အစိုးရကိုဝေဖန်တဲ့ ဂျာနယ်လစ်တစ်ဦးကို အီရန်အာဏာပိုင်တွေ ကြိုးပေးကွပ်မျက်

တီဟီရန်၊ ဒီဇင်ဘာ-၁၃-၂၀၂၀ မျိုးဆက် (VOM) အီရန်မှာ မငြိမ်မသက်ဖြစ်အောင် အွန်လိုင်းမက်ဆေ့ချ်အပလီကေးရှင်း အသုံးပြုလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျာနယ်လစ် ရူဟိုလာဇမ်ကို အီရန်တရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်ပြီးနောက် သူ့ကို ဒီဇင်ဘာ ၁၂ ရက်မှာ ကြိုးပေးကွပ်မျက်လိုက်တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ နေထိုင်တဲ့ ရူဟိုလာဇမ်ဟာ ပြီးခဲ့တဲ့နှစ်က အီရတ်နိုင်ငံကိုခရီးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ၂၀၁၇ -၂၀၁၈ ခုနှစ်ဆန္ဒပြပွဲတွေမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက စွပ်စွဲထားတဲ့ အစိုးရဆန့်ကျင်ရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Amad News မှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒီကိစ္စဟာ အတင်းအဓမ္မဝန်ခံခိုင်းတဲ့ မမျှတဲ့စစ်ဆေးမှု တရားခွင်ကြောင့်ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ပြောဆိုထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #တီဟီရန်

Read More

အမတ်နေရာ ၈၃ ရာခိုင်နှုန်း အနိုင်ရတဲ့ NLD ပါတီဟာ  မဲရရှိမှုနဲ့တွက်ရင်  ၆၈ ရာခိုင်နှုန်းသာရှိ

မန္တလေး-ဒီဇင်ဘာ ၁၃-၂၀၂၀ ဆွေလင်းထွန်း(VOM)   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်မှာ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး အစိုရဖွဲ့နိုင်ခဲ့ပေမယ့် မဲရရှိမှု အရေအတွက်ကတော့ ၆၈ ရာခိုင်နှုန်းကျော်ပဲရှိတယ်လို့ မဲရလာဒ်စာရင်းတွေကို အခြေခံတွက်ချက်မှုအရ သိရပါတယ်။   NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်းကျော် ရရှိတာကို‌ တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းခန့်သာ ရရှိတာကို‌ တွေ့ရပါတယ်။   မြန်မာလူမျိုးအများစု နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေအတွက် ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိတာကိုတွေ့ရပြီး ရန်ကုန်တိုင်းမှာ…

Read More

ကိုဗစ် ၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်နဲ့ ကိုက်ညီကြောင်း ထောက်ခံချက်ရရင် တောင်ကြီးက နေရာတွေကို လည်ပတ်ခွင့် ပြန်ပေးမယ်

တောင်ကြီး၊ ဒီဇင်ဘာ- ၁၃ -၂၀၂၀ နေနန်းနွယ်(VOM)   ဒီဇင်ဘာလထဲမှာ ခရီးသွားလုပ်ငန်းကို ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားရေးမှုး ဦးစီးဌာနနဲ့ သင်တန်းတက်ရောက်မယ့် ဟိုတယ်ထိန်သာက အထွေထွေမန်နေဂျာတို့ကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားတာဖြစ်ပါတယ်။   #VOM #voiceofmyanmar #TaungGyi #ခရီးသွားလာရေး #တောင်ကြီး ဓါတ်ပုံ – တောင်ကြီးသားများစုဝေးရာ(ဝေဖြိးဟိန်း)

Read More

ဖားကန့်မြို့က ကိုဗစ် ကူးစက်မှုမြှင့်တက်နေတဲ့ လုံးခင်းကျေးရွာကို လော့ခ်ဒေါင်းချမယ်

ဒီဇင်ဘာ ၁၃-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုကို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၆နာရီကစပြီး အသွားအလာကန့်သတ်ကာ လော့ခ်ဒေါင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီ ဥက္ကဋ္ဌ ဦးဉာလင်းအောင်းကပြောပါတယ်။ လုံးခင်းကျေးရွာအုပ်စုဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၂ရက်နေ့အထိ သုံးပတ်တာကာလအတွင်း ကိုဗစ်-၁၉ကူးစက်ခံရသူ (၁၃၀)ဦးရှိနေပြီး ဖားကန့်မြို့နယ်မှာ ကူးစက်ခံရသူ အများဆုံးကျေးရွာလည်း ဖြစ်ပါတယ်။ အသွားအလာကန့်သတ်ပြီး လော့ခ်ဒေါင်းချထားတဲ့နေရာတွေကို မြို့နယ်ကိုဗစ် -၁၉ကော်မတီနဲ့ ရဲတပ်ဖွဲ့ ရဲတပ်ရင်း ၊ ကျန်းမာရေးဝန်ထမ်း ၊ မီးသတ်တပ်ဖွဲ့၊ ကြည်ခြေနီ ၊လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်းမှာ စက်တင်ဘာလက စပြီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်းဟာ ဒီဇင်ဘာ ၁၂ရက်နေ့အထိ ၂၅၉ ဦးအထိ…

Read More

SP မုန့်တိုက်ပိုင်ရှင်ကို TNLA ဖမ်းသွားတာ ၁၀ ရက်ပြည့်ပေမယ့် ပြန်မလွတ်သေး

ဒီဇင်ဘာ- ၁၃- ၂၀၂၀ ရှိုင်းအောင်(VOM) SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီသွားတာ ဒီကနေ့ ဆို ၁၀ ရက်ပြီ ဖြစ်ပါတယ်။ ဦးကျော်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ” ဒီကိစ္စကို အသေးစိတ်မသိရသေးဘူး၊ အောက်ခြေကလုပ်တာဆိုတော့ အသေးစိတ်ရောက်မလာသေးတော့ ကျနော်တို့က ဘာမှမသိရသေးဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရနိုင်သေးပါဘူး” လို့ VOM ကို ပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့က ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။ မိုးကုတ်မြို့မ စခန်းမှူး ဦးသိန်းဝင်းထွန်းကို VOM က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ”…

Read More

ရှမ်းမြောက် နမ္မတူမြို့နယ်မှာ ဒီ ၂ရက်အတွင်း သေနတ်သံတိတ်ဆိတ်

ဒီဇင်ဘာ ၁၃- ၂၀၂၀ နေလင်း(VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့  ညနေ ပိုင်းထိ TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီ ၂ရက်အတွင်းတော့ ငြိမ်သွားပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့ အခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကို VOM က ဆက်သွယ်မေးကြည့်တော့ ၂ ရက်လောက်တော့ တိုက်ပွဲအတော်ဖြစ်ခဲ့တယ်။ မနေ့ကနေ့ ဒီကနေ့တော့ မဖြစ်ပါဘူး အဓိကတော့ သူတို့က နယ်ကျော်ပြီး ဝင်ရောက်လာတာပြင်းပြင်းထန်ထန်ဖြစ်တယ်။ ၂၀၁၈ ကတည်းက နယ်ကျော်လာတော့ ကျနော်တို့နဲ့ SPPP ပေါင်းတိုက်တော့ ငြိမ်သွားပြီး ၂၀၁၉-၂၀ အတွင်းပေါ့ တပ်ဖက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်တော့ ကျနော်တို့က နယ်မြေအေးချမ်းအောင်ရှောင်ပေးတဲ့အချိန်မှာ RCSS က ပြန်ကျူးကျော်လို့ အခုလိုမျိုး ပြန်လည်တိုက်ပွဲဖြစ်ရတာပါ” လို့ဆိုပါတယ်။   အစိုးရတပ်နဲ့တောင်…

Read More

တောင်ကြီးမြို့ကို stay at home ကာလ ဒီဇင်ဘာလ ၂၀ ရက်ထိ ထပ်တိုး

ဒီဇင်ဘာ ၁၃-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ အရင်က stay at homeအဖြစ် ကြေညာထားတဲ့ ဧရိယာတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ထပ်မံ ရက်တိုးလိုက်ပြီးဖြစ်ပါတယ်။ “မင်္ဂလာဦးရပ်ကွက်မှာ အိမ်ခြေ ၃၅၀ ရှိပါတယ်၊ အကုန်လုံးကို stay at home ကြေညာထားတာပါ၊ အပြင်လုံးဝထွက်လို့မရတာတော့ မဟုတ်ဘူး၊ အိမ်တိုင်းကို အပြင်ထွက်ခွင့်/ဈေးဝယ်ခွင့်ကတ်လေးတွေ ဝေပေးထားပါတယ်၊ ကတ်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သုံးလို့ရပါတယ်၊ အဲ့ဒီအချိန်အတွင်းတော့ ထွက်လို့ရပါမယ်၊lockdown ဆိုရင်တော့ လုံး၀ ပေးမထွက်ဘူးလေ၊ အခုကတော့ stay at home ပေါ့၊ ကတ်က တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၂ နာရီ သုံးခွင့်ပေးထားပါတယ်၊ မင်္ဂလာဦးရပ်ကွက်နဲ့ဆက်စပ်ပြီး ပေါ့စတစ်ထွက်တာကတော့ အားလုံးပေါင်း ၃၃ ယောက်ရှိပါတယ်၊ အ.ထ.က-၁၁…

Read More

ကျောက်ဆည်မြို့ စူပါဝမ်းစတိုးဆိုင်ပိုင်ရှင်နဲ့ ထိစပ်သူ ၁၇ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၁၂-၂၀၂၀ သက်ထားခင် ကျောက်ဆည်မြို့မှာရှိတဲ့ စူပါဝမ်းစတိုးဆိုင်ပိုင်ရှင် အမျိုးသားဟာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ ထိစပ်သူတွေကို ကွာရန်တင်းထားပြီး စစ်ဆေးလိုက်ချိန် ဒီကနေ့ မနက်ပိုင်းမှာ ၁၇ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ “မိသားစုနဲ့ ဆိုင်ဝန်ထမ်းတွေကို ကွာရန်တင်းထားထားတာ၊ အဲ့ဒီအထဲကနေ ၁၇ ယောက် ထွက်တယ်၊ အခုလည်း လုပ်သင့်တာတွေလုပ်နေတယ်၊ လောလောဆယ် အဲ့ဒီနေရာကို Semi lockdown ပုံစံမျိုး လမ်းလေးကို ကန့်သတ်ထားဖို့ ကိုဗစ်ကော်မတီကို တင်ပြထားတယ်၊ ဆိုင်ကို ဝင်ထွက်ခဲ့တဲ့သူတွေကိုတော့ ဆက်သွယ်ပါဆိုပြီးတော့ လုပ်ထားတယ်၊ လောလောဆယ်တော့ ဆက်သွယ်တာမရှိသေးဘူး”လို့ ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စူပါဝမ်းစတိုးဆိုင်ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားဟာ ဆီးချိုရောဂါနဲ့ မောလာတဲ့အတွက် အပြင်ဆေးခန်းမှာ ပြသခဲ့ပေမယ် မတက်သာတာကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျောက်ဆည်ပြည်သူ့ဆေးရုံကို တက်ရောက်ပြသခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ပိုး ရှိ၊မရှိစစ်ဆေးလိုက်တဲ့အခါ ကိုဗစ်ပိုးတွေ့တယ်လို့ အဖြေထွက်ခဲ့တာဖြစ်တဲ့အတွက်…

Read More

မကွေးတိုင်းထဲက လောင်းကစားဝိုင်းအချို့ကို ရဲကဝင်ဖမ်း

ဒီဇင်ဘာ ၁၂-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်စုံကျေးရွာအုပ်စု၊ မှန်ရင်းကျေးရွာမှာ လေးကောင်ဂျင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေက ဒီကနေ့ နေ့လယ်၂နာရီခန့်ကဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူ၆ဦး၊ ဆိုင်ကယ်၂၉စီး၊ လောင်းကစားငွေ ၃၈သိန်း လေးသောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ ”၂နာရီလောက်ကဖမ်းတာ ဆိုင်ကယ်၂၉စီးငွေ၃၈သိန်းကျော်ပေါ့ လူ၆ယောက်နဲ့ အခုရဲစခန်းအပ်ဖို့လုပ်နေတယ်”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ကြက်တိုက်လောင်းကစားဝိုင်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ရဲတပ်ဖွဲ့ခေါ်ပြီးဝင်ဖမ်းခဲ့ရာ လူတစ်ဦးမှမမိဘဲ ဆိုင်ကယ်၂၈စီး သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်မှာ ” မေတ္တာရပ်ခံ တောင်းပန်ပါတယ်။ စပါး ၊ ပဲ ၊ နှမ်း ပေါ်လို့ ကျေးလက်ဒေသ ငွေစရွှင်ချိန်မှာ .. လောင်းကစားဝိုင်းတွေ မလုပ်ကြဖို့၊ ပခုက္ကူခရိုင် မြိုင်မြို့နယ် ၊ တောင်စုံ ကျေးရွာအုပ်စု ၊…

Read More

NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး ပါတီပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်

နေပြည်တော်၊ ဒီဇင်ဘာ- ၁၂-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂ အိမ်ရာအမှတ် (၂)၊ ရတနာ့သိဒ္ဓိရပ်ကွက်၊မလှိုင်လမ်းနဲ့ ပန်းရွှေပြည်(၃)လမ်းဒေါင့်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ CEC အဖွဲဝင် အစည်းအဝေးပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးအပြီး ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်မှုအတိုင်အတောကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ရံပုံငွေကောက်တာ ရပ်ဆိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို သင်တန်းပို့ချရေး၊ တိုင်းရင်းသားပါတီနဲ့ မိတ်ဖက်လုပ်မယ့်ကိစ္စ၊ နေပြည်တော် NLD ရုံးတည်ဆောက်ရေးနဲ့ အစိုးရဖွဲ့စည်းရေးတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က သတင်းမီဒီယာတွေကို အကြောင်းစုံရှင်းပြခဲ့ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NLD ပါ်တီ CEC အစည်းအဝေးပွဲကို ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးတင်ထွဋ်ဦး၊ ဦးထွန်းထွန်းဟိန်း၊…

Read More
VOM News

FREE
VIEW