အိန္ဒိယမှာ အမျိုးအမည်မသိ အဖျားရောဂါတစ်ခု ဖြစ်ပွားနေ

ဒေလီ၊ ဒီဇင်ဘာ-၇-၂၀၂၀
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ အခုသီတင်းပတ်ကုန်က လူ ၁၄၀ ကျော်ဆေးရုံတက် ကုသနေရတဲ့ အမျိုးအမည်မသိ အဖျားရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အန်ဒရာပရာဒတ်ရှ်ပြည်နယ်၊ အီလူရူမှ ဖျားနာနေသူ လူနာတွေဟာ ပျို့အန်ခြင်းနဲ့ သတိလစ်ခြင်းကဲ့သို့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

လူနာတွေအတွက်လိုအပ်တဲ့ ဆေးရုံကုတင်အရေအတွက်ကို အီလူရူအစိုးရဆေးရုံက သီးခြားထားပေးခဲ့ပါတယ်။ အမျိုးအမည်မသိ အဖျားရောဂါဟာ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်တွန်းလှန်နေရချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အဖျားရောဂါကူးစက်ခံရသူတွေကို ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးရာမှာတော့ ကူးစက်ခံထားရခြင်းမရှိပါဘူး။

အဖျားရောဂါခံစားရသူတွေထဲမှာ အထူးသဖြင့် ကလေးငယ်တွေဟာ မျက်လုံးတွေနီလာပြီးနောက် ရုတ်တရက်အော့အန်နေကြတယ်လို့ အီလူရူဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဆေးရုံတက်ခဲ့ရတဲ့ လူနာအများအပြားဟာ ပြန်လည်ကျန်းမာလာပြီး ဆေးရုံမှ အချိန်တိုအတွင်း ဆင်းခဲ့ရပါတယ်။

လူနာတွေရဲ့ သွေးနမူနာတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုခံထားရတဲ့ သက်သေအထောက်အထားတွေမရှိဘူလို့ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကျန်းမာရေးဝန်ကြီးကပြောပါတယ်။

Ref : BBC
Photo: ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW