တပ်မ‌တော်ပိုင်ယာဉ်နဲ့ ဖောကားဝင်တိုက်ပြီး လူသေဆုံးခဲ့တဲ့အတွက် တပ်မတော်သားယာဉ်မောင်းကို အရေးယူ

ဒီဇင်ဘာ ၂၃-၂၀၂၀
ကောင်းလက်‌ျာ(VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်-၉ရပ်ကွက် ရွှေဘိုလေကျောင်းကွေ့မှာ မနေ့ ဒီဇင်ဘာ၂၂ ရက် ညနေပိုင်းက တပ်မတော်ပိုင်ယာဉ်တစ်စင်း နဲ့ ဖောကားတစ်စီးတိုက်မိရာကနေ ဈေးသည်အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။

” တပ်မ‌တော်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသလို ကလေးတစ်ဦး ဒဏ်ရာရတယ်။ပြောင်းဖူးပြုတ်သည် အမျိုးသားက‌ အခင်းဖြစ်ပြီးသိပ်မကြာဘူး ဆုံးသွားလို့ တပ်မတော်သားယာဉ်မောင်းကို အမှုဖွင့်ပြီး သက်ဆိုင်ရာတပ်ရင်းကို ပြန်လွှဲခဲ့ပါတယ်”လို့ ‌တောင်ငူမြို့မရဲစခန်းမှ ရဲ
အရာရှိတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရေတာရှည်ဘက်ကနေ တောင်ငူမြို့တွင်းကို တပ်ကြပ်အဆင့်ရှိတဲ့ တပ်မတော်သားမောင်းလာတဲ့ မော်တော်ယာဉ်ဟာ ရွှေဘုလေးကျောင်းကွေ့နားအရောက် ‌လာရားတူ ယာဉ်နှစ်စင်းကို ကျော်တက်မောင်းတဲ့အချိန် မျက်နှာချင်းဆိုင်မောင်းလာတဲ့ ကျောက်ကားက ဆီတိုင်ကီကို တိုက်မိပြီး နောက်ပြန်လိမ့်သွားတာဖြစ်ပါတယ်။

အဲ့ဒီလို နောက်ပြန်လိမ့်တဲ့အချိန် ပြောင်းဖူးရောင်းတဲ့ တွန်းလှည်းကို တိုက်မိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။

တပ်မတော်ပိုင်ယာဉ်နဲ့ တိုက်မိရာကနေ ပြောင်းဖူးသည် အသက် ၂၁နှစ်အရွယ် အမျိုးသား၊ အသက် ၁၂ နှစ်အရွယ် အမျိုးသား နဲ့ တပ်မတော်သားတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြောင်းဖူးသည်ကို တောင်ငူဆေးရုံကို ပို့ဆောင်ကုသနေတုန်း သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ တပ်ကြပ်အဆင့်ရှိသူ တပ်မတော်သားကို တောင်ငူမြို့မရဲစခန်းမှ ယာဉ်(ပ)၆၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က)/၃၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – ကိုဇော်ကြီး
#voiceofmyanmar #VOM #တောင်ငူ #ယာဉ်တိုက်မှု #လူသေဆုံး #တပ်မတော်သားအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW