ရခိုင်က မဟာမြတ်မုနိဘုရားကြီးမှာ အခုရက်ပိုင်း ဘုရားဖူးသူတွေ များပြားလာ

ဒီဇင်ဘာ ၁၆-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲတွေဟာ ဒီဇင်ဘာလကစပြီး ရပ်တန့်နေတာကြောင့် ကျောက်တော်မြို့နယ်ရဲ့ ဓညဝတီမြို့ဟောင်းနယ်မြေအတွင်းက မဟာမြတ်မုနိ ဘုရားကိုလာဖူးတဲ့ ဘုရားဖူးခရီးသည်တွေ များပြားလာပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက မဟာမြတ်မုနိဘုရားသို့လာ ရောက်ဖူးမျှော်တဲ့ဦးမောင်သိန်းချေက ” အရင်ကတော့ ဒီကို ဘုရားဖူးလာရတာ အခက်အခဲ အနည်းနဲ့ အများရှိပါတယ်။ ဌာနဆိုင်ရာ (၄) ခု (၅) လောက်က စစ်ဆေးပြီးမှ လာရပါတယ်။ အခုကတော့ ဒီ (၁၂) လ ပိုင်းမှာ နည်းနည်းပါးပါး လွတ်လပ်တဲ့အတွက်နဲ့ လာရောက်ခြင်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်၊ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာတွေ စည်ကားသိုက်မြိုက်စွာနဲ့ ဆက်တိုက်ဆက်တိုက် တိုးတက်မြင့်မား သွားစေလိုတယ် ” လို့ ပြောပါတယ်။

ဘုရားဖူးခရီးသည်တွေကတော့ ရခိုင်ပြည်နယ်အတွင်း သာသနာ့အမွေထက် ဗုဒ္ဓအမွေအနှစ်ဖြစ်လို့ တန်ဖိုးထားမှုတွေနဲ့ လာရောက်ဖူးမမျှော်ရတာဖြစ်တယ်လို့ ပြောပါတယ်။

မဟာမြတ်မုနိဘုရားကြီးအနီး မုန့်ရောင်းနေတဲ့ မဟာမုနိကျေးရွားနေ ဒေါ် အေးငြိမ်းက” အရင်တုန်းကတော့ တိုက်ပွဲတွေဖြစ်လို့ ဘုရားဖူးတွေ မလာကြဘူး။ ကျမတို့ မဟာမုနိရွာက လူတွေက ဒီဘုရားအနီးမှာ ပဲဈေးရောင်းပြီး မှီခိုနေကြရတယ်ဆိုတော့ အခက်အခဲတော့ ဖြစ်တာပေါ့။ အခုကတော့ ဘုရားဖူးတွေ ရောက်လာတယ်ဆိုတော့ ဈေးသည်တွေ နည်းနည်းပါးပါး ရောင်းရတာပေါ့။ ဒါပေမယ့် ဘုရားဖူးတွေက အချိန်နောက်ကျသွားရင် လမ်းတွေမှာ တစ်ခုခုဖြစ်ဖို့ကြောက်ပြီး စားတဲ့လူစား၊ မစားတဲ့လူတွေ မစားဘူး။ အရင်တုန်းကလောက်မရောင်းရဘူးပေါ့။ နောက်ပြီး ခရီးသည်တွေလာဖို့အတွက် မျှော်လင့်ချက်ကတော့ စစ်ပွဲတွေမဖြစ်၊ ကိုယ့်ရခိုင်ပြည်ကြီး လွပ်လပ်ရေးရမှ စည်ကားမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

အခုလိုမျိုး အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးခရီးသည်တွေများပြားလာတာနဲ့အညီ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစပ်မှုကို ထိမ်းချုပ်တဲ့အနေနဲ့ စစ်တွေမြို့နယ်ကနေ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကို သွားရောက်မယ့် ဘုရားဖူးတွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေ လိုအပ်တော့မှာဖြစ်ကြောင်း စစ်တွေမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက မနေ့ ဒီဇင်ဘာ ၁၅ရက်နေ ကြေညာထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ # မဟာမြတ်မုနိဘုရားကြီး #ဘုရားဖူးသူတွေများပြားလာ

Related posts

Leave a Comment

VOM News

FREE
VIEW