ကျိုက်မရောမြို့မှာ မိခင်ကို သားဖြစ်သူက တုတ်နဲ့ရိုက်သတ်

နိုဝင်ဘာ ၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖားပျောက်အုပ်စု၊ မြန်မာလှိုင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ၂၅ ရက် ညနေပိုင်းက မိခင်ဖြစ်သူကို သားအရင်းက တုတ်နဲ့ရိုက်သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” တူမကို လိုက်ရိုက်နေတော့ ကလေးမက အဖွားဆီထွက်ပြေးတာ။ အဖွားက သားဖြစ်သူကို ဝင်တားတဲ့အခါ တုတ်နဲ့ဆက်ရိုက်လို့ ရရှိတဲ့ဒဏ်ရာတွေနဲ့သေဆုံးသွားတာပါ။ ကျူးလွန်ခဲ့သူက စိတ်ပုံမာန်အနေထားတော့ရှိပုံမရဘူး”လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ဖြစ်စဉ်မှာ အသက် ၃၇ နှစ် အရွယ်အမျိုးသားဟာ တူမတော်စပ်သူ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးကို ရိုက်နှက်ခဲ့တာ‌ကြောင့် အရိုက်ခံရတဲ့ အမျိုးသမီးက အဖွားတော်စပ်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးဆီကိုပြေးသွားပြီး “အမေကြီးရေ ၊ သမီးကိုလိုက်ရိုက်နေပါတယ်”လို့ အော်ဟစ်တိုင်ကြား‌ခဲ့ပါတယ်။

မိခင်ဖြစ်သူက သားဖြစ်သူကို မလုပ်ဖို့ပြောဆိုတားမြစ်တာကို မကျေနပ်တာကြောင့် လက်ထဲပါလာတဲ့တုတ်နဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူမှာ နှာအုံပေါက်ပြဲ၊ ရင်ဘတ်ညိုမဲ၊ မေးစေ့ ပေါက်ပြဲ ဒဏ်ရာတွေနဲ့ အခင်းဖြစ်‌နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ကျိုက်မရောမြို့မရဲစခန်းကနေ သိရပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး အသက် ၃၇နှစ်အရွယ် အမျိုးသားကို ကျိုက်မရောမြို့မရဲစခန်းမှ (ပ)၄၇၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂(လူသတ်မှု)နဲ့ အမှုဖွင့်စစ်ဆေး‌‌နေ
တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်မရော #မိခင်ဖြစ်သူကို #သားဖြစ်သူကရိုက်သတ်

Related posts

Leave a Comment

VOM News

FREE
VIEW