လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်သမ္မတက စစ်ဗိုလ်ချုပ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့၊ သံဃာတော်တွေနဲ့ လူတွေကို သာသနာတော်ဆိုင်ရာဘွဲ့တွေ ဆက်ကပ်လှူဒါန်း

မန္တလေး၊ ဇန်နဝါရီ ၄-၂၀၂၁

ဆွေလင်းထွန်း(VOM)

ဒီနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေနဲ့ သာသနာတော်ဆိုင်ရာဘွဲ့တွေ နိုင်ငံတော်သမ္မတက အပ်နှင်းခဲ့ပါတယ်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို သရေစည်သူဘွဲ၊ ဗိုလ်ချုပ်ကြီး ၂ဦးနဲ့ ဒုဗိုလ်ချုပ်ကြီး ၈ ဦးတို့ကို စည်သူဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။ ဒုတိယတပ်ကြပ်တဦးကို သူရဘွဲ့၊ ဒုဗိုလ်ချုပ်ကြီး ၂ဦးနဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဇေယျကျော်ထင်ဘွဲ့၊ ဗိုလ်မှူး၊ တပ်ကြပ်၊ ဒုတပ်ကြပ်နဲ့ တပ်သားအဆင့်ရှိ တပ်မတော်သား ၇ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

AA Medical Product ဥက္ကဌ ဦးဇော်မိုးခိုင်နဲ့ ထာဝရကုမ္ပဏီများအုပ်စု ဥက္ကဌ ဦးမောင်ကိုတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့၊ လူပုဂ္ဂိုလ်တဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊ လူပုဂ္ဂိုလ်တဦး ကို လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)၊ ဒုဗိုလ်ချုပ်ကြီး ၆ဦး၊ ဗိုလ်မှူ့ ၂ဦးနဲ့ လူပုဂ္ဂိုလ်၄ဦး ကို သိပ္ပွံပညာထူးချွန်တံဆိပ်(ပထမအဆင့်)၊ လူပုဂ္ဂိုလ် ၁၅ ဦးကို ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်)၊ ဆိုင်းပညာရှင် ဦးစိန်မြအောင်ကို အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)တို့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေအဖြစ် ဆရာတော် ၅၁ ပါးကို အဘိဗဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်၊ ဆရာတော် ၇၉ ပါးနဲ့ သီလရှင်ဆရာကြီး ၁၁ပါးကို အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ဆရာတော် အပါး ၈၀နဲ့ သီလရှင်ဆရာကြီး ၆ပါးကို မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ဆရာတော် ၁၂၅ပါးနဲ့ သီလရှင်ဆရာကြီး ၆ပါးကို ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

#VoiceofMyanmar #VOM #လွတ်လပ်ရေးနေ့ #ဘွဲ့တံဆိပ်တွေအပ်နှင်း #နိုင်ငံတော်သမ္မတ

Related posts

Leave a Comment

VOM News

FREE
VIEW