NLD နှင့်မွန်ညီညွတ်‌ရေးပါတီဆွေးနွေးပွဲ နေရာညှိနှိုင်းမှုအဆင်မ‌ပြေသေး

ဇန်နဝါရီ ၄-၂၀၂၀

ကောင်းလကျာ် (VOM)

မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိနေတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်‌   ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့အဖွဲ့နဲ့ မွန်ညီညွတ်ရေးပါတီ  MUP တို့  နှစ်ဖက်ညှိနိုင်းဆွေးနွေးပွဲအတွက် နေရာညှိနိုင်းမှု အဆင်မပြေလို့ ဆွေးနွေးပွဲမဖြစ်သေးဘူးလို့  မွန်နိုင်ငံရေးအသိုင်းအဝိုင်းမှ  သိရှိရပါတယ်။

“ နေရာအဆင်မပြေသေးလို့ပွဲဖျက်လားဆိုတာက လက်ရှိအချိန်အထိ NLDက အကြောင်း  မပြန်သေးဘူး။ ကျွန်တော်တို့က တတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ စီစဉ်ပေးပါဆိုပြီး သုံးကြိမ်  မေတ္တာ ရပ်ခံထားတာပါ။ ဆွေးနွေးပွဲကိုဖျက်မလား မဖျက်ဘူးလားဆိုတာအကြောင်း ကိုပြန်မလာသေးတာပါ။ ကျွန်တော်တို့ကတော့ ဖျက်သိမ်းဖို့ မဆုံးဖြတ်ထားပါဘူး” လို့  မွန်ညီညွတ်ရေးပါတီရဲ့  NLD ပါတီနဲ့ တွေ့ဆုံဖို့ရွေးချယ်ထားတဲ့ အဖွဲ့‌ခေါင်းဆောင် နိုင်လယိတမ က ပြောပါတယ်။

NLD ပါတီအဖွဲ့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်လာပြီးမွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ၅ ဦးနဲ့ ယနေ့  နံ နက် ၉ နာရီခန့်က မွန်ပြည်နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံကြဖို့ပြင်ဆင်ထားတာဖြစ်ပေမယ့် နေရာညှိနိုင်းလို့အဆင်မပြေတာကြောင့်ဒီကနေ့ အဆင်မပြေဖြစ်နေတာပါ။

ဒီနေ့တွေ့ဆုံပွဲကို မော်လမြိုင်မြို့နယ် ကမ်းနားလမ်းက  ပြည်နယ် NLD ရုံးကို NLDက ရွေးချယ်ခဲ့တာဖြစ်ပြီး မွန်ညီညွတ်ရေးပါတီက နှစ်ဖက်ပါတီ  ရုံးမဟုတ်‌တဲ့ တတိယနေရာ တစ်ခုကိုတောင်းဆိုထားတာကြောင့်ပြည်နယ်ရုံးကို ကနေ့မနက် ရောက်မလာခဲ့တာလို့သိရပါတယ်။

အထက်ကညွှန်ကြားချက်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရင်ပြည်နယ်ပါတီရုံးမှာပဲ တွေ့ရမယ်လို့ ရှိနေလို့ပါလို့‌ဆွေးနွေးပွဲပျက်ပြီး ပြည်နယ်ရုံးအပြင်ဘက်သို့ ယနေ့နံနက် ၁၀ နာရီကျော်က ပြန်ထွက်လာတယ့်ဒေါက်တာအောင်မိုးညိုက သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

၂၀၁၅ ‌‌ရွေးကောက်ပွဲမှာ  မွန်အင်အားကြီး ပါတီနှစ်ခုက သီးခြားစီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာတော့ ပါတီကြီးနှစ်ခုပေါင်းကာ မွန်ညီညွတ်ရေးပါတီဆိုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မွန်ညီညွှတ်ရေးပါတီ MUP ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရာ ၁၉၄၇ ပင်လုံညီလာခံကတိကဝတ်တွေနဲ့ တိုင်းရင်းသားပါတီ ၄၈ ခုကို NLD ကပေးပို့ထားတဲ့  စာပေါ်မူတည်ပြီးဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီက တိုင်းရင်းသားဝန်ကြီးနေရာတခုအပါအဝင် ၁၂ နေရာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မွန်ညီညွတ်ရေးပါတီ #MUP #NLD #MUPနဲ့NLD တွေ့ဆုံပွဲ

ဓါတ်ပုံ*မွန်ပြည်နယ် အမျိုးသားဒီမိုကကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW