ဆန္ဒပြလယ်သမားတွေနဲ့ ဆွေးနွေးဖို့ အိန္ဒိယအစိုးရ ကမ်းလှမ်း

ဒေလီ၊ နိုဝင်ဘာ-၂၉-၂၀၂၀
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့စိုက်ပျိုးရေးကဏ္ဍကို ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့ ဥပဒေသစ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းရေးအတွက် လာမယ့်သီတင်းပတ်မှာ ဆွေးနွေးဖို့ ဆန္ဒပြလယ်သမား သမဂ္ဂခေါင်းဆောင်တွေကို အိန္ဒိယအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ ဟာရီယာနာပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေလီနယ်စပ်ကို နိုဝင်ဘာ ၂၈ ရက်မှာ ရောက်ရှိလာပြီး မြို့တော်ကိုဝင်ရောက်နိုင်တဲ့ အဓိကမြောက်ပိုင်း အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်ကြပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြပြီး လယ်သမားသမဂ္ဂတွေရဲ့အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်အလံတွေကို ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့အတွက် အိန္ဒိယအစိုးရဟာ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ရာပေါင်းများစွာကို ဖြန့်ကြက်ထားပါတယ်။ လယ်သမားတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အိန္ဒိယအစိုးရက အသင့်ရှိနေကြောင်း ၊ ဆွေးနွေးဖို့အတွက် လယ်သမားကိုယ်စားလှယ်တွေကို ဒီဇင်ဘာ ၃ ရက်မှာ ဖိတ်ကြားတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာက နိုဝင်ဘာ ၂၈ ရက်မှာ ထုြတ်ပန်ပါတယ်။

လယ်ယာထုတ်ကုန်တွေအတွက် အနိမ့်ဆုံးအာမခံဈေးနှုန်းကို ပျက်ပြားသွားစေနိုင်တယ်ဆိုပြီး လယ်သမားတွေက စိုးရိမ်နေတဲ့ ဥပဒေတွေကို မြို့တော်ဒေလီမှာ လယ်သမားတွေကို ဆန္ဒပြခွင့်ပြုလိုက်တာကြောင့် ထိပ်တိုက်ပဋိပက္ခတွေအဆုံးသတ်ပြီးနောက်တစ်ရက်မှာ လယ်သမားတွေနဲ့ ဆွေးနွေးဖို့ အိန္ဒိယအစိုးရက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW