ရေလက်ကြားမှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဖြတ်သန်းမှုကြောင့် ထိုင်ဝမ်စစ်ဘက်တပ်ဖြန့်

ပေကျင်း ၊ ဒီဇင်ဘာ-၂၁-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ တရုတ်ရေတပ်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်ဖို့အတွက် ထိုင်ဝမ်ကလည်း သူရဲ့ တပ်တွေကို ဖြန့်ကြက်ချထားခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းအနီးကို တရုတ်လေယာဉ်တင်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းတာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။

အခုတစ်ကြိမ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ လေယာဉ်တင်သင်္ဘောသစ် ရှန်ဒေါင်းဦးဆောင်တဲ့ သင်္ဘောအုပ်စုရဲ့ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းပြီးနောက် တစ်ရက်အကြာမှာ အဲဒီရေပြင်ကို ဖြတ်သန်းခဲ့ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။

တရုတ်စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည်ဖို့နဲ့ စစ်ရေးအသင့်အနေအထား ဖြစ်စေဖို့ စစ်သင်္ဘောခြောက်စီးနဲ့ တိုက်လေယာဉ်ရှစ်စင်းကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW