မဟာချိုင်က လော့ခ်ဒေါင်းချခံထားရတဲ့ ပုဇွန်ဈေးမှာ ကိုဗစ်ပိုးတွေ့ မြန်မာလုပ်သား ၁၃၀ ကျော်ကို ဆေးရုံပို့

ဇန်နဝါရီ ၄-၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံမှာ ခရိုင်အချို့ ကိုဗစ်ကူးစက်မှု အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ဒီကနေ့မနက်ကစတင်ကာ Lock Down သတ်မှတ်ခံထားရတဲ့ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုဇွန်ဈေးမှာ ကိုဗစ်လူနာတွေ အများအပြားတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ပိုးတွေ့မြန်မာလုပ်သား ၁၃၀ ကျော်ကို ရဲလုံခြုံရေးကားတွေနဲ့ ဆေးရုံပို့ဆောင်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား‌အရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။ ” လော့ခ်ဒေါင်းချထားတဲ့ မဟာချိုင်၊ ပုဇွန်ဈေးမှာပဲ ပိုးတွေ့လူနာ ၉၀၀ ကျော်တယ်။ အဲ့ဒီအထဲက ၁၃၀ ကျော်ကို ဆေးရုံပို့တာပါ။ အုပ်စု‌တွေခွဲထုတ်လိုက်တဲ့ အနေအထားလို့ယူဆရတယ်”လို့ မြန်မာရွှေ့အလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဒါရိုက်တာဦးစိန်‌ဌေးကပြောပါတယ်။ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ထိုင်းနိုင်ငံမြို့ကြီးတွေထဲက ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်မှာ ဇန်နဝါရီလ ၃ရက်နေ့က ကိုဗစ်ရောဂါပိုး ထပ်တွေ့သူ ၅၄၁ ဦးရှိနေတဲ့အထဲမှာ ထိုင်းနိုင်ငံသား ၈၆ ဦးသာ ပါဝင်‌နေပြီး ကျန်တာတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်နေတယ်လို့ ACC မဟာမိတ်အဖွဲ့ကနေ သိရပါတယ်။…

Read More

လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်သမ္မတက စစ်ဗိုလ်ချုပ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့၊ သံဃာတော်တွေနဲ့ လူတွေကို သာသနာတော်ဆိုင်ရာဘွဲ့တွေ ဆက်ကပ်လှူဒါန်း

မန္တလေး၊ ဇန်နဝါရီ ၄-၂၀၂၁ ဆွေလင်းထွန်း(VOM) ဒီနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေနဲ့ သာသနာတော်ဆိုင်ရာဘွဲ့တွေ နိုင်ငံတော်သမ္မတက အပ်နှင်းခဲ့ပါတယ်။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို သရေစည်သူဘွဲ၊ ဗိုလ်ချုပ်ကြီး ၂ဦးနဲ့ ဒုဗိုလ်ချုပ်ကြီး ၈ ဦးတို့ကို စည်သူဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။ ဒုတိယတပ်ကြပ်တဦးကို သူရဘွဲ့၊ ဒုဗိုလ်ချုပ်ကြီး ၂ဦးနဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဇေယျကျော်ထင်ဘွဲ့၊ ဗိုလ်မှူး၊ တပ်ကြပ်၊ ဒုတပ်ကြပ်နဲ့ တပ်သားအဆင့်ရှိ တပ်မတော်သား ၇ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ AA Medical Product ဥက္ကဌ ဦးဇော်မိုးခိုင်နဲ့ ထာဝရကုမ္ပဏီများအုပ်စု ဥက္ကဌ ဦးမောင်ကိုတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့၊ လူပုဂ္ဂိုလ်တဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊ လူပုဂ္ဂိုလ်တဦး ကို လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)၊ ဒုဗိုလ်ချုပ်ကြီး ၆ဦး၊ ဗိုလ်မှူ့ ၂ဦးနဲ့ လူပုဂ္ဂိုလ်၄ဦး…

Read More

ရိုဟင်ဂျာတွေ ပြန်ပို့မယ့်အစီအစဉ် အခုနှစ်အတွင်း စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်စာပို့

ဒါကာ၊ ဇန်နဝါရီ ၄-၂၀၂၁ မျိုးဆက် (VOM) ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ်ကို ဒီနှစ်ထဲမှာ စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ဆုတောင်းစာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာဟာ မိမိတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး အခုနှစ်အတွင်းမှာ ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ဖို့ မျှော်လင့်ထားကြောင်း မိုမန်က ဇန်နဝါရီ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှစ်အတန်ကြာကတည်းက ကြိုးစားနေခဲ့ရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့စာထဲမှာ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ် စတင်လိုတယ်လို့ ထည့်သွင်းရေးသားခဲ့တယ်လို့ သူကဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကြောင့် ရိုဟင်ဂျာတွေဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်တစ်ရပ်ကို အဲဒီနှစ်နှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အခြေအနေဟာ တိုးတက်ကောင်းမွန်မှုမရှိတဲ့အပြင် နိုင်ငံသားအဖြစ် အသိအမှတ်မပြုရင် နေရပ်မပြန်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ငြင်းဆန်ခဲ့တာကြောင့် ဒုက္ခသည်ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်ခဲ့ပါဘူး။ Ref:bdnews24…

Read More

တောင်ကုတ်မြို့နယ်မှာ အကြံအဖန်လုပ်ထားတဲ့ သက်သေခံမဲတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှားပျံ့နေ

ဇန်နဝါရီ ၄-၂၀၂၁ ဆွေလင်းထွန်း (VOM) တောင်ကုတ်မြို့နယ်မှာ မဲခိုး မဲလိမ် မဲအကြံအဖန် သက်သေခံမဲတွေကို မီးရှို့ဖျက်စီးတယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို သူရကျော်အကောင့်ကနေ လူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက မဲလက်မှတ်လို့ယူဆရတဲ့ အထုပ်တွေကို မီးရှို့ဖျက်စီးနေတဲ့ပုံတွေကို အသုံးပြုပြီး သတင်းအမှား ရေးသားထားတာဖြစ်ပါတယ်။ အချို့ လူမှုကွန်ယက်အကောင့်တွေကနေလည်း မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်ပုံတွေကို မျှဝေနေကြတာကို တွေ့ရပါတယ်။ မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်တွေရဲ့ အရောင်တွေကို လေ့လာကြည့်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဝါရောင်ဖြစ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်တွေက အဖြူရောင်ဖြစ်ပါတယ်။ မဲလက်မှတ်တွေ မီးရှို့ဖျက်စီးခဲ့တာနဲ့ပတ်သက်ပြီး သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်သိန်းကို ဆက်သွယ်မေးကြည့်တော့ ခုမီးရှို့တာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲရုံသုံးပစ္စည်းတွေဖြစ်တယ်လို့ ပြောပါတယ်။ ဦးတင်သိန်းက ” ၂၀၁၅ တုန်းက မဲရုံသုံးပစ္စည်းတွေပါ။…

Read More

ကောက်ရိုးတင်တဲ့ကားမီးလောင်ပြီး လူ ၁ ဦးသေဆုံး

ဇန်နဝါရီ ၄ – ၂၀၂၁ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဂွေးကုန်း – ရေနံချောင်းလမ်းမပေါ် အိုင်ဇောက်ကျေးရွာအနီးမိုင်အမှတ်(၂၅/၇)ဖာလုံနှင့်(၂၆/ဝ)ဖာလုံကြားမှာ မနေ့ ဇန်နဝါရီ ၃ရက်နေ့နေ့လယ်ပိုင်းက ကောက်ရိုးတင်လာတဲ့ ဒိုင်နာကားတစ်စီးမီးလောင်ကာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူ ၅ ဦးဒဏ်ရာရရှိတဲ့အထဲက လူ ၁ဦးဟာ မနေ့ည ၁၁နာရီခန့်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ”ကောက်ရိုးတွေနဲ့ကား အိတ်ဇောပွတ်တိုက်ထိမိရာကနေ အပူရှိန်လွန်ကဲပြီး မီးလောင်တာဖြစ်ပြီး မီးလောင်မှုကြောင့် ကားပေါ်ပါသူကျား(၅)ဦးဒဏ်ရာရရှိခဲ့တယ်၊ နတ်မောက်ပြည်သူ့ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေတယ်”လို့ နတ်မောက်ရဲစခန်း တာဝန်ကျရဲအရာရှိက ဇန်နဝါရီ၃ရက်နေ့ညနေပိုင်းက အတည်ပြုပြောပါတယ်။ မီးလောင်သွားတဲ့ကားဟာ ယာဉ်မောင်း ဘိုပြုံး(ခ)တိုင်းထက်ဇော် နဲ့ ယာဉ်နောက်လိုက် ကိုပု(ခ)မင်းခိုင်စိုး ချောင်းဆုံကျေးရွာ၊ ရေနံချောင်းမြို့နယ်နေသူတို့ မောင်းနှင်တဲ့ ဒိုင်နာအဖြူရောင် မော်တော်ယာဉ်ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးသူဟာ နတ်မောက်မြို့နယ်ပိတောက်ကုန်းကျေးရွာမှာနေတဲ့ အသက် (၂၈) နှစ်အရွယ်…

Read More

ထိုင်းမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာ

ဘန်ကောက်၊ ဇန်နဝါရီ-၄-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန်ခေါင်းထောင်လာတာကြောင့် ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်ပြီး နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ နိုင်ငံအရေးပေါ်အခြေအနေကတော့ ဇန်နဝါရီ ၄ ရက်နံနက် ၆ နာရီမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်တိုင်အောင် လက်ရှိမှာ သတ်မှတ်ထားပါတယ်။ ကန့်သတ်ချက်အသစ်တွေကို အစိုးရပြန်တမ်းမှာ ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်မှုအန္တရာယ်မြင့်မားတဲ့ အဆောက်အအုံ သို့မဟုတ် နေရာတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဖော်ပြထားပါတယ်။ အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေ အနေနဲ့ စာသင်ခန်းမှာ လူစုပြီးစာသင်တာတွေ၊ စာမေးပွဲကျင်းပတာတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တာကို တားမြစ်ထားပါတယ်။ ဒါပေမယ့် ကျောင်းသားကျောင်းသူ ၁၂၀ ထက်မပိုတဲ့ စာသင်ကျောင်း သို့မဟုတ် ပညာရေးအဖွ့ဲအစည်း အသေးစားတွေကတော့ ဒီကန့်သတ်ချက်မှာ ပါဝင်သလို အွန်လိုင်းစာသင်ကြားမှုတွေကိုလည်း ခွင့်ပြုပေးထားပါတယ်။ အများပြည်သူအကျိုးဆောင်ရွက်နေသူ တက်ကြွလှုပ်ရှားသူတွေကတော့ ပြည်သူအုပ်ချုပ်ရေးမှူးတွေဆီကနေ…

Read More

NLD နှင့်မွန်ညီညွတ်‌ရေးပါတီဆွေးနွေးပွဲ နေရာညှိနှိုင်းမှုအဆင်မ‌ပြေသေး

ဇန်နဝါရီ ၄-၂၀၂၀ ကောင်းလကျာ် (VOM) မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိနေတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်‌   ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့အဖွဲ့နဲ့ မွန်ညီညွတ်ရေးပါတီ  MUP တို့  နှစ်ဖက်ညှိနိုင်းဆွေးနွေးပွဲအတွက် နေရာညှိနိုင်းမှု အဆင်မပြေလို့ ဆွေးနွေးပွဲမဖြစ်သေးဘူးလို့  မွန်နိုင်ငံရေးအသိုင်းအဝိုင်းမှ  သိရှိရပါတယ်။ “ နေရာအဆင်မပြေသေးလို့ပွဲဖျက်လားဆိုတာက လက်ရှိအချိန်အထိ NLDက အကြောင်း  မပြန်သေးဘူး။ ကျွန်တော်တို့က တတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ စီစဉ်ပေးပါဆိုပြီး သုံးကြိမ်  မေတ္တာ ရပ်ခံထားတာပါ။ ဆွေးနွေးပွဲကိုဖျက်မလား မဖျက်ဘူးလားဆိုတာအကြောင်း ကိုပြန်မလာသေးတာပါ။ ကျွန်တော်တို့ကတော့ ဖျက်သိမ်းဖို့ မဆုံးဖြတ်ထားပါဘူး” လို့  မွန်ညီညွတ်ရေးပါတီရဲ့  NLD ပါတီနဲ့ တွေ့ဆုံဖို့ရွေးချယ်ထားတဲ့ အဖွဲ့‌ခေါင်းဆောင် နိုင်လယိတမ က ပြောပါတယ်။ NLD ပါတီအဖွဲ့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်လာပြီးမွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ၅ ဦးနဲ့ ယနေ့  နံ နက်…

Read More

ချောင်းသာကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးဖမ်းမိ

ဇန်နဝါရီ ၄-၂၀၂၁ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီကနေ့မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ “ဒီနေ့မနက်၁နာရီမှာ တပ်နဲ့ ရဲ တွေနဲ့ကျွန်တော်တို့တွေပူးပေါင်းပြီး ပင်လယ်ပြင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လိုက်ပို့တဲ့သူ ၅ဦးကိုလည်းအပါဆို ၁၂ဦးပေါ့”လို့ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူကပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်ကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့လူတွေကို ချောင်းသာနယ်မြေရဲစခန်းမှာထားပြီး အထက်ကို ဆက်လက်တင်ပြထားကာ အစားစာတွေနဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးထားသလို လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကိုလည်း…

Read More

တောင်ကိုရီးယားမှာ ကလေးမွေးဖွားမှုနှုန်းထက် သေဆုံးမှုနှုန်း မြင့်မားနေ

ဆိုးလ်၊ ဇန်နဝါရီ-၄-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းထက် သေဆုံးမှုနှုန်းက ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် မြင့်မားနေပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ ကလေးမွေးဖွားမှု ၂၇၅၈၀၀ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းသွားကာ သေဆုံးသူအရေအတွက်ကတော့ ၃၀၇၇၆၄ ဦးရှိခဲ့ပါတယ်။ အဲ့ဒီကိန်းဂဏန်းတွေအရ တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနဟာ သူရဲ့မူဝါဒတွေကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကို ပြသနေပါတယ်။ လူဦးရေကျဆင်းမှုဟာ နိုင်ငံတစ်ခုအတွက် ကြီးမားတဲ့ဖိအားတွေကို ဖြစ်ပေါ်စေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပင်စင်လစာလိုအပ်ချက်လိုမျိုးတွေက အများပြည်သူအသုံးစရိတ်အပေါ် ဖိအားဖြစ်စေတဲ့အပြင် စီးပွားရေးအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်လာနိုင်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ မိသားစုတွေကို ထောက်ပံံ့ငွေပေးတာမျိုးအပါအဝင် ကလေးမွေးဖွားမှုနှုန်း နိမ့်ကျနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့မူဝါဒအချို့ကို လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဆိုးလ်

Read More

မိုးကုတ်မြို့နယ်မှာ မြေထပ်ပြိုပြန်လို့ လူတစ်ဦးသေဆုံး

ဇန်နဝါရီ ၄-၂၀၂၁ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မနေ့ ဇန်နဝါရီ ၃ရက်နေ့ နဲ့ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့ ၂ရက်ဆက်တိုက် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပိသေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ် မိုးကုတ်မြို့နယ်အနောက်ပိုင်း ကျောက်ဆင်အုပ်စုကျေးရွာ ၊ ဘော်မားကျေးရွာ ၊ ဘော်မား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ ဒီကနေ့မနက် ၁၀ နာရီ အချိန်က ကျောက်တွင်း မြေပြိုကျလို့ ကျောက်တူးဖော်နေသူ လူတစ်ယောက် မြေပိသေဆုံးခဲ့တယ်လို့ မြတ်စေနာမွန် လူမှုကူညီရေး အဖွဲ့ကနေ သိရပါတယ်။ “ဒီမနက် သေဆုံးသူက မောင်မင်းထွန်း (ခ)အာကာ အသက် ၂၁ နှစ် ဆိုသူဖြစ်တယ်၊ DB ရုပ်အလောင်းကို ပါရမီလူမှုကူညီက သွားထုတ်တာဆိုတော့ ဒဏ်ရာရသူ ရှိ၊မရှိ အတိအကျ မသိရသေးဘူး “လို့…

Read More
VOM News

FREE
VIEW