ဗြိတိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒီဇင်ဘာ ၈ ရက်မှာ စတော့မယ်

လန်ဒန်၊ ဒီဇင်ဘာ-၆-၂၀၂၀
မျိုးဆက်(VOM)

ဗြိတိန်အစိုးရဟာ ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ် ဒီဇင်ဘာ ၈ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

ကာကွယ်ဆေးအစုလိုက်အပြုံလိုက်ထိုးနှံရာရာမှာ အမေရိကန်အခြေစိုက် Pfizer နဲ့ ဂျာမနီအခြေစိုက် BioNTech ကုမ္ပဏီတို့က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ ဗြိတိန်အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ကာကွယ်ဆေးတွေကို အပူချိန်အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်မှာသိုလှောင်ဖို့ အအေးခန်းတွေရှိတဲ့ အင်္ဂလန်ရှိ ဆေးရုံ ၅၀ မှာ ကနဦးရရှိသွားမှာဖြစ်ပါတယ်။

စောင့်ရှောက်ရေးဂေဟာတွေက အလုပ်သမားတွေ၊ အသက် ၈၀ ကျော်သူတွေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါဝင်နေကြတဲ့ ကျန်းမားရေးဝန်ထမ်းတွေကို ကာကွယ်ဆေး ဦးစွာထိုးပေးမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

လိုအပ်သူတိုင်းအတွက် ကာကွယ်ဆေးရရှိဖို့် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအသုတ်ကို ဒီဇင်ဘာ ၅ ရက်မှာ ဆေးရုံတွေရှိ အအေးခန်းတွေဆီကို အရောက်ပို့သွားမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW