မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းခံရတဲ့ ဗန်းမော်က အလွတ်သတင်းထောက်လွတ်ပြီ

မန္တလေး-နိုဝင်ဘာ ၂၆-၂၀၂၀

နေလင်း(VOM)

 

၂၀၂၀အောက်တိုဘာ ၄ ရက်နေ့က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ဖမ်းခံရတဲ့ ဗန်းမော်မြို့က အလွတ်သတင်းထောက် ဦးဦးငြိမ်း (ခ) ဦးငြိမ်းချမ်း ကို  ဒီကနေ့ နိုဝင်ဘာ ၂၆မှာ အမှုကနေ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

 

မိုးမောက်ရဲစခန်းအချုပ်မှာ ၅၃ ရက် ဖမ်းဆီထိမ်းသိမ်းခံထားရာက ပြန်လွတ်လာတဲ့ ဦးဦးငြိမ်းက

“ ကျနော့်ကို ၂၀၁၅ တုန်းကရေးတဲ့ ကျွဲနွားမှောင်ခိုနဲ့ ပြည်သူ့စစ် ဆိုတဲ့ ဆောင်းပါးနဲ့ အရင်က ပုဒ်မ ၅၀၀နဲ့ အမှုဖွင့်ထားလို့ ကျနော်တိမ်းရှောင်နေရာက အောက်တိုဘာ ၄ ရက်က ဖမ်းပြီး ၁၇(၁)နဲ့ အမှုစွဲတင်တယ်၊ ဗန်းမော်ထောင်ကို ၃ကြိမ်ပို့ပေမယ့် ထောင်က လက်မခံလို့ မိုးမောက်ရဲအချုပ်မှာဘဲနေရာက သူတို့တရားလိုသက်သေတွေက မခိုင်လုံလို့ အပြီးအပြတ်လွှတ်လိုက်တာဖြစ်တယ်” လို့ ဗီအိုအမ်ကိုပြောပါတယ်။

 

ဦးဦးငြိမ်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး သတင်းထောက်လုပ်စဉ်မှာလည်း နွားမှောင်ခိုသတင်းတွေရေးလို့ သူ့အိမ်ကို မိုင်းခွဲတိုက်ခိုက်တာခံရတာ ဖမ်းဆီးဖို့စီစဉ်တာတွေကြောင့် တိမ်းရှောင်ရင်း နေရပ်ဗန်းမော်ကို ပြန်ချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ နေရပ်ရင်းဗန်းမော်ကို ပြန်နေဆဲဖြစ်တာမို့  အပြည့်အစုံကို ထပ်မံတင်ပြပေးပါ့မယ်။

 

#voiceofmyanmar #VOM #ဗန်းမော် #ဦးဦးငြိမ်း

zawgyi

မတရားအသင္းဆက္သြယ္မႈနဲ႔ ဖမ္းခံရတဲ့ ဗန္းေမာ္က အလြတ္သတင္းေထာက္လြတ္ၿပီ

မႏၲေလး-ႏိုဝင္ဘာ ၂၆-၂၀၂၀
ေနလင္း(VOM)

ေအာက္တိုဘာ ၄ ရက္ေန႔က မတရားအသင္းဆက္သြယ္မႈပုဒ္မ ၁၇(၁) နဲ႔ ဖမ္းခံရတဲ့ ဗန္းေမာ္ၿမိဳ႕က အလြတ္သတင္းေထာက္ ဦးဦးၿငိမ္း ဒီကေန႔ အမႈကေန ကြင္းလုံးကြၽတ္လႊတ္ေပးလိုက္ၿပီျဖစ္ပါတယ္။

မိုးေမာက္ရဲစခန္းအခ်ဳပ္မွာ ၅၃ ရက္ ဖမ္းဆီထိမ္းသိမ္းခံထားရာက ျပန္လြတ္လာတဲ့ ဦးဦးၿငိမ္းက
“ က်ေနာ့္ကို ၂၀၁၅ တုန္းကေရးတဲ့ ကြၽဲႏြားေမွာင္ခိုနဲ႔ ျပည္သူ႔စစ္ ဆိုတဲ့ ေဆာင္းပါးနဲ႔ အရင္က ပုဒ္မ ၅၀၀နဲ႔ အမႈဖြင့္ထားလို႔ က်ေနာ္တိမ္းေရွာင္ေနရာက ေအာက္တိုဘာ ၄ ရက္က ဖမ္းၿပီး ၁၇(၁)နဲ႔ အမႈစြဲတင္တယ္၊ ဗန္းေမာ္ေထာင္ကို ၃ႀကိမ္ပို႔ေပမယ့္ ေထာင္က လက္မခံလို႔ မိုးေမာက္ရဲအခ်ဳပ္မွာဘဲေနရာက သူတို႔တရားလိုသက္ေသေတြက မခိုင္လုံလို႔ အၿပီးအျပတ္လႊတ္လိုက္တာျဖစ္တယ္” လို႔ ဗီအိုအမ္ကိုေျပာပါတယ္။

ဦးဦးၿငိမ္းဟာ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းျဖစ္ၿပီး သတင္းေထာက္လုပ္စဥ္မွာလည္း ႏြားေမွာင္ခိုသတင္းေတြေရးလို႔ သူ႔အိမ္ကို မိုင္းခြဲတိုက္ခိုက္တာခံရတာ ဖမ္းဆီးဖို႔စီစဥ္တာေတြေၾကာင့္ တိမ္းေရွာင္ရင္း ေနရပ္ဗန္းေမာ္ကို ျပန္ခ်ိန္မွာ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။
လတ္တေလာအေျခအေနမွာ ေနရပ္ရင္းဗန္းေမာ္ကို ျပန္ေနဆဲျဖစ္တာမို႔ အျပည့္အစုံကို ထပ္မံတင္ျပေပးပါ့မယ္။

#voiceofmyanmar #VOM #ဗန္းေမာ္ #ဦးဦးၿငိမ္း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW