အီရန်နျူကလီးယားပညာရှင်ကို အဝေးထိန်းလက်နက်အသုံးပြုပြီး လုပ်ကြံခံခဲ့ရတယ်လို့ အီရန်ပြော

တီဟီရန်၊ ဒီဇင်ဘာ-၁-၂၀၂၀
မျိုးဆက် (VOM)

အီရန်ထိပ်တန်း နျူကလီးယားပညာရှင် မို့ဆန်ဖာခရီဇာဒက်ကိုလုပ်ကြံသတ်ဖြတ်ရာမှာ အစ္စရေးနဲ့ ပြည်ပရောက် အတိုက်အခံအဖွဲ့တစ်ခုဟာ အဝေးကနေထိန်းချုပ်နိုင်တဲ့ လက်နက်ကိုအသုံးပြုခဲ့တယ်လို့ အီရန်ဘက်ကပြောပါတယ်။

မြို့တော်တီဟီရန်ရဲ့အရှေ့ဘက်မှာ ဖာခရီဇာဒက်ရဲ့ ကားကို ပစ်ခတ်ရာမှာ တိုက်ခိုက်သူတွေဟာ အီလက်ထရောနစ် နည်းပညာသုံးပြီး လက်နက်ကို ထိန်းချုပ်အသုံးပြုခဲ့တယ်လို့ အီရန်လုံခြုံရေးအကြီးအကဲ အလီရှမ်ခါနီက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အီရန်ရဲ့စွပ်စွဲမှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

၂၀၀၀ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဖာခရီဇာဒက်ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်မှာအရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာအသုံးချရေးအတွက်သာဖြစ်တယ်လို့ အီရန်အစိုးရက အခိုင်အမာဆိုခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတာတွေကို ကာကွယ်တားဆီးဖို့ရည်ရွယ်ပြီး အနောက်နိုင်ငံတွေက အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ရပါတယ်။

Ref : BBC
Photo:AP
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW