ပြန်ဖွင့်ပေးမယ့် ယုဇနပလာဇာဈေးမှာ ကိုဗစ်ပိုးတွေ့ပါက ချက်ချင်းပိတ်မယ်

ဇန်နဝါရီ ၅ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ရန်ကုန်မှာ မနက်ဖြန်ကနေစပြီး ယုဇနပလာဇာဈေးကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အဲ့ဒီဈေးအပေါ်မှာမှုတည်ကာ မင်္ဂလာဈေးကို ပြန်ဖွင့်မှာဖြစ်သလို ကိုဗစ်ပိုးတွေ့ရင်တော့ ဈေးကိုချက်ချင်းပိတ်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။

“မနက်ဖြန်မှာ ဖွင့်မယ့် ယုဇနပလာဇာကို ကျွန်တော်တို့ ကြည့်ရမယ် ။ အဆင်ပြေတယ်ဆိုရင် မင်္ဂလာဈေးကို ဖွင့်မယ်ဆိုပြီး မနက်က ဈေးတာဝန်ရှိတဲ့သူတွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ အမှန်ပြောရရင်တော့ မဖွင့်စေချင်သေးဘူး၊ ဒါပေမယ့်လို့ ဈေးသူဈေးသားတွေရယ် ဝန်ထမ်းတွေရယ်က ဒုက္ခအတော်လေးရောက်နေတဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီဖွင့်ဖို့ လုပ်နေရတာဖြစ်ပါတယ်။ မင်္ဂလာဈေး ထပ်မှန်ဖွင့်ဖို့အတွက် နောက်တစ်ပတ်ထဲမှာလည်း ဆက်ပြီး ဆွေးနွေးရအုံးမှာဖြစ်ပါတယ်“လို့ ဦးလှဌေးကပြောပါတယ်။

ဒါ့အပြင် ယုဇနပလာဇာ ပြန်ဖွင့်ရင်လည်း လူစုလူဝေးအများကြီးမဖြစ်စေဖို့အတွက် ဈေးသူဈေးသားတွေ ပြောထားသလို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖွင့်လှစ်နိုင်မယ်လို့လည်း ယုံကြည်နေပြီး အဲ့ဒီဈေးထဲမှာ ပိုးရှိသူ လူနာတွေ့ရှိခဲ့ရင်တော့ ဈေးကို ချက်ချင်းပိတ်သွားမယ်လို့ ဦးလှဌေးက ဆက်ပြောပါတယ်။

“ ကျွန်တော်တို့ မင်္ဂလာတောင်ညွှန့်မှာလည်း ရောဂါတွေ့ရှိသူ နည်းသွားပါပြီ ။ ဒါကြောင့် ဈေးကို စည်းကမ်းတကျနဲ့ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ တစ်ကယ်လို့ ဈေးမှာ ရောဂါပိုး တွေ့တယ်ဆိုရင်တော့ ဈေးကို ချက်ချင်းပိတ်သွားမှာပါ”လို့ ဦးလှဌေးက ပြောပါတယ်။

မနက်ဖြန်မှာ ပြန်လည်ဖွင့်လှစ်မယ့် ယုဇနပလာဇာမှာတေ့ာ ဈေးသူဈေးသားတွေ ဈေးဝယ်သူတွေအနေနဲ့ ရောဂါမဖြစ်စေရေးအတွက် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ပြီးမှ စနစ်တကျရောင်းဝယ်ဖို့ နဲ့ စီမံခန့်ခွဲမှုကော်မတီကနေ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ ဈေးဆိုင်ခန်းတွေကို စစ်ဆေးအရေးယူသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ုကုန် #ယုဇနပလာဇာဈေး

Related posts

Leave a Comment

VOM News

FREE
VIEW