အစိုးရကိုဝေဖန်တဲ့ ဂျာနယ်လစ်တစ်ဦးကို အီရန်အာဏာပိုင်တွေ ကြိုးပေးကွပ်မျက်

တီဟီရန်၊ ဒီဇင်ဘာ-၁၃-၂၀၂၀
မျိုးဆက် (VOM)

အီရန်မှာ မငြိမ်မသက်ဖြစ်အောင် အွန်လိုင်းမက်ဆေ့ချ်အပလီကေးရှင်း အသုံးပြုလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျာနယ်လစ် ရူဟိုလာဇမ်ကို အီရန်တရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်ပြီးနောက် သူ့ကို ဒီဇင်ဘာ ၁၂ ရက်မှာ ကြိုးပေးကွပ်မျက်လိုက်တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ နေထိုင်တဲ့ ရူဟိုလာဇမ်ဟာ ပြီးခဲ့တဲ့နှစ်က အီရတ်နိုင်ငံကိုခရီးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ၂၀၁၇ -၂၀၁၈ ခုနှစ်ဆန္ဒပြပွဲတွေမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက စွပ်စွဲထားတဲ့ အစိုးရဆန့်ကျင်ရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Amad News မှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ဒီကိစ္စဟာ အတင်းအဓမ္မဝန်ခံခိုင်းတဲ့ မမျှတဲ့စစ်ဆေးမှု တရားခွင်ကြောင့်ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ပြောဆိုထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW