စည်ပင်တန်းလျားနေသူက အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်

ဇန်နဝါရီ ၆ -၂၀၂၁
ကိုတိုးကြီး (VOM)

မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ စည်ပင်သာယာ သန့်ရှင်းရေးလုပ်သား ဝန်ထမ်း တန်းလျားမှာနေထိုင်တဲ့ (မီးသဂြိုၤဟ်စက်လုပ်သား) တစ်ယောက်ဟာ အသက် ၆ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာကြောင့် မုဒုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

“အဲ့ဒီအမှုမှာ သုဿာန်မီးသဂြိုၤဟ်စက်လုပ်သား ကိုမွန်လေး အသက် ၂၇ နှစ်က တန်းလျားလိုင်ခန်း အတူနေ လုပ်ငန်းအတူတူ လုပ်ဖော်ကိုင်ဖက်ရဲ့သမီး အသက် ၆ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်”လို့ မုဒုံမြို့မရဲစခန်းက အမှုစစ်ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

စည်ပင်ဝန်ထမ်းတန်းလျားမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက အဓမ္မပြုကျင့်သူရဲ့ မိန်းမဖြစ်သူက တန်းလျားအိမ်သာဘက်မှာ မှောင်နေတဲ့အတွက် အိမ်သာမီးကို ဖွင့်လိုက်တဲ့အခါ အသက် ၆ နှစ်အရွယ်မိန်းကလေးကို သူ့ယောက်ျားက အတင်းအဓမ္မပြုကျင့်နေတာကို မီးရောင်အောက်မှာ မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့ ရဲစခန်းမှာသက်သေထွက်ဆိုထားကြောင်း သိရပါတယ်။

ကာယကံရှင် အသက် ၆ နှစ်အရွယ် မိန်းကလေးကလည်း အဖွားဖြစ်သူဆီကိုသွားကာ ” ဦးမွန်လေးက သူ့ကိုလက်ဆွဲပြီး အိမ်သာဘက် ခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ခဲ့တယ်၊ ပြန်ပြောရင် အုတ်ခဲနဲ့ ထုသတ်မယ်”လို့ ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြန်လည် ပြောပြပါတယ်။

အတင်းအဓမ္မပြုကျင့်ခံရတဲ့ အသက် ၆နှစ်အရွယ်မိန်ကလေးရဲ့ အဖွားဖြစ်သူက ဇန်နဝါရီ ၄ ရက်နေ့မှာ မုဒုံမြို့မရဲစခန်းကို သွားရောက်တိုတန်း အမှုဖွင့်တဲ့အတွက် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ်- ၁/ ၂၀၂၊ (ပ)၄/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၃၆၃ အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုဒုံ #အသက်ခြောက်နှစ်မိန်းကလေး #အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW