ခန္တီးဒေသမှာ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းတွေ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေ
ဒီဇင်ဘာ ၂-၂၀၂၀ ကိုတိုးကြီး ‘VOM) စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက ပညာရေးဝန်ထမ်းဖြစ်တဲ့ ဆရာ၊ဆရာမတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲရုံလုပ်ငန်းတွေလုပ်ကိုင်ဖို့ ချင်းတွင်းမြစ်ဖျား တောင်တန်းဒေသကို အောက်တိုဘာလထဲမှာ တာဝန်ပေးခံခဲ့ရတာဖြစ်ပေမယ့် ရွေးကောက်ပွဲပြီးလို့ နေရပ်ပြန်နိုင်ရေးကိစ္စတွေမှာ ခရီးသည်တင်ရေယာဉ်လိုင်းတွေ ပြေးဆွဲတာကို ယာယီရပ်နားထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ” အောက်တိုဘာလမှာ ရွေးကောက်ပွဲကိစ္စနဲ့ အထောက်အကူပြုစေလွတ်နိုင်ဖို့ တာဝန်ကျရာ ဒေသတွေဆီ ရေယာဉ်တွေနဲ့ အရောက်ပို့ဆောင်ပေးခဲ့တယ်၊ အခုဆို ရွေးကောက်ပွဲပြီးနေပြီ ၊ နေရပ်ပြန်ဖို့အရေး ဘယ်သူကမှ တာဝန်ယူတာ မရှိဘူး ၊ ရေယာဉ်တွေကလည်း ခရီးသည်မတင်ရဲဘူး ၊ ရွေးကောက်ပွဲပြန် ပညာရေးဝန်ထမ်းတွေဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြဆိုလည်း ကလေးဝမြို့က ရဲက ရေယာဉ်တွေကိုခရီးသည်တင်ဆိုပြီး ဖမ်းတာတွေရှိတယ်”လို့ နိုဝင်ဘာ ၂၇ ရက်က ခန္တီးမြို့နယ်ကနေ မုံရွာမြို့ကို ဝင်းပပအောင် (၂) ရေယာဉ်နဲ့ စီးနင်းလိုက်ပါလာခဲ့တဲ့ ရွေးကောက်ပွဲတာဝန်ကျ…
Read More
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို သမ္မတက အနားယူခွင့်ပေးလိုက်ပြီ
ဒီဇင်ဘာ ၁ -၂၀၂၀   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည်ဟာ သူ့ ဆန္ဒအလျောက် နုုတ်ထွက်ခွင့်တင်ပြီး အနားယူလိုတာကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနားယူခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။  ဦးအောင်ကြည်နုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွန်ကြားရေးမှူး ဦးကျော်စိုးကို VOM အယ်ဒီတာချုပ် ဦးနေလင်းက ဆက်သွယ်မေးမြန်းကြည့်တော့   ဦးကျော်စိုး။  ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ ၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းပြီးတော့ ပေါ်ပေါက်လာတဲ့ ကော်မရှင်ပါ။ ဥပဒေပြဋ္ဌာန်းပြီးပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့  ဥပဒေပြဌာန်းချက်နဲ့အညီပဲ ဆောင်ရွက်လို့ရပါတယ်ခင်ဗျာ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်အားလုံးကိုလည်း ဥပဒေနဲ့အညီပဲ ခန့်အပ်တာတို့ နှုတ်ထွက်တာတို့  ဒီလိုမျိုး ကျနော်တို့ ဆောင်ရွက်ရပါတယ်ခင်ဗျ။ အခု ကော်မရှင်ဥက္ကဋ္ဌကြီး နှုတ်ထွက်ရခြင်း အကြောင်းအရင်းကလည်း အကတိလိုက်စားမှုကော်မရှင်ဥပဒေ ၁၂ (ဂ)အရ မိမိဆန္ဒအလျှောက် နှုတ်ထွက်ခြင်းပဲ ဖြစ်ပါတယ်။   VOM။ …
Read More
နှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်ကြမလဲ
ဒီဇင်ဘာ ၁-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read More
အနိုင်ရ NLD ပါတီ နောင်၅နှစ်အတွက်ဘာတွေပြင်နေသလဲ
Read More
မြန်မာတိုင်းမ်က ထုတ်ဝေနေတဲ့ စာစောင်တွေ ယာယီရပ်နား
ဒီဇင်ဘာ ၁-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ကထုတ်ဝေတဲ့ မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ၊ အင်္ဂလိပ် နေ့စဉ်သတင်းစာနဲ့ အပတ်စဉ်ထုတ် အင်္ဂလိပ်ဂျာနယ်တို့ကို ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ယာယီရပ်နားထားတယ်လို့ သိရပါတယ်။ “ အခုတေ့ာ ဘယ်နှစ်ရက်အထိ ပိတ်ရမယ်ဆိုတာ သာကေတမြို့နယ် စက်မှုဇုန် ကော်မတီ ရော ကိုဗစ်ကော်မတီကရော မပြောသေးပါဘူး။ ပုံနှိပ်မထုတ်ဘူး PDFထုတ်ပါတယ်။ လူလျော့တာတွေတော့ မရှိပါဘူး။ ပုံနှိပ်တိုက်တွေကို ကိုဗစ်ကာကွယ်ရေး ဆေးဖြန်းတာတွေ လုပ်ဖို့အတွက်ပါ။ ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာ မသိရသေးပါဘူး ။ ပြန်ထွက်မယ့်နေ့လည်း ကြေငြာပေးသွားမှာပါ“လို့ မြန်မာတိုင်းမ်က Chief Operation Officer ဦးဝေလင်းက ပြောပါတယ် ။ အခုလို ယာယီရပ်တာကလည်း ပုံနှိပ်လုပ်ငန်းမှာ Covid–19 ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေတာကြောင့်ဖြစ်ပြီး လပေးဖတ်နေတဲ့သူတွေ မနစ်နာစေဖို့ကိုလည်း ကုမ္ပဏီက အပြည့်အဝတာဝန်ယူမယ်လု့ိ မြန်မာတိုင်းမ်က ထုတ်ပြန်ထားပါတယ်။ Online…
Read More
ကချင်စစ်ရှောင်အားလုံးနေရပ်ပြန်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ (KHCC) ဥက္ကဋ္ဌတို့ဆွေးနွေး
ဒီဇင်ဘာ ၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်(KBC)နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နေရပ်ပြန်စစ်ရှောင်အားလုံး နေရပ်ပြန်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ (KHCC) တွဲဖက်အတွင်းရေးမှူး ၃ ဦးခါးလီက ပြောပါတယ်။ အဲ့ဒီလို တွေ့ဆုံရာမှာ အရင်ကလို ၇ ရွာ ၈ ရွာပဲ ပြန်ပို့တာမဟုတ်ဘဲ အားလုံးပြန်နိုင်အောင် အကောင်အထည်ဖော် လုပ်ဆောင်ရေးကို ဆွေးနွေးခဲ့ကြတယ်လု့ိ သိရပါတယ်။ (KHCC) တွဲဖက် အတွင်းရေးမှူး ၃ ဦးခါးလီကို ဒီနေ့တွေ့ဆုံးမှုကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က နေရပ်ပြန်ကိစ္စတွေအတွက် ပြန်လည်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “ အားလုံးပြန်နိုင်တဲ့အဆင့်မှာ လုပ်ဆောင်ပါလို့ ပြောပါတယ်ခင်ဗျ၊ သူတို့ဘက်ကတော့ လုံခြုံရေးနဲ့ မိုင်းရှင်းလင်းရေးကို တာဝန်ယူမှာပါ”လို့ ပြောပါတယ်။ စစ်ရှောင်တွေနေရပ်ပြန်အခြေချနိုင်ရေးနဲ့ပတ်သက်ပြီး (KHCC)အနေနဲ့ ချီဖွေမြို့နယ်မှာ ဆဒုံးနဲ့ ကန်ပိုက်တီလမ်းက ကျေးရွာ ၇ ရွာကို စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့…
Read More
ကိုဗစ်အတွက် မန္တလေးတိုင်းအစိုးရ ဘာတွေလုပ်ခဲ့သလဲ ဘာတွေလုပ်မလဲ
Read More
စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးမပေးတဲ့အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ
ဒီဇင်ဘာ ၁-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိူင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံးရှေ့မှာ စက်ရုံမပိတ်သိမ်းမီ ဥပဒေနှင့်အညီ နစ်နာကြေးမပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့အတွက် အလုပ်သမားတွေက ဒီကနေ့မနက်ပိုင်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ စက်ရုံပိတ်သိမ်းပြီးနောက်ပိုင်း နစ်နာကြေးမပေးတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။ “စက်ရုံပိတ်တာက ရှစ်လပိုင်းကတည်းက အခုချိန်ထိ နစ်နာကြေးမရသေးဘူး၊ ဒါကြောင့် အလုပ်ရှင်ကိုအရေးယူပေးဖို့ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံကော်မရှင်က ကူညီဖြေရှင်းပေးဖို့ ဆန္ဒပြတာပါ”လို့ ကိုကျော်ကျော်ကပြောပါတယ်။ Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စက်ရုံကို အပြီးပိတ်သိမ်းခဲ့ပေမယ့်လည်း အလုပ်သမားတွေကို အခြေခံလစာ ၁၄၄၀၀၀ ကျပ်သာပေးပြီး အခြားနစ်နာကြေးပေးတာတွေ မရှိဘူးလို့ စက်ရုံအလုပ်သမား မအေးနန္ဒာကပြောပါတယ်။ ” မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးကို နိုဝင်ဘာလ ၂၇ရက်နေ့က အလုပ်သမား ၅…
Read More
အီရန်နျူကလီးယားပညာရှင်ကို အဝေးထိန်းလက်နက်အသုံးပြုပြီး လုပ်ကြံခံခဲ့ရတယ်လို့ အီရန်ပြော
တီဟီရန်၊ ဒီဇင်ဘာ-၁-၂၀၂၀ မျိုးဆက် (VOM) အီရန်ထိပ်တန်း နျူကလီးယားပညာရှင် မို့ဆန်ဖာခရီဇာဒက်ကိုလုပ်ကြံသတ်ဖြတ်ရာမှာ အစ္စရေးနဲ့ ပြည်ပရောက် အတိုက်အခံအဖွဲ့တစ်ခုဟာ အဝေးကနေထိန်းချုပ်နိုင်တဲ့ လက်နက်ကိုအသုံးပြုခဲ့တယ်လို့ အီရန်ဘက်ကပြောပါတယ်။ မြို့တော်တီဟီရန်ရဲ့အရှေ့ဘက်မှာ ဖာခရီဇာဒက်ရဲ့ ကားကို ပစ်ခတ်ရာမှာ တိုက်ခိုက်သူတွေဟာ အီလက်ထရောနစ် နည်းပညာသုံးပြီး လက်နက်ကို ထိန်းချုပ်အသုံးပြုခဲ့တယ်လို့ အီရန်လုံခြုံရေးအကြီးအကဲ အလီရှမ်ခါနီက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အီရန်ရဲ့စွပ်စွဲမှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ၂၀၀၀ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဖာခရီဇာဒက်ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်မှာအရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာအသုံးချရေးအတွက်သာဖြစ်တယ်လို့ အီရန်အစိုးရက အခိုင်အမာဆိုခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတာတွေကို ကာကွယ်တားဆီးဖို့ရည်ရွယ်ပြီး အနောက်နိုင်ငံတွေက အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ရပါတယ်။ Ref : BBC Photo:AP #voiceofmyanmar #VOM #တီဟီရန်
Read More
ပြင်ဦးလွင်မြို့မှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ပထမဆုံးအကြိမ်သေဆုံး
ဒီဇင်ဘာ ၁-၂၀၂၀ ဟိန်းကို(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ရောဂါသီးသန့်ကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၇၂နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးခဲ့တယ်လို့ ပြင်ဦးခရိုင်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ” လူနာနဲ့ ဆက်စပ်ထိတွေ့မှုရှိထားတဲ့ ပိုးတွေ့လူနာအိမ်က မိသားစုတွေ ၊ အောင်သုခဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေ ၊ လာရောက်ဝတ်ပြုဆုတောင်းပေးခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ချမ်းသာသုခဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ၊ ပြင်ဦးလွင်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ စုစုပေါင်း (၂၀)ဦးခန့်ကို အသွားအလာကန့်သတ်ရာနေရာတွေကို ပို့ဆောင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်သွားမယ်၊ အခြားသူတွေအားလုံးကိုလည်း အသွားအလာကန့်သတ်‌စောင့်ကြည့်ထားပါတယ်”လို့ ပြင်ဦးလွင်ခရိုင်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာသန်းဝင်းကပြောပါတယ်။ သေဆုံးသူဟာ ရပ်ကွက်ကြီး(၁၀)၊ ခွါညိုလမ်းမှာနေတဲ့ အသက် (၇၂) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သွေးတိုး၊ဆီးချို၊ နှလုံးရောဂါအခံရှိသူဖြစ်ကာ ကိုဗစ်ရောဂါသံယယ လက္ခဏာတွေနဲ့ ပြင်ဦးလွင်ဆေးရုံကြီးကို ရောက်ရှိလာချိန် ရောဂါပိုး ရှိ၊မရှိစစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့သူဖြစ်တယ်လို့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။ သေဆုံးလူနာရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အမျိုးသား၂ဦးဟာ…
Read More
VOM News
FREE
VIEW