ငြိမ်းစုစီဥပဒေ ဖျက်သိမ်းပေးရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးခံရ

ဇန်နဝါရီ ၄-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ငြိမ်းစုစီဥပဒေ ဖျက်သိမ်းပေးရေးအတွက် နိူင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ရာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နိူင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုအောင်ချိုဦးက ” ဒီဥပဒေက မရှိသင့်ပါဘူး၊ ဒီမိုကရေစီခေတ်မှာ လူတိုင်းမှာ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိရမယ်။ ဒါကြောင့် ဒီဥပဒေကို ဖျက်သိမ်းပေးသင့်တယ်”လို့ ပြောပါတယ်။

ငြိမ်းစုစီဥပဒေမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိူင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ချိုဦးကို ကျောက်တံတားမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုအောင်ချိုဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့ကလည်း ဝန်ကြီးချုပ်နာမည်အသုံးချကာ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ချိန် ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်မြောက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ နိူင်ငံရေးအကျဉ်းသားဟောင်းဦးအောင်ချိုဦးဟာ ၂၀၀၆ ခုနှစ်မှာ အရေးပေါ်အက်ဥပဒေနဲ့ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ငြိမ်းစုစီဥပဒေ #ဆန္ဒဖော်ထုတ်သူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW