မြန်မာတိုင်းမ်က ထုတ်ဝေနေတဲ့ စာစောင်တွေ ယာယီရပ်နား

ဒီဇင်ဘာ ၁-၂၀၂၀
ယဉ်ပပထွန်း(VOM)
ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ကထုတ်ဝေတဲ့ မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ၊ အင်္ဂလိပ် နေ့စဉ်သတင်းစာနဲ့ အပတ်စဉ်ထုတ် အင်္ဂလိပ်ဂျာနယ်တို့ကို ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ယာယီရပ်နားထားတယ်လို့ သိရပါတယ်။
“ အခုတေ့ာ ဘယ်နှစ်ရက်အထိ ပိတ်ရမယ်ဆိုတာ သာကေတမြို့နယ် စက်မှုဇုန် ကော်မတီ ရော ကိုဗစ်ကော်မတီကရော မပြောသေးပါဘူး။ ပုံနှိပ်မထုတ်ဘူး PDFထုတ်ပါတယ်။ လူလျော့တာတွေတော့ မရှိပါဘူး။ ပုံနှိပ်တိုက်တွေကို ကိုဗစ်ကာကွယ်ရေး ဆေးဖြန်းတာတွေ လုပ်ဖို့အတွက်ပါ။ ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာ မသိရသေးပါဘူး ။ ပြန်ထွက်မယ့်နေ့လည်း ကြေငြာပေးသွားမှာပါ“လို့ မြန်မာတိုင်းမ်က Chief Operation Officer ဦးဝေလင်းက ပြောပါတယ် ။
အခုလို ယာယီရပ်တာကလည်း ပုံနှိပ်လုပ်ငန်းမှာ Covid–19 ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေတာကြောင့်ဖြစ်ပြီး လပေးဖတ်နေတဲ့သူတွေ မနစ်နာစေဖို့ကိုလည်း ကုမ္ပဏီက အပြည့်အဝတာဝန်ယူမယ်လု့ိ မြန်မာတိုင်းမ်က ထုတ်ပြန်ထားပါတယ်။
Online စာစောင် PDF Version ကိုတော့ နေ့စဉ်ထုတ်ပေးမှာဖြစ်ပြီး Online သတင်းတွေကိုလဲ  မြန်မာတိုင်းမ် Online စာမျက်နှာတွေကနေ တင်ပြပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး  မြန်မာတိုင်းမ်က သတင်းထောက်တစ်ဦးကို ဆက်သွယ်ရာမှာတော့ “ကျွန်တော်တို့ကတော့ လက်ရှိ ရုံးမသွားရပါဘူး ။ အိမ်ကပဲ လုပ်ပေးနေရတာပါ ။ အခုလက်ရှိကတော့ လူလျော့မယ်ဆိုတာတော့ အသံမကြားရသေးပါဘူး။ အခက်အခဲကတော့ ဘာမှမရှိပါဘူး ။ လစာကတော့ ၃၀ ရာခိုင်နှုန်းလျှော့ထားပါတယ်“လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မြန်မာတိုင်းမ်ရုံးက လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ Covid – 19 ရောဂါကူးစက်မှုများနေတဲ့အတွက် ပိုမိုတင်းကြပ်တဲ့ Stay Home ကြေငြာပြီးတဲ့နောက်ပိုင်း စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး အောက်တိုဘာ ၇ ရက်အထိ မြန်မာတိုင်းမ်က ထုတ်ဝေနေတဲ့ စာစောင်တွေကို ယာယီရပ်နားခဲ့ဘူးပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #မြန်မာတိုင်းမ် #စာစောင်ထုတ်ဝေမှု #ယာယီရပ်နား

Related posts

Leave a Comment

VOM News

FREE
VIEW