စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၇- ၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ တစ်ဦး ဒီနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပြတာကတော့ “သူက၉ ရက်နေ့ မှာ ဆေးရုံကိုရောက်လာတယ် ၁၀ ရက်နေ့က စစ်လိုက်တော့ Positive ထွက်လာတယ် သူရောက်တာ တစ်ပတ်ပဲရှိသေးတယ်၊ Positive လူနာ စစ်ကိုင်းဆေးရုံမှာသေတာတော့ ပထမဆုံးပဲ၊ စစ်ကိုင်းမြို့အနေနဲ့ဆိုရင်တော့ သုံးယောက်မြောက်ပေါ့ ဆေးရုံအနေနဲ့ဆိုရင်တော့ ပထမဆုံးပဲ အရင် ၂ ယောက်က မန္တလေးဆေးရုံးကြီးမှာ သေတာလေ၊ အာလောင်ကတစ်ယောက်ရယ် ရွှေသမားက တစ်ယောက်ရယ် မန္တလေးမှာသေတာ” လို့ ကိုစိုးမင်းဦးက ပြောပါတယ်။ စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့တဲ့သူကတော့ စစ်ကိုင်းမြို့၊…
Read MoreYear: 2020
ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ WHO ကျွမ်းကျင်သူအဖွဲ့ ဝူဟန်မြို့ကို သွားတော့မယ်
ဂျီနီဗာ၊ ဒီဇင်ဘာ ၁၇-၂၀၂၀ မျိုးဆက် (VOM) နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁၀ ဦးပါတဲ့အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့ကို လာမယ့်လမှာ သွားရောက်ကြမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအတွက် တွန့်ဆုတ်နေခဲ့ပြီး ဝူဟန်မြို့ကို သွားရောက်ခွင့်ရဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ လပေါင်းများစွာ ညှိနှိုင်းခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့ ဈေးတစ်ခုကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ ယူဆရပါတယ်။ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်ခဲ့ရပါတယ်။ ဗိုင်းရပ်စ်စတင် ကူးစက်ပျံ့နှံ့ချိန်မှာ တရုတ်နိုင်ငံက ဖုံးကွယ်ဖို့ ကြိုးစားတဲ့တယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက စွပ်စွဲခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးတာဟာ ပြစ်တင်ဝေဖန်ဖို့မဟုတ်ဘဲ နောက်ထပ် ဖြစ်ပွားမှုတွေကို ကာကွယ်တားဆီးဖို့ဖြစ်တယ်လို့ ဝူဟန်မြို့ကိုသွားမယ့် ဇီဝဗေဒပညာရှင်တစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။ Ref: BBC…
Read Moreကျူဝင်နေသူများ လုပ်ဆောင်လိုက်နာသင့်သည့် လမ်းညွန်
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…
Read Moreမူးယစ်ဆေးဝါးတွေကို ငွေကြေးယူပြီးသယ်ဆောင်ပေးသူတွေ မိုးကုတ်မှာဖမ်းမိ
ဒီဇင်ဘာ ၁၇-၂၀၂၀ သက်ထားခင်(VOM) မိုးကုတ်မြို့၊ လယ်ကြီးရဲကင်းရှေ့မှာ ပိတ်ဆို့ရှာဖွေမှုပြုလုပ်နေချိန် ယာဥ်တစ်စီးကို စစ်ဆေးလိုက်ရာကနေ ငွေကြေးယူပြီးတော့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သူတွေကို မနေ့ ဒီဇင်ဘာ ၁၆ရက် ညနေပိုင်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မိုးကုတ်မြို့မရဲစခန်းကနေ သိရပါတယ်။ “ဒီဇင်ဘာ ၁၅ရက် ညနေလောက်က မိတာပါ၊ အမှုဖွင့်တာတော့ ဒီဇင်ဘာ ၁၆မှာဖွင့်တာပါ၊ သူတို့က ငွေယူပြီးတော့ သယ်လာတာပါ၊ ကွင်းဆက်တော့ လိုက်နေတုန်း မမိသေးပါဘူး၊ သီပေါကလည်း လိုက်နေတုန်းပါ”လို့ မိုးကုတ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လယ်ကြီးရဲကင်းရှေ့မှာ သက်ဆိုင်ရာအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေချိန် ဆန်းကျော်ဦးဆိုသူ မောင်းလာတဲ့ အပြာရောင် ၆ ဘီးယာဥ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးလိုက်ချိန် ကားနောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းကို သံဂေဟေပိတ်ထားတဲ့အတွက် မူးယစ်ဆေးဝါးတွေလို့ ယူဆရတာကြောင့် သက်ဆိုင်ရာမူးယစ်ရုံးကို ခေါ်ဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ယာဥ်နောက်ခန်းကြမ်းခင်းကို ဖွင့်ဖောက်စစ်ဆေးလိုက်ချိန် ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါရောင်အမှုန့်…
Read Moreမသန်စွမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးသူကို ဖမ်းဆီးရမိ
ဒီဇင်ဘာ ၁၇-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အင်းရွာကြီးကျေးရွာမှာ အသက်၁၈နှစ်အရွယ် မသန်စွမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို မနေ့ ဒီဇင်ဘာ၁၆ရက်နေ့ ညနေ ၅နာရီခန့်က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့သစ် မြို့မရဲစခန်းကနေ သိရပါတယ်။ ”မြို့သစ်မြို့နယ်၊ အင်းရွာကြီးကျေးရွာနေ ညိုလင်းဟာ အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်သွားလို့လိုက်လံဖမ်းဆီးခဲ့ရပါတယ်၊ ဖမ်းဆီးမိတာကတော့ နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာအုပ်စုမြောက်ဘက် ၁မိုင်ခန့်အကွာ လူနေထိုင်ခြင်းမရှိတဲ့ လယ်စောင့်တဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်”လို့ မြို့သစ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ထူးပြည့်စုံကပြောပါတယ်။ ဒီဇင်ဘာ ၁၄ရက်နေ့က ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် နတ်မောက်မြို့နယ်ဘက်က နေရာတွေကိုရှာဖွေမှုများပြုလုပ်ချိန် ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမှုကို မြို့သစ်မြို့မရဲစခန်းက (ပ)၄၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မြို့သစ် #မသန်စွမ်းအမျိုးသမီး #အဓမ္မပြုကျင့်သူဖမ်းမိ
Read Moreရွေးကောက်ပွဲကိစ္စဆန္ဒပြလို့ ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူက ထပ်မံဆန္ဒထုတ်ဖော်
ဒီဇင်ဘာ ၁၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးမှာ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်မှာ ရွေးကောက်ပွဲရလဒ်ကျေနပ်မှုမရှိလို့ ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်လို့ ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ဖမ်းဆီးပြီးအမှုဖွင့်ခံရပြီး အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ ဦးစိုးပိုင်ဆိုသူဖြစ်ပါတယ်။ ” မဲသမာမှုတွေကို ဝိုင်းဝန်းစုံစမ်းဖော်ထုတ်ပေးရေးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပေးရေးအတွက် အဓိကရည်ရွယ်ပြီး ဆန္ဒပြရခြင်းဖြစ်တယ်၊၂၀၂၀ ရွေးကောက်ပွဲမှာ မှန်ကန်မှုမရှိတာကို မြို့နယ်အသီးသီးနဲ့ဒေသအသီးသီးမှာတွေ့ရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်”လို့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးစိုးပိုင်က ပြောပါတယ်။ မြောက်ဒဂုံမြို့နယ်မှ လာရောက်ဝန်းရံသူ မအေးခိုင်ဆိုသူကလည်း ” ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ သမာသမတ်မကျတာတွေဖြစ်လာတယ်၊ ပြဿနာတွေမျိုးစုံဖြစ်လာတယ်၊ အဲ့ဒီစိတ်ခံစားမှုတွေကြောင့် မခံစားနိူင်လို့ လာရောက်ဝန်းရံတာဖြစ်တယ်”လို့ ပြောပါတယ်။ NLDပါတီက အနိူင်ရရှိပေမယ့် USDPပါတီနဲ့ အခြားပါတီတွေက မဲသမာမှုတွေရှိတယ်လို့ပြောနေတဲ့အတွက် အစိုးရအနေနဲ့ မှန်ကန်တိကျသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုပြန်လည်ဖွဲ့စည်းပေးစေလိုတဲ့အတွက် လာရောက်ဝန်းရံခြင်းဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ်မှ လာရောက်ဝန်းရံသူ ဦးနေထွဋ်က…
Read Moreပျူခေတ်နဲ့ချိတ်ဆက်နေတဲ့ ရေပူစမ်းတွင်းကို ခရီးသွားလုပ်ငန်းမြှင့်တင်ရာမှာ ထည့်သွင်းဖော်ဆောင်မယ်
ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် သရေခေတ္တရာမြို့ဟောင်းထဲက ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းမှုတွေဆောင်ရွက်သွားမယ်လို့ သရေခေတ္တရာဌနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းကပြောပါတယ်။ ရေပူစမ်းတွင်းကို တွေ့ရှိထားတာဟာ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပေမယ့်လည်း ထိန်းသိမ်းမှုအပိုင်းကို စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ “ဒီနေရာနဲ့ပတ်သက်ပြီး ပထမဆုံးစောင့်ရှောက်ခိုင်း၊ သန့်ရှင်းရေးလုပ်ခိုင်းပြီး နောက်တော့ ရေပူစမ်း အပြင်အဆင်ကို အခြားမြို့ဟောင်းတွေမှာလုပ်သလိုမျိုး စီစဉ်ရပါမယ်၊ အများလေ့လာနိုင်အောင် ဒီ့ထက်တစ်ဆင့်တက်လို့ လာရောက်အပန်းဖြေရေချိုးနိုင်အောင်လည်း စီစဉ်ဖို့လိုပါတယ်၊ တစ်ပါတည်း အဲ့ဒီနေရာမှာ ဒေသခံတွေကထူထောင်ရင်အလုပ်အကိုင်အခွင့်အလန်းရလာမယ်”လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။ ဒါ့ကြောင့် ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး တခြားသော ရှေးဟောင်းမြို့ဟောင်းတွေမှာထိန်းသိမ်းထားတဲ့ ပုံစံနည်းတူ ထိန်းသိမ်းမှုပြုလုပ်ကာ ပြည်မြို့အတွက် အများပြည်သူလေ့လာစရာနဲ့ ခရီးသွားလုပ်ငန်းမှာ လည်ပတ်စရာနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရေပူစမ်းတွင်းမှာ အနောက်ဘက်တွင်းက ရေပူတွင်းဖြစ်ပြီး အရှေ့ဘက်တွင်းက ရေအေးတွင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ပျူခေတ်ကတည်းက အသုံးပြုခဲ့တဲ့ ရေပူစမ်းတွင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။…
Read Moreကိုဗစ်ပိုးတွေ့လူနာရဲ့ ဖုန်းကိုခိုးသွားသူ အကြော်ဆိုင်မှာဖမ်းမိ
ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်ပိုးတွေ့လူနာရဲ့ဖုန်း ခိုးယူသွားသူကို နမ့်စန်မြို့၊ အမှတ် ၃ ရပ်ကွက်က အကြော်ဆိုင်မှာ ဒီကနေ့နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ဒါကြောင့် ဖုန်းရရှိထားသူနဲ့ ဆက်စပ်သူတွေကို RDT Testkit နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး ပိုးတွေ့ရှိခဲ့ရင်တော့ ဆက်စပ်သူတွေအနေနဲ့ Facility Quarantine ဝင်ရောက်နေထိုင်ရမှာဖြစ်ပါတယ်။ “သူက ဖုန်းကိုတခြားသူတစ်ယောက်ကိုရောင်းပြီးပြီ။ ဖုန်းပိုင်ရှင်ကလော့ခ်ချထားတော့ လော့ခ်လာဖြည်တာ၊ ကျနော်တို့ကလည်း သတင်းပေးထားတယ်၊ အဲ့ဒီလိုလာဖြေရင် ကော်မတီကို ချက်ခြင်းသတင်းပို့ဖို့ပြောထားတော့ ဆိုင်က သတင်းပေးတော့ ။လော့ခ်ဖြေသလိုလိုလုပ်ခိုင်းထားပြီး ကျနော်တို့ကိုစောင့်ခိုင်းလိုက်တယ်၊ ရောက်တော့မေးတော့ သူကယူတာမဟုတ်ပါဘူး ဖုန်းပြန်ဝယ်တာ တဆင့်ပေါ့။ ဝယ်ထားတဲ့သူအိမ်က ၇ ယောက်ရှိတယ်။ နောက် တရားခံကိုလိုက်ရှာတော့ သူ့အကြော်ဝင်စားနေတဲ့အချိန်တွေ့တာပေါ့။ အကြော်ဆိုင်က အကြော်တို့ အာပူလျှာပူတို့ရောင်းတာ၊ ခဏပဲရှိသေးတယ် သူကဝင်စားတာ။ စားရုံရှိသေးကျနော်တို့နဲ့တွေ့တာ”လို့ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကပြောပါတယ်။ လက်ရှိမှာတော့ အကြော်ဆိုင်ကို…
Read Moreရန်ကုန်တိုင်းက နေရပ်ပြန်လိုတဲ့ တနင်္သာရီတိုင်းဒေသခံတွေကို နေရပ်ပြန်ပို့
ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ရန်ကုန်မြို့ကိုရောက်နေတဲ့ တနင်္သာရီတိုင်း ဒေသခံတွေထဲက နေရပ်ပြန်လိုသူတွေကို ဒီကနေ့ မနက်ပိုင်းမှာပဲ ရန်ကုန်ကနေ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်တယ်လို့ ထားဝယ်ဒေသလူထုအခြေပြုအထောက်အကူပြုအဖွဲ့ကနေ သိရပါတယ်။ ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်ကို ပြန်လိုတဲ့ လူပေါင်း ၁၄၀ ကျော်ကို Express ၇ စီးနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။နေရပ့်ပြန်ပို့လိုက်တဲ့ သူတွေထဲမှာ ကျောင်းတက်နေသူတွေ၊ ကျန်းမာရေးဆေးကုသမှုလာရောက်ခံယူသူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေ၊ အိမ်ဖော်လုပ်ကိုင်နေသူ၊ မယ်သီလရှင်တွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်တယ်လို့သိရပါတယ်။ “ဒီမနက် ၈ နာရီကနေ ထွက်တာပါ။ ဒုတိယအခေါက်မှာ တစ်စီးကို ၂၂ ယောက်ပါတာရှိတယ်၊ ၃ စီးက ၂၁ ယောက်ပဲရှိတယ်၊ ဖုန်းဆက်တော့မလိုက်တော့တာရှိတယ်၊ ပြန်သွားတာရှိတာတွေကြောင့်ပေါ့။ အခုတစ်ခေါက်က အလှူရှင်မရှိတော့ ၃၅၀၀ ပေးရတယ်၊ အခုက ၂ခုံပေးရလို့ ၃၀၀၀၀ ပေးရတယ်၊ နောက်စားစရိတ်ကို ကြိုကောက်ထားတဲ့ဟာနဲ့ မှာပြီးယူပေးတယ်၊ ကားပေါ်စားရင်စား မဟုတ်ရင် လမ်းဘေးမှာ…
Read Moreပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်လူနာကုသခွင့်ရရင် ဆေးကုသစရိတ်အပြင် ၊ဆရာဝန်တွေရဲ့ PPEဝတ်စုံကိုပါ လူနာက ကျခံရမယ်
ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်တိုင်းထဲက ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးကုသခွင့်ရတဲ့အခါ လာရောက်ကုသမှုခံယူမယ့်သူတွေဟာ ဆေးကုသမှုကုန်ကျစရိတ်အပြင် ဆရာဝန် ၊ဆရာမတွေရဲ့ PPE ဝတ်စုံဖိုး ကိုပါ ကုန်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆေးရုံ ၄ ခုမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကျန်းမာရေးကုသခွင့်ပြုဖို့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနဆီကို တင်ပြထားရာ လက်ရှိမှာ ဆေးရုံ ၂ ခုက စစ်ဆေးမှုတွေလုပ်ပြီးသွားပြီလို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။ “အရင်ကိုဗစ်မဖြစ်ခင် ကုန်ကျမှုထက်တော့ ပိုများမယ်ဆိုပေမယ့် အများကြီးတော့မဟုတ်ဘူး။ ဆရာဝန်တွေ ဆရာမတွေ PPE တွေဝတ်ရမယ်။ ppe ကလည်း တစ်စုံ ၂၀၀၀၀ ကျော်လောက်ကျတာကိုး၊ ဒီအချိန်မှာ စားဖို့သောက်ဖို့ကလည်း ဆေးရုံကစီစဉ်ပေးရမယ်၊ အပြင်လူအဝင်အထွက် ခွင့်ပြုလို့မရဘူး၊ ဒီတော့ စားရေးသောက်ရေးနဲ့ PPE ဖိုးပဲ ကျန်တာကတော့ တကယ်လို့အောက်ဆီဂျင်လိုရင် အောက်ဆီဂျင်ကတော့ ကိုဗစ်မှာသုံးတဲ့ပမာဏကများတော့ အောက်ဆီဂျင်ဖိုးကုန်မယ်၊ကျန်တာကတော့ သိပ်ပြီးကွဲကွဲပါးပြားမရှိပါဘူး။ ပုဂ္ဂလိကကျ…
Read More