တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ နေ့စဉ်ကြုံနေရတယ်လို့ ထိုင်ဝမ်သမ္မတပြော

တိုင်ပေ၊ ဒီဇင်ဘာ-၈-၂၀၂၀

မျိုးဆက် (VOM)

တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကျွန်းကို ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက် လက်နက်ရောင်းချမှုအဖြစ် ဒေါ်လာ သန်း ၂၈၀ တန်ဖိုးရှိလက်နက်ရောင်းချဖို့ သဘောတူညီချက်သစ်တစ်ရပ်ကို အမေရိကန်က ကြေညာလိုက်ပြီးနောက် ထိုင်ဝမ်စစ်ဘက်ဟာ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ထိုင်ဝမ်ကို လက်နက် ၁၁ မျိုးနဲ့ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာသစ်တစ်ခုကို ရောင်းချဖို့ အမေရိကန်အစိုးရက ကွန်ဂရက်ကို အကြောင်းကြားခဲ့ပြီး သမ္မတထရန့်ရဲ့ အမေရိကန်အစိုးရဟာ ထိုင်ဝမ်အပေါ် ထောက်ပံ့မှုများ တိုးမြင့်ခဲ့ပါတယ်။

ဒီလိုလက်နက်ရောင်းချတာတွေကြောင့် တရုတ်နိုင်ငံကအမျက်ဒေါသထွက်နေပြီး အမေရိကန်နဲ့ တင်းမာတွေမြင့်တက်နေပါတယ်။ တရုတ်နိုင်ငံဟာ လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီး လေကြောင်းပျံသန်းမှုပုံမှန်ပြုလုပ်တာတွေအပါအဝင် ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက လေတပ်နဲ့ ရေတပ်အဆောက်အအုံများအပါအဝင် ကျွန်းတုတွေတည်ဆောက်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးအင်အားတိုးမြှင့်လာတွေအပါအဝင် ဒေသတွင်းမှာ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က တိုင်ပေမှာပြုလုပ်တဲ့ လုံခြုံရေးဖိုရမ်မှာ ပြောပါတယ်။

တရုတ်တပ်ဖွဲ့ဝင်တွေဟာ လက်ရှိစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့ အစဉ်တစိုက် အားထုတ်လုပ်ဆောင်နေပြီး ထိုင်ဝမ်ဟာလည်း ဒီလိုမျိုး စစ်ရေးခြိမ်းခြောက်မှုတွေကို နေ့စဉ်ကြုံနေရတယ်လို့ ဆိုင်အင်းဝမ်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ထိုင်ဝမ်

zawgy

တ႐ုတ္ရဲ႕ စစ္ေရးၿခိမ္းေျခာက္မႈေတြ ေန႔စဥ္ႀကဳံေနရတယ္လို႔ ထိုင္ဝမ္သမၼတေျပာ

တိုင္ေပ၊ ဒီဇင္ဘာ-၈-၂၀၂၀

မ်ိဳးဆက္ (VOM)

တ႐ုတ္ႏိုင္ငံကပိုင္ဆိုင္တယ္လို႔ အခိုင္အမာဆိုထားတဲ့ ထိုင္ဝမ္ကြၽန္းကို ယခုႏွစ္အတြင္း ေျခာက္ႀကိမ္ေျမာက္ လက္နက္ေရာင္းခ်မႈအျဖစ္ ေဒၚလာ သန္း ၂၈၀ တန္ဖိုးရွိလက္နက္ေရာင္းခ်ဖို႔ သေဘာတူညီခ်က္သစ္တစ္ရပ္ကို အေမရိကန္က ေၾကညာလိုက္ၿပီးေနာက္ ထိုင္ဝမ္စစ္ဘက္ဟာ စစ္ေရးၿခိမ္းေျခာက္မႈေတြနဲ႔ ေန႔စဥ္ႀကဳံေတြ႕ေနရတယ္လို႔ ထိုင္ဝမ္သမၼတ ဆိုင္အင္းဝမ္က ဒီဇင္ဘာ ၈ ရက္မွာ ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

ထိုင္ဝမ္ကို လက္နက္ ၁၁ မ်ိဳးနဲ႔ သတင္းအခ်က္အလက္ဆက္သြယ္ေရးနည္းပညာသစ္တစ္ခုကို ေရာင္းခ်ဖို႔ အေမရိကန္အစိုးရက ကြန္ဂရက္ကို အေၾကာင္းၾကားခဲ့ၿပီး သမၼတထရန႔္ရဲ႕ အေမရိကန္အစိုးရဟာ ထိုင္ဝမ္အေပၚ ေထာက္ပံ့မႈမ်ား တိုးျမင့္ခဲ့ပါတယ္။

ဒီလိုလက္နက္ေရာင္းခ်တာေတြေၾကာင့္ တ႐ုတ္ႏိုင္ငံကအမ်က္ေဒါသထြက္ေနၿပီး အေမရိကန္နဲ႔ တင္းမာေတြျမင့္တက္ေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္နက္ေရာင္းခ်မႈမွာ ပါဝင္တဲ့ အေမရိကန္ကုမၸဏီေတြကို အေရးယူပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ၿပီး ထိုင္ဝမ္ကြၽန္းအနီး ေလေၾကာင္းပ်ံသန္းမႈပုံမွန္ျပဳလုပ္တာေတြအပါအဝင္ ကြၽန္းအနီးမွာ စစ္ေရးလႈပ္ရွားမႈေတြကို တိုးျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက ေလတပ္နဲ႔ ေရတပ္အေဆာက္အအုံမ်ားအပါအဝင္ ကြၽန္းတုေတြတည္ေဆာက္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ စစ္ေရးအင္အားတိုးျမႇင့္လာေတြအပါအဝင္ ေဒသတြင္းမွာ ၿခိမ္းေျခာက္မႈေတြရွိေနတယ္လို႔ ထိုင္ဝမ္သမၼတ ဆိုင္အင္းဝမ္က တိုင္ေပမွာျပဳလုပ္တဲ့ လုံၿခဳံေရးဖိုရမ္မွာ ေျပာပါတယ္။

တ႐ုတ္တပ္ဖြဲ႕ဝင္ေတြဟာ လက္ရွိစည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ဖို႔ အစဥ္တစိုက္ အားထုတ္လုပ္ေဆာင္ေနၿပီး ထိုင္ဝမ္ဟာလည္း ဒီလိုမ်ိဳး စစ္ေရးၿခိမ္းေျခာက္မႈေတြကို ေန႔စဥ္ႀကဳံေနရတယ္လို႔ ဆိုင္အင္းဝမ္က ထုတ္ေဖာ္ေျပာဆိုပါတယ္။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ထိုင္ဝမ္

 

Related posts

Leave a Comment

VOM News

FREE
VIEW