NLD  ဗဟိုအလုပ်အမှုဆောင်အစည်းဝေးမှာ  ဦးဝင်းထိန်ကို တက်ရောက်မခံဆိုတဲ့ သတင်းမှား ပျံ့နေ

မန္တလေး-ဒီဇင်ဘာ-၁၃-၂၀

ဆွေလင်းထွန်း(VOM)

 

ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အစည်းဝေးကို ဗဟိုကော်မတီ နာယကတဦးဖြစ်တဲ့ ဦးဝင်းထိန် တက်ရောက်ခွင့်မရဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။  အဲဒီသတင်းဟာ သတင်းမှားဖြစ်ပါတယ်။

 

အဲဒီသတင်းမှားကို Nay Thurain ဆိုတဲ့ ဖေ့ဘုတ်အကောင့်က  စတင်ထားတာဖြစ်ပြီး react ပြုလုပ်သူ ၈၀၀ ကျော်၊ မှတ်ချက်ပေးသူ ၅၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၂၇၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒေါင်းမိုးသခဲမုန်းတဲ့ဒေါ်သီရိ၊ Nade Ayeyar၊ U Zaw M Htet၊ လူကလေးဖြိုး-မနောမြေ၊ U Aung၊ Aung Thura၊ Htet Myat၊ Thaw Zin Mg၊ Kyaw Phogat၊ Leo Tun စတဲ့ အကောင့်တွေက ကော်ပီပြုလုပ်ပြီး ပြန်တင်ခဲ့တာကို တွေ့ရပါတယ်။

 

ခုသတင်းမှားမှာ အစည်းအဝေးတက်ရောက်ဖို့ ရောက်လာတဲ့ ဦးဝင်းထိန်ကို ပါတီဒုဥက္ကဋ္ဌ(၂)ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က အခန်းဝကဆီးကြိုပြီး “ဆရာ့ကို ဘယ်သူဖိတ်လို့ လာတာလဲ”ဟုမေးရာ ဦးဝင်းထိန်မှ မျက်နှာတစ်ချက်ပျက်သွားပြီး လှည့်ပြန်သွားကြောင်း သိရှိရပါတယ် လို့ ရေးသားထားတာ ဖြစ်ပါတယ်။ သတင်းမှားမှာ ဦးဝင်းထိန်နဲ့ အခြားသူတဦး အစည်းအဝေးခန်းကနေ ကျောပေးထွက်ခွာသွားပုံကိုလည်း ဖော်ပြခဲ့ပါတယ်။

 

NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြင်ပမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ VOM သတင်းထောက်က ဒေါက်တာဇော်မြင့်မောင်ဟာ အစည်းအဝေးမစတင်မီ ၁၅ မိနစ်အလိုမှာ ရောက်လာပြီး ကားပေါ်မှဆင်းကာ အစည်းအဝေးခန်းမထဲသို့ တန်းဝင်သွားကြောင်းနဲ့ ဦးဝင်းထိန်နှင့်ဒေါက်တာဇော်မြင့်မောင်လုံးဝ တွေ့ဆုံခဲ့တာမရှိကြောင်း ပြောခဲ့ပါတယ်။  ဦးဝင်းထိန်နေတဲ့အိမ်ဟာ NLD နေပြည်တော်ရုံးနဲ့ ကပ်လျက်တည်ပြီး ဟိုဘက်ဒီဘက်ကူးလို့ရတယ်လို့ပြောပါတယ်။  အစည်းအဝေးမစခင်မှာ  ဦးဝင်းထိန်ဟာ ရုံးရှေ့ကဖြတ်ပြီး သူ့သားနဲ့ လမ်းလျှောက်ထွက်သွားပြီး  အပြန်မှာလည်း သူနေတဲ့အိမ်ဘက်ကိုသာ သွားတာတွေ့ရကြောင်း VOM သတင်းထောက်ကပြောပါတယ်။ တချို့ ဗဟိုကော်မတီဝင်တွေလည်း ဦးဝင်းထိန်အိမ်မှာ ထမင်းစားခဲ့ကြသေးတယ်လို့ သိရပါတယ်။

 

NLD လူကြီးတွေနဲ့ အနီးကပ်နေတဲ့ NLD လူငယ်တယောက်ကလည်း “ဘထိန်အစည်းအဝေးခန်းထဲကို လုံးဝမလာပါဘူး” လို့ အတည်ပြုပါပြောပါတယ်။

 

သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေသူတွေရှိတာမို့ သတင်းတု သတင်းမှား စစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းတွေကို VOM က ထပ်မှန်တင်ပြပေးလိုက်ပါတယ်။

 

သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင်
သတင်းရေးသူကို စိစစ်ပါ။
ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
သတင်းကို အစအဆုံးဖတ်ပါ။
သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

ဒီအချက်တွေကို သေသေချာချာလေ့လာပြီးရင် စာဖတ်သူတို့တွေ့တဲ့ သတင်းတွေအကြောင်းအရာတွေရဲ့ အမှား အမှန်ကို ခွဲခြားလာနိုင်မှာပါဖြစ်တာမို့ အသိပေးတင်ပြလိုက်ပါတယ်။

 

#voiceofmyanmar #VOM #NLDCEC #ဦးဝင်းထိန်

zawgy

NLD ဗဟိုအလုပ္အမႈေဆာင္အစည္းေဝးမွာ ဦးဝင္းထိန္ကို တက္ေရာက္မခံဆိုတဲ့ သတင္းမွား ပ်ံ႕ေန

မႏၲေလး-ဒီဇင္ဘာ-၁၃-၂၀
ေဆြလင္းထြန္း(VOM)

ဒီဇင္ဘာ ၁၂ရက္ေန႔က ေနျပည္ေတာ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမွာ က်င္းပခဲ့တဲ့ NLD ဗဟိုအလုပ္အမႈေဆာင္အစည္းေဝးကို ဗဟိုေကာ္မတီ နာယကတဦးျဖစ္တဲ့ ဦးဝင္းထိန္ တက္ေရာက္ခြင့္မရဆိုတဲ့ သတင္းမွားတခု လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ေနပါတယ္။ အဲဒီသတင္းဟာ သတင္းမွားျဖစ္ပါတယ္။

အဲဒီသတင္းမွားကို Nay Thurain ဆိုတဲ့ ေဖ့ဘုတ္အေကာင့္က စတင္ထားတာျဖစ္ၿပီး react ျပဳလုပ္သူ ၈၀၀ ေက်ာ္၊ မွတ္ခ်က္ေပးသူ ၅၀ေက်ာ္နဲ႔ ျပန္လည္မွ်ေဝသူ ၂၇၀ ေက်ာ္ ရွိေနတာ ျဖစ္ပါတယ္။ ေဒါင္းမိုးသခဲမုန္းတဲ့ေဒၚသီရိ၊ Nade Ayeyar၊ U Zaw M Htet၊ လူကေလးၿဖိဳး-မေနာေျမ၊ U Aung၊ Aung Thura၊ Htet Myat၊ Thaw Zin Mg၊ Kyaw Phogat၊ Leo Tun စတဲ့ အေကာင့္ေတြက ေကာ္ပီျပဳလုပ္ၿပီး ျပန္တင္ခဲ့တာကို ေတြ႕ရပါတယ္။

ခုသတင္းမွားမွာ အစည္းအေဝးတက္ေရာက္ဖို႔ ေရာက္လာတဲ့ ဦးဝင္းထိန္ကို ပါတီဒုဥကၠ႒(၂)ျဖစ္သူ ေဒါက္တာေဇာ္ျမင့္ေမာင္က အခန္းဝကဆီးႀကိဳၿပီး “ဆရာ့ကို ဘယ္သူဖိတ္လို႔ လာတာလဲ”ဟုေမးရာ ဦးဝင္းထိန္မွ မ်က္ႏွာတစ္ခ်က္ပ်က္သြားၿပီး လွည့္ျပန္သြားေၾကာင္း သိရွိရပါတယ္ လို႔ ေရးသားထားတာ ျဖစ္ပါတယ္။ သတင္းမွားမွာ ဦးဝင္းထိန္နဲ႔ အျခားသူတဦး အစည္းအေဝးခန္းကေန ေက်ာေပးထြက္ခြာသြားပုံကိုလည္း ေဖာ္ျပခဲ့ပါတယ္။

NLD ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝး ျပင္ပမွာ ကိုယ္တိုင္သတင္းယူခဲ့တဲ့ VOM သတင္းေထာက္က ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အစည္းအေဝးမစတင္မီ ၁၅ မိနစ္အလိုမွာ ေရာက္လာၿပီး ကားေပၚမွဆင္းကာ အစည္းအေဝးခန္းမထဲသို႔ တန္းဝင္သြားေၾကာင္းနဲ႔ ဦးဝင္းထိန္ႏွင့္ေဒါက္တာေဇာ္ျမင့္ေမာင္လုံးဝ ေတြ႕ဆုံခဲ့တာမရွိေၾကာင္း ေျပာခဲ့ပါတယ္။  ဦးဝင္းထိန္ေနတဲ့အိမ္ဟာ NLD ေနျပည္ေတာ္႐ုံးနဲ႔ ကပ္လ်က္တည္ၿပီး ဟိုဘက္ဒီဘက္ကူးလို႔ရတယ္လို႔ေျပာပါတယ္။ အစည္းအေဝးမစခင္မွာ ဦးဝင္းထိန္ဟာ ႐ုံးေရွ႕ကျဖတ္ၿပီး သူ႔သားနဲ႔ လမ္းေလွ်ာက္ျတာျဖစ္ၿပီး အျပန္မွာလည္း သူေနတဲ့အိမ္ဘက္ကိုသာ သြားတာေတြ႕ရေၾကာင္း VOM သတင္းေထာက္ကေျပာပါတယ္။ တခ်ိဳ႕ ဗဟိုေကာ္မတီဝင္ေတြလည္း ဦးဝင္းထိန္အိမ္မွာ ထမင္းစားခဲ့ၾကေသးတယ္လို႔ သိရပါတယ္။

NLD လူႀကီးေတြနဲ႔ အနီးကပ္ေနတဲ့ NLD လူငယ္တေယာက္ကလည္း “ဘထိန္အစည္းအေဝးခန္းထဲကို လုံးဝမလာပါဘူး” လို႔ အတည္ျပဳပါေျပာပါတယ္။

သတင္းတု သတင္းမွားေတြကို ရည္႐ြယ္ခ်က္ရွိရွိျဖန႔္ေဝေနသူေတြရွိတာမို႔ သတင္းတု သတင္းမွား စစ္ေဆးျခင္းဆိုင္ရာ နည္းလမ္းေတြကို VOM က ထပ္မွန္တင္ျပေပးလိုက္ပါတယ္။

သတင္းတစ္ပုဒ္ကို မွ်ေဝေတာ့မယ္ဆိုရင္
သတင္းေရးသူကို စိစစ္ပါ။
ေခါင္းစဥ္တစ္ခုတည္းကိုပဲ မဖတ္ပါနဲ႔။
သတင္းကို အစအဆုံးဖတ္ပါ။
သတင္းထုတ္ေဝတဲ့ ေန႔စြဲကို စစ္ပါ။
အလားတူျဖစ္ရပ္ကို အျခားသတင္းရင္းျမစ္မ်ားက ေရးထားသည္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါ။
အင္တာနက္ေပၚ လ်င္ျမန္စြာ ျဖန႔္ေဝေနတဲ့ မက္ေဆ့ခ်္မ်ား၊ အသံဖိုင္မ်ား၊ ဗီဒီယိုႏွင့္ အမည္မသိ မေသခ်ာေသာ ပုံမ်ားကို မမွ်ေဝပါနဲ႔။
ဒီအခ်က္ေတြကို ေသေသခ်ာခ်ာေလ့လာၿပီးရင္ စာဖတ္သူတို႔ေတြ႕တဲ့ သတင္းေတြအေၾကာင္းအရာေတြရဲ႕ အမွား အမွန္ကို ခြဲျခားလာႏိုင္မွာပါျဖစ္တာမို႔ အသိေပးတင္ျပလိုက္ပါတယ္။

#voiceofmyanmar #VOM #NLDCEC #ဦးဝင္းထိန္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW