ရိုဟင်ဂျာတွေ ပြန်ပို့မယ့်အစီအစဉ် အခုနှစ်အတွင်း စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်စာပို့

ဒါကာ၊ ဇန်နဝါရီ ၄-၂၀၂၁
မျိုးဆက် (VOM)
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ်ကို ဒီနှစ်ထဲမှာ စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ဆုတောင်းစာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာပြဿနာဟာ မိမိတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး အခုနှစ်အတွင်းမှာ ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ဖို့ မျှော်လင့်ထားကြောင်း မိုမန်က ဇန်နဝါရီ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှစ်အတန်ကြာကတည်းက ကြိုးစားနေခဲ့ရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့စာထဲမှာ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ် စတင်လိုတယ်လို့ ထည့်သွင်းရေးသားခဲ့တယ်လို့ သူကဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကြောင့် ရိုဟင်ဂျာတွေဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်တစ်ရပ်ကို အဲဒီနှစ်နှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်အခြေအနေဟာ တိုးတက်ကောင်းမွန်မှုမရှိတဲ့အပြင် နိုင်ငံသားအဖြစ် အသိအမှတ်မပြုရင် နေရပ်မပြန်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ငြင်းဆန်ခဲ့တာကြောင့် ဒုက္ခသည်ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်ခဲ့ပါဘူး။
Ref:bdnews24
Photo: bdnews24
#voiceofmyanmar #VOM #ဒါကာ #ရိုဟင်ဂျာ  #မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ် #ဒီနှစ်ထဲမှာစတင်လို

Related posts

Leave a Comment

VOM News

FREE
VIEW