဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုကြပါတယ်။ နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း မကွေးတိုင်းထဲ့က ပွင့်ဖြူ၊ စကု၊ ရေစကြိုနဲ့ ရေနံချောင်းမြို့တွေမှာ ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိကြောင်းနဲ့ ရွေးကောက်ပွဲမသမာမှုတွေကို ဖော်ထုတ်စစ်ဆေးပေးဖို့အတွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

ရန်ကုန်မှာတော့ နိုဝင်ဘာ ၂၀ ရက်နေ့ တရက်ထဲမှာပဲ အင်းစိန်မြို့နယ်၊ ဒလမြို့နယ်နဲ့ မဟာဗန္ဓုလပန်းခြံရှေ့တွေမှာ UEC ရဲ့ ဘက်လိုက်မှုတွေအပေါ် ဆန္ဒပြပွဲ သုံးခု ပြုလုပ်ခဲ့ပါတယ်။ အင်းစိန်မြို့နယ်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲကို အင်းစိန်မြို့နယ်ကအပြင် မှော်ဘီ၊ တိုက်ကြီး၊ လှိုင်သာယာမြို့နယ်တွေက ဝန်းရံသူ ၂၀၀ခန့် ပါဝင်ခဲ့တယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။ အင်းစိန်ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ လုပ်တာဖြစ်တဲ့အတွက် အဲ့နေ့ ညနေမှာပဲ ဆန္ဒပြပွဲ ဦးဆောင်သူ ငါးဦးကို ငြိမ်းစုစီဥပဒေနဲ့ အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

မဟာဗန္ဓုလပန်းခြံရှေ့ ဆန္ဒပြပွဲကိုတော့ မအေးသူဇာမြင့်ဆိုသူက တကိုယ်တော် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၅၀ ခန့်က လာရောက်ဝန်းရံခဲ့ကြပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားမဲ့ပြုကျင့်မှုတွေကြောင့် ပါတီငယ်တွေ ဒုက္ခရောက်ရတဲ့အတွက် ကော်မရှင်ကို အရေးယူပေးဖို့ အဆိုပါ ဆန္ဒပြပွဲကနေတဆင့် မအေးသူဇာမြင့်က နိုင်ငံတော်သမ္မတကို တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း UEC အလိုမရှိကြောင်းနဲ့ အသစ်ပြန်ဖွဲ့ပေးဖို့ လူဦးရေ ၃၀၀ လောက်က ရန်ကုန် ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို စာတင်ပြီး ပြုလုပ်တာမဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား အခြေအတင် ဖြစ်ခဲ့ပါသေးတယ်။

နိုတင်ဘာ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာတော့ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ဧရာဝတီတိုင်း ဇလွန်မြို့က ပြည်ခိုင်ဖြိုးပါတီရုံးတွေရှေ့မှာ UEC ကိုအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် ဆန္ဒပြပွဲတွေကို ၎င်းတို့ပါတီက ဦးဆောင်ပြုလုပ်တယ်လို့ တရားဝင်မပြောပေမယ့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ကတော့ ဆန္ဒပြပွဲတွေကို လာရောက်အားပေးစကားပြောတာတွေ ရှိခဲ့ပါတယ်။

“ကျမတို့သည် ပြည်သူသည် အဖိနှိပ်ခံနေရတယ်။ ကျမတို့ပြည်သူတွေ အပြည့်အဝရှိနေတယ်။ ဒါကြောင့်မလို့ အားမလျှော့ပါနဲ့။ ကျမတို့ဆက်ပြီး တိုက်ပွဲဝင်ရမယ်။ ညီသလား” ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်တဲ့ ဒေါ်ယဉ်မင်းမြင့်ဆွေက နိုဝင်ဘာ ၁၅ရက်က နေပြည်တော် ဥတ္တရသီရိမှာလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြောခဲ့တာပါ။

လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကိုထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက် ၁၈ ပါတီက နိုဝင်ဘာ ၂၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ ၂၄ ရက်နေ့ ကြေညာချက်အပေါ်မှာ တုံ့ပြန်မှု တစုံတရာမရရှိတဲ့အတွက်ဟုဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးခင်ရီနဲ့အတူ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဌဦးသိန်းကြည်၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသတင်းစာရှင်းလင်းခဲ့ပါတယ်။ UECကို တိုင်စာ ၉၀၀ နီးပါးနဲ့ ရဲစခန်းကိုတိုင်ထားတာ ၁၀၀ နီးပါးရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဦးခင်ရီက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပြင် ကော်မရှင်တာဝန်ရှိသူတွေအပေါ် လက်နက်နဲ့ ခြိမ်းခြောက်တာတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ကျောက်မဲမြို့နယ်မှာနေထိုင်တဲ့ အဆိုပါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းရဲ့ နေအိမ်ကို အမည်မသိသူတွေက လက်နက်ငယ်နဲ့ပစ်တဲ့ကိစ္စ နိုဝင်ဘာ၁၄ရက်က ဖြစ်ပွားခဲ့တာပါ။ NLD ပါတီက ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော် အနိုင်ရကိုယ်စားလှယ် ဦးထိုက်ဇော်ဟာလည်း နေအိမ်ရှေ့မှာပဲ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရပါတယ်။ အဆိုပါ ပစ်ခတ်မှုဟာ ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်သူတွေက လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် စစ်ဆေးမှုတွေတော့ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို ပူးတွဲကန့်ကွက်ခဲ့ကြတဲ့ ပါတီတွေထဲမှာ လွှတ်တော်အရပ်ရပ်မှာ ၇၁ နေရာ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကလွဲရင် ကျန်ပါတီတွေအနေနဲ့ နေရာ တနေရာမှ အနိုင်မရရှိခဲ့တာကို တွေ့ရပါတယ်။ NLD ပါတီရဲ့ တနိုင်ငံလုံးမှာ အပြတ်အသတ်အနိုင်ရရှိမှုအပေါ်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပေမယ့် UEC ရဲ့ တရားမဲ့ပြုကျင့်မှုတွေကို မကျေနပ်တဲ့အတွက် အခုလို တိုင်ကြားမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေက ဆိုကြပါတယ်။ လူမှုကွန်ယက်မှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲအပြီး လုပ်ဆောင်နေမှုတွေဟာ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ်ဆိုတဲ့ ပြောဆိုမှူတွေ ပျံ့နှံ့နေပြီး အဆိုပါပြောကြားမှုတွေအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ အခုလို တုံ့ပြန်ပါတယ်။

“ဒါကတော့ လုံးဝလွဲမှားတဲ့ စွပ်စွဲမှုပါပဲ။ ကျနော်တို့ ပါတီက အစိုးရလုပ်ခဲ့တဲ့ပါတီဖြစ်တယ်။ ကျနော်တို့ပါတီက ဦးဆောင်ပြီးတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျနော်တို့ ယှဉ်ပြိုင်ပေးခဲ့တယ်။ အဲံတုန်းက ပြည်သူ့ရဲ့ဆန္ဒအတိုင်း ထွက်ပေါ်လာတဲ့ ရလာဒ်ကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ရှိအစိုးရကို ကျနော်တို့ အာဏာလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့‌တော့ ကျနော်တို့အနေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်စရာအကြောင်းကို ဘယ်လိုမှမရှိတာ”လို့ VOM ကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် ရလာဒ်ကိုလက်ခံကြောင်း နိုဝင်ဘာ ၈ရက်နေ့ ဆန္ဒမဲပေးပြီးချိန်ကတည်းက မီဒီယာတွေကို ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကလည်း ၎င်းတို့အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်လို့ အခိုင်အမာဆိုထားပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူတွေကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုထားကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေကတော့ ၎င်းတို့အနေနဲ့ ရွေးကောက်ပွဲမသမာမှုတွေအပေါ်မှာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နေတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုတွေအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားတဲ့အတွက် ဘာတွေဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆန္ဒပြပွဲတွေရဲ့နောက်ကွယ်

zawgy

ဆႏၵျပပြဲေတြရဲ႕ ေနာက္ကြယ္က

ႏိုဝင္ဘာ-၂၆-၂၀၂၀
ေဆြလင္းထြန္း(VOM)

ႏိုဝင္ဘာ ၈ရက္ ေန႔က အေထြေထြေ႐ြးေကာက္ပြဲ က်င္းပၿပီးသြားေပမယ့္ ရလာဒ္ကို လက္မခံႏိုင္သူေတြကေတာ့ ဆႏၵေတြ ျပေနၾကပါတယ္။

ဆႏၵျပေနၾကသူေတြက ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဖက္ပါတီေတြက ပါတီဝင္ေတြနဲ႔ သူတို႔ကို ေထာက္ခံၾကသူေတြပါ။ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ရလာဒ္ကို မေက်နပ္ၾကတဲ့ ပါတီအမ်ားစုက ေ႐ြးေကာက္ပြဲကို တာဝန္ယူက်င္းပေပးခဲ့တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ လြတ္လပ္ၿပီး တရားမွ်တမႈမရွိဘူးဆိုၿပီး ေ႐ြးေကာက္ပြဲက်င္းပၿပီးတဲ့ သုံးရက္ေျမာက္ေန႔ကတည္းက သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေၾကညာခဲ့တာပါ။ တပ္မေတာ္နဲ႔ UEC ေပါင္းၿပီး ေ႐ြးေကာက္ပြဲျပန္လုပ္ေပးဖို႔လည္း သတင္းစာရွင္းလင္းပြဲမွာ ထည့္ေျပာပါတယ္။ အဲ့ဒီေန႔ရက္စြဲနဲ႔ပဲ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြ သံသယရွိမႈေတြကို ေျဖရွင္းဖို႔အတြက္ ႏိုင္ငံေရးပါတီကိုယ္စားလွယ္ေတြနဲ႔ အေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္ရွိတဲ့ အဖြဲ႕အစည္းေတြပါဝင္ၿပီး လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္တရပ္ဖြဲ႕ေပးဖို႔ ျပည္ခိုင္ၿဖိဳးနဲ႔ အျခားပါတီ ၁၅ ခုတို႔က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျပည္ခိုင္ၿဖိဳး သတင္းစာရွင္းလင္းပြဲအၿပီး သိပ္မၾကာခင္မွာပဲ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) ကလည္း သတင္းစာရွင္းလင္းပြဲလုပ္ၿပီး စြပ္စြဲခ်က္ေတြကို ေျဖရွင္းပါတယ္။ UEC က ေျပာတာကေတာ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ စြပ္စြဲခ်က္ေတြဟာ အေျခအျမစ္မရွိတဲ့အတြက္ ထည့္သြင္းစဥ္းစားစရာ မလိုဘူးဆိုတာပဲ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ သတင္းစာရွင္းလင္းပြဲလုပ္ေနတဲ့ ေနျပည္ေတာ္ UEC ႐ုံးေရွ႕ကို ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ဖ်က္သိမ္းခံလိုက္ရတဲ့ ႏွင္းဆီပါတီကို ေထာက္ခံသူေတြက ဆႏၵလာျပၾကပါတယ္။ ေ႐ြးေကာ္႐ုံးေရွ႕ ဆႏၵျပပြဲဟာ ဒီမိုကေရစီရဲ႕ အႏွစ္သာရျဖစ္တဲ့အတြက္ ႀကိဳဆိုေၾကာင္း ေကာ္မရွင္တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးျမင့္ႏိုင္က မီဒီယာေတြကို ေျပာေပမယ့္ ဖမ္းဆီးၿပီး ေထာင္ဒဏ္စီရင္ၿပီးကာမွ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၀ရက္ေန႔ကလည္း လွည္းကူးၿမိဳ႕နယ္ ေ႐ြးေကာ္႐ုံးေရွ႕ ဆႏၵလာျပၾကတဲ့ သူေတြထဲက ဦးေဆာင္သူသုံးဦးကိုေတာ့ ၿငိမ္းစုစီဥပေဒနဲ႔ ရဲက အမႈဖြင့္ခဲ့ပါတယ္။ လွည္းကူးၿမိဳ႕နယ္မွာ ဆႏၵျပရတဲ့ အေၾကာင္းက လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီး(အေနာက္) ေက်း႐ြာအုပ္စု မဲ႐ုံ အမွတ္(၃)မွာ မဲေပးခဲ့တဲ့ ျဖစ္စဥ္အေပၚ ေက်နပ္မႈမရွိတာေၾကာင့္လို႔ သိရပါတယ္။

ႏိုဝင္ဘာ ၁၁ ရက္ေန႔ ေနျပည္ေတာ္ေ႐ြးေကာ္႐ုံးေရွ႕ ဆႏၵျပပြဲၿပီးေနာက္ ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာလည္း ေနျပည္ေတာ္ဥတၱရသီရိ ၿမိဳ႕နယ္မွာ ျပည္ခိုင္ၿဖိဳးပါတီ ဝန္းရံသူေတြက ဆႏၵထပ္ျပၾကပါေသးတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီ ရတဲ့မဲက ပါတီကို ဝန္းရံသူေတြရဲ႕ အေရအတြက္နဲ႔ ကြာျခားလြန္းတဲ့အတြက္ ဆႏၵျပရတာလို႔ ေနျပည္ေတာ္ဆႏၵျပပြဲကို ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးေငြပြားက ေျပာပါတယ္။

ႏိုဝင္ဘာ ၁၅ရက္ေန႔မွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီက ေနာက္ထပ္သတင္းစာရွင္းလင္းပြဲတခုကို မႏၲေလးၿမိဳ႕က တိုင္းပါတီ႐ုံးမွာ လုပ္ပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အယုံအၾကည္မရွိလို႔ဆိုထားေပမယ့္ အျငင္းပြားမႈေတြကို ေျဖရွင္းဖို႔ တာဝန္အရွိဆုံးက ေကာ္မရွင္ျဖစ္ေနတဲ့အေပၚ ဘယ္လို ဆက္လက္ေဆာင္႐ြက္သြားမလဲလို႔ VOM သတင္းေထာက္က သတင္းစာရွင္းလင္းပြဲ တက္ေရာက္တဲ့ မႏၲေလးတိုင္း နယ္လုံဝန္ႀကီးေဟာင္း မႏၲေလးတိုင္း ျပည္ခိုင္ၿဖိဳးပါတီ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုးကို ေမးျမန္းခဲ့ပါတယ္။

ဦးေအာင္ေက်ာ္မိုးက “ဒီအဖြဲ႕အစည္းကို အယုံအၾကည္ မရွိေပမယ့္ အဲ့ဒီအဖြဲ႕အစည္းကို ျဖဳတ္ပစ္လိုက္လို႔မွမရတာ အဲ့ဒီအဖြဲ႕အစည္းကို သမၼတကိုယ္တိုင္ခန႔္အပ္ထားတဲ့ အဖြဲ႕အစည္းျဖစ္ေနတာေၾကာင့္ လုပ္စရာနည္းလမ္းအတိုင္းကေတာ့ သြားရမွာပဲ” လို႔ တုံ႔ျပန္ေျပာၾကားပါတယ္။

ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာေတာ့ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးကေန လူစုလူေဝးနဲ႔ ဆႏၵျပတာေတြကို ထိထိေရာက္ေရာက္ အေရးယူေတာ့မယ္လို႔ ထုတ္ျပန္ပါတယ္။ အေျခခံျပည္သူေတြအေပၚ ႏိုင္ငံေတာ္ရဲ႕ စတုတၳအႀကိမ္ ေထာက္ပံ့မႈကို ဆႏၵျပမႈေတြလို႔ ထုတ္ျပန္မႈမွာပါေပမယ့္ ပါတီအခ်ိဳ႕ကေတာ့ ေ႐ြးေကာက္ပြဲရလာဒ္အေပၚ ဆႏၵျပမႈေတြကို တားဆီးၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ အစိုးရဖြဲ႕လိုတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုတိယဥကၠဌျဖစ္တဲ့ ဦးေက်ာ္ေဇယ်က ကိုဗစ္ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အေပၚ သူ႔အျမင္ကို ခုလိုေျပာပါတယ္။

“ကိုဗစ္ကာလမွာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့လည္း တရားမမွ်တဘူး။ ေနရာ အသီးသီးမွာ လူစုလူေဝးနဲ႔ လုပ္ခ်င္ေနၾကတာေလ။ ဒါေတြကို ကာကြယ္ဖို႔အတြက္ ကိုဗစ္ကို အေၾကာင္းျပခ်င္တာေလ။ လက္ရွိ အာဏရပါတီအေနနဲ႔ အႏိုင္ရသြားၿပီဆိုေတာ့ စင္ေပၚေရာက္သြားေတာ့ ေငြေလးေသာင္းနဲ႔ လူစုလူေဝးပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ အမ်ိဳးဘာသာသနာအတြက္ လုပ္တာမေကာင္းဘူးေပါ့၊ အစိုးရတစ္ရပ္ကို ေလ်ာလ်ာ႐ူ႐ူ ဖြဲ႕ခ်င္တယ္။ တိုင္းျပည္မၿငိမ္သက္တာကို လုံးဝမလိုလားဘူး။ မဲလည္း ႏိုင္သြားၿပီ၊ အေပၚစီးလည္းေရာက္သြားၿပီဆိုေတာ့ တိုင္းျပည္မၿငိမ္မသက္တာကိုလုံးဝမလိုလားဘူး လုံးဝလက္ခံမွာ မဟုတ္ဘူး၊ ဒါေတာ့ သူတို႔က တားေနမွာပဲ၊ လက္ရွိအာဏာရအဖြဲ႕အစည္းဆိုေတာ့ သူတို႔သေဘာပဲေလ”

ကိုဗစ္ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အၿပီး ေနာက္ေန႔ ႏိုဝင္ဘာ ၁၈ရက္ေန႔မွာေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ သမာသမတ္က်တဲ့ ေ႐ြးေကာက္ပြဲမဟုတ္ဘူးဆိုၿပီး မေကြးတိုင္း နတ္ေမာက္ၿမိဳ႕မွာ ေဒသခံအခ်ိဳ႕က ဆႏၵျပၾကပါတယ္။ ေ႐ြးေကာက္ပြဲမတိုင္ခင္က NLD ေအာင္ႏိုင္ေရးလိုက္ပါခဲ့တဲ့ ေက်ာင္းဆရာေတြက မဲ႐ုံမႉး၊ ဒုမဲ႐ုံမႉးျဖစ္ေနတာဟာ သမာသမတ္မက်ဘူးလို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြက ဆိုၾကပါတယ္။ ႏိုဝင္ဘာ ၂၂ ရက္၊ ၂၃ ရက္နဲ႔ ၂၄ ရက္ေန႔ေတြမွာလည္း မေကြးတိုင္းထဲ့က ပြင့္ျဖဴ၊ စကု၊ ေရစႀကိဳနဲ႔ ေရနံေခ်ာင္းၿမိဳ႕ေတြမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အလိုမရွိေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲမသမာမႈေတြကို ေဖာ္ထုတ္စစ္ေဆးေပးဖို႔အတြက္ ဆႏၵျပခဲ့ၾကပါေသးတယ္။

ရန္ကုန္မွာေတာ့ ႏိုဝင္ဘာ ၂၀ ရက္ေန႔ တရက္ထဲမွာပဲ အင္းစိန္ၿမိဳ႕နယ္၊ ဒလၿမိဳ႕နယ္နဲ႔ မဟာဗႏၶဳလပန္းၿခံေရွ႕ေတြမွာ UEC ရဲ႕ ဘက္လိုက္မႈေတြအေပၚ ဆႏၵျပပြဲ သုံးခု ျပဳလုပ္ခဲ့ပါတယ္။ အင္းစိန္ၿမိဳ႕နယ္မွာျပဳလုပ္တဲ့ ဆႏၵျပပြဲကို အင္းစိန္ၿမိဳ႕နယ္ကအျပင္ ေမွာ္ဘီ၊ တိုက္ႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ေတြက ဝန္းရံသူ ၂၀၀ခန႔္ ပါဝင္ခဲ့တယ္လို႔ ဦးေဆာင္သူေတြက ဆိုပါတယ္။ အင္းစိန္ဆႏၵျပပြဲဟာ ခြင့္ျပဳခ်က္မရဘဲ လုပ္တာျဖစ္တဲ့အတြက္ အဲ့ေန႔ ညေနမွာပဲ ဆႏၵျပပြဲ ဦးေဆာင္သူ ငါးဦးကို ၿငိမ္းစုစီဥပေဒနဲ႔ အင္းစိန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္လိုက္ပါတယ္။

မဟာဗႏၶဳလပန္းၿခံေရွ႕ ဆႏၵျပပြဲကိုေတာ့ မေအးသူဇာျမင့္ဆိုသူက တကိုယ္ေတာ္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ ဆႏၵျပပြဲကို အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူ ၅၀ ခန႔္က လာေရာက္ဝန္းရံခဲ့ၾကပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ တရားမဲ့ျပဳက်င့္မႈေတြေၾကာင့္ ပါတီငယ္ေတြ ဒုကၡေရာက္ရတဲ့အတြက္ ေကာ္မရွင္ကို အေရးယူေပးဖို႔ အဆိုပါ ဆႏၵျပပြဲကေနတဆင့္ မေအးသူဇာျမင့္က ႏိုင္ငံေတာ္သမၼတကို ေတာင္းဆိုခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၁ ရက္ေန႔ကလည္း UEC အလိုမရွိေၾကာင္းနဲ႔ အသစ္ျပန္ဖြဲ႕ေပးဖို႔ လူဦးေရ ၃၀၀ ေလာက္က ရန္ကုန္ ဒဂုံအေရွ႕ပိုင္းၿမိဳ႕နယ္မွာ ဆႏၵျပၾကပါတယ္။ ဆႏၵျပပြဲဟာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို စာတင္ၿပီး ျပဳလုပ္တာမဟုတ္တဲ့အတြက္ ရဲတပ္ဖြဲ႕နဲ႔ ဆႏၵျပသူေတြအၾကား အေျခအတင္ ျဖစ္ခဲ့ပါေသးတယ္။

ႏိုတင္ဘာ ၂၂ ရက္နဲ႔ ၂၄ ရက္ေတြမွာေတာ့ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နဲ႔ ဧရာဝတီတိုင္း ဇလြန္ၿမိဳ႕က ျပည္ခိုင္ၿဖိဳးပါတီ႐ုံးေတြေရွ႕မွာ UEC ကိုအလိုမရွိေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚ ဆႏၵျပပြဲေတြကို ၎တို႔ပါတီက ဦးေဆာင္ျပဳလုပ္တယ္လို႔ တရားဝင္မေျပာေပမယ့္ ပါတီထိပ္ပိုင္းေခါင္းေဆာင္တခ်ိဳ႕ကေတာ့ ဆႏၵျပပြဲေတြကို လာေရာက္အားေပးစကားေျပာတာေတြ ရွိခဲ့ပါတယ္။

“က်မတို႔သည္ ျပည္သူသည္ အဖိႏွိပ္ခံေနရတယ္။ က်မတို႔ျပည္သူေတြ အျပည့္အဝရွိေနတယ္။ ဒါေၾကာင့္မလို႔ အားမေလွ်ာ့ပါနဲ႔။ က်မတို႔ဆက္ၿပီး တိုက္ပြဲဝင္ရမယ္။ ညီသလား” ဆိုၿပီး ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုေကာ္မတီဝင္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦး ျဖစ္တဲ့ ေဒၚယဥ္မင္းျမင့္ေဆြက ႏိုဝင္ဘာ ၁၅ရက္က ေနျပည္ေတာ္ ဥတၱရသီရိမွာလုပ္တဲ့ ဆႏၵျပပြဲမွာ ေျပာခဲ့တာပါ။

လြတ္လပ္၊ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ ပ်က္ကြက္ခဲ့တဲ့အျပင္ အေျခခံဥပေဒက ေပးအပ္ထားတဲ့ တာဝန္ေတြကိုထမ္းေဆာင္ဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္သမၼတအေနနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို အေရးယူေပးဖို႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဖက္ ၁၈ ပါတီက ႏိုဝင္ဘာ ၂၄ ရက္ ေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုခဲ့ပါတယ္။ ႏိုဝင္ဘာ ၂၆ ရက္ေန႔မွာေတာ့ ၂၄ ရက္ေန႔ ေၾကညာခ်က္အေပၚမွာ တုံ႔ျပန္မႈ တစုံတရာမရရွိတဲ့အတြက္ဟုဆိုၿပီး ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠဌ ဦးခင္ရီနဲ႔အတူ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌဦးသိန္းၾကည္၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးစိုးေမာင္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝဏၰေမာင္လြင္တို႔က ပူးတြဲသတင္းစာရွင္းလင္းခဲ့ပါတယ္။ UECကို တိုင္စာ ၉၀၀ နီးပါးနဲ႔ ရဲစခန္းကိုတိုင္ထားတာ ၁၀၀ နီးပါးရွိေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ဦးခင္ရီက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္ အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြအျပင္ ေကာ္မရွင္တာဝန္ရွိသူေတြအေပၚ လက္နက္နဲ႔ ၿခိမ္းေျခာက္တာေတြလည္း ျဖစ္ပြားခဲ့ပါေသးတယ္။ ေက်ာက္မဲၿမိဳ႕နယ္မွာေနထိုင္တဲ့ အဆိုပါၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးစိုးထြန္းရဲ႕ ေနအိမ္ကို အမည္မသိသူေတြက လက္နက္ငယ္နဲ႔ပစ္တဲ့ကိစၥ ႏိုဝင္ဘာ၁၄ရက္က ျဖစ္ပြားခဲ့တာပါ။ NLD ပါတီက ေက်ာက္မဲၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ အႏိုင္ရကိုယ္စားလွယ္ ဦးထိုက္ေဇာ္ဟာလည္း ေနအိမ္ေရွ႕မွာပဲ အမည္မသိ ေသနတ္သမားေတြရဲ႕ ပစ္သတ္တာကို ခံခဲ့ရပါတယ္။ အဆိုပါ ပစ္ခတ္မႈဟာ ေ႐ြးေကာက္ပြဲရလာဒ္ကို မေက်နပ္သူေတြက လုပ္ေဆာင္ခဲ့တာလို႔ စြပ္စြဲမႈေတြ ေပၚေပါက္ခဲ့ေပမယ့္ စစ္ေဆးမႈေတြေတာ့ လုပ္ေဆာင္ေနဆဲပဲ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ေဆာင္မႈေတြကို ပူးတြဲကန႔္ကြက္ခဲ့ၾကတဲ့ ပါတီေတြထဲမွာ လႊတ္ေတာ္အရပ္ရပ္မွာ ၇၁ ေနရာ အႏိုင္ရရွိခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီကလြဲရင္ က်န္ပါတီေတြအေနနဲ႔ ေနရာ တေနရာမွ အႏိုင္မရရွိခဲ့တာကို ေတြ႕ရပါတယ္။ NLD ပါတီရဲ႕ တႏိုင္ငံလုံးမွာ အျပတ္အသတ္အႏိုင္ရရွိမႈအေပၚမွာ ျပည္သူေတြရဲ႕ ေ႐ြးခ်ယ္မႈကို ေလးစားေပမယ့္ UEC ရဲ႕ တရားမဲ့ျပဳက်င့္မႈေတြကို မေက်နပ္တဲ့အတြက္ အခုလို တိုင္ၾကားမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဖက္ပါတီေတြက ဆိုၾကပါတယ္။ လူမႈကြန္ယက္မွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေ႐ြးေကာက္ပြဲအၿပီး လုပ္ေဆာင္ေနမႈေတြဟာ မင္းသားႀကီးမလုပ္ရလို႔ ပတ္မႀကီးထိုးေဖာက္တယ္ဆိုတဲ့ ေျပာဆိုမႉေတြ ပ်ံ႕ႏွံ႔ေနၿပီး အဆိုပါေျပာၾကားမႈေတြအေပၚ ျပည္ခိုင္ၿဖိဳးပါတီ ေျပာခြင့္ရသူ ေဒါက္တာနႏၵာလွျမင့္ကေတာ့ အခုလို တုံ႔ျပန္ပါတယ္။

“ဒါကေတာ့ လုံးဝလြဲမွားတဲ့ စြပ္စြဲမႈပါပဲ။ က်ေနာ္တို႔ ပါတီက အစိုးရလုပ္ခဲ့တဲ့ပါတီျဖစ္တယ္။ က်ေနာ္တို႔ပါတီက ဦးေဆာင္ၿပီးေတာ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တစြာ က်ေနာ္တို႔ ယွဥ္ၿပိဳင္ေပးခဲ့တယ္။ အဲံတုန္းက ျပည္သူ႔ရဲ႕ဆႏၵအတိုင္း ထြက္ေပၚလာတဲ့ ရလာဒ္ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ လက္ရွိအစိုးရကို က်ေနာ္တို႔ အာဏာလႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့‌ေတာ့ က်ေနာ္တို႔အေနနဲ႔ မင္းသားႀကီးမလုပ္ရလို႔ ပတ္မႀကီးထိုးေဖာက္စရာအေၾကာင္းကို ဘယ္လိုမွမရွိတာ”လို႔ VOM ကို ေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ြးေကာက္ပြဲအၿပီး ေပၚထြက္လာမယ့္ ရလာဒ္ကိုလက္ခံေၾကာင္း ႏိုဝင္ဘာ ၈ရက္ေန႔ ဆႏၵမဲေပးၿပီးခ်ိန္ကတည္းက မီဒီယာေတြကို ေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူေတြကလည္း ၎တို႔အေနနဲ႔ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပေပးခဲ့တယ္လို႔ အခိုင္အမာဆိုထားၿပီး ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာခဲ့သူေတြကလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္၊ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္တယ္လို႔ ဆိုထားၾကပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဖက္ပါတီေတြကေတာ့ ၎တို႔အေနနဲ႔ ေ႐ြးေကာက္ပြဲမသမာမႈေတြအေပၚမွာ ဥပေဒေဘာင္အတြင္းက လုပ္ေဆာင္စရာရွိတာေတြကို လုပ္ေဆာင္ေနတာျဖစ္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ တုံ႔ျပန္မႈေတြအေပၚမူတည္ၿပီး ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ဆိုထားတဲ့အတြက္ ဘာေတြဆက္လက္ေဆာင္႐ြက္သြားမယ္ဆိုတာကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဆႏၵျပပြဲေတြရဲ႕ေနာက္ကြယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW