ချောင်းသာကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးဖမ်းမိ

ဇန်နဝါရီ ၄-၂၀၂၁
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီကနေ့မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

“ဒီနေ့မနက်၁နာရီမှာ တပ်နဲ့ ရဲ တွေနဲ့ကျွန်တော်တို့တွေပူးပေါင်းပြီး ပင်လယ်ပြင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လိုက်ပို့တဲ့သူ ၅ဦးကိုလည်းအပါဆို ၁၂ဦးပေါ့”လို့ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့လူတွေကို ချောင်းသာနယ်မြေရဲစခန်းမှာထားပြီး အထက်ကို ဆက်လက်တင်ပြထားကာ အစားစာတွေနဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးထားသလို လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကိုလည်း တည်ဆဲဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ဥပဒေအရဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းသား #နိုင်ငံသားအထောက်အထားမဲ့သူတွေ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW