တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာတွေထူးလာမလဲ

မျိုးဆက် (VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာအရေး အပြောင်းအလဲတွေကိုကြည့်ပြီး မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို နောက်ထပ်မြှင့်တင်ဖို့ သူ့ရဲ့ ခရီးစဉ်မှာ ရည်ရွယ်ထားပုံရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ ဂျပန်နဲ့ အိန္ဒိယတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့တွေအပေါ် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး ဒါဟာသူ့အကျိုးစီးပွား ယုတ်လျော့စေတယ်လို့ ယူဆထားဖွယ်ရှိပါတယ်။ ဝမ်ယီရဲ့ခရီးစဉ်မှာတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ကိုဗစ်-၁၉ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့မှုတွေ တိုးမြင့်ဖို့တွေ ပါဝင်လာနိုင်ပါတယ်။ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက အစဉ်တစ်စိုက်ထောက်ခံနေတယ်ဆိုတာနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး သူဟာ နိုဝင်ဘာရွေး ကောက်ပွဲပြီးနောက် နေပြည်တော်ကို…

Read More

ပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်

နေပြည်တော်-ဇန်နဝါရီ ၁၀-၂-၂၁ ကိုထွန်း(VOM)   နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးဌာနချုပ်  သင်တန်းခန်းမဆောင်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့ပါတယ်။   အဲဒီရှင်းလင်းပွဲမှာ  ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ရွေးကောက်ပွဲမှာတရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အချိန်မှ ယခုကာလအထိ ရဲစခန်းကို တိုင်ကြားထားတဲ့အမှုပေါင်း (၁၂၇)မှုရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုတင်ပြထားတာ (၁၁၆၄)ခုရှိပါတယ်၊ စာချွန်တော်တင်ထားတာလည်း ရှိပါတယ်။  ကန့်ကွက်ပွဲတွေလုပ်တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ၊ တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တာတွေ လုပ်ဆောင်နေတာကတော့ ပြည်ခိုင်ဖြိုးသမိုင်းမရိုင်းချင်လို့ လုပ်ဆောင်တာဖြစ်ကာ  နောက်ထပ်လည်းကျွန်တော်တို့ ဥပဒေနဲ့အညီဆောင်ရွက်စရာတွေ ဆက်လုပ်မှာပါ” သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာချွန်တော်လွှာတင်တဲ့ နိုင်ငံရေးပါတီတွေကို ပြောဆိုတာနဲ့ပတ်သက်လို့ လည်း ဒေါက်တာနန္ဒာလှမြင့်က   “ နောက်တစ်ခုက ခုလိုလုပ်နေခြင်းဟာ ပေါ်လယ်တီကယ်ဆူဆိုက်လုပ်တယ်၊ ကိုယ့်နိုင်ငံရေးကြိုးကွင်း ကိုယ့်ဟာကိုယ်ပြန်စွပ်နေတယ်လို့ ဝေဖန်ထိုးနှက်မှုဟာလည်း ဦးဇော်ဌေးအနေနဲ့…

Read More

အိန္ဒိယ အရှေ့မြောက်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူဟာ စစ်ကိုင်းမှာအိမ်ထောင်ပြုထားသူဖြစ်နေ

စစ်ကိုင်း-ဇန္နဝါရီ ၁၀ ၊ ၂၀၂၁ Voice of Myanmar ၂၀၂၀ ဩဂုတ်လက မုံရွာချင်းတွင်းမြစ်ကူးတံတားမှာ ဖမ်းခံရတဲ့သူဟာ စစ်ကိုင်းမြို့ ၊ ဇေယျာတိုးချဲ့ရပ်ကွက်၊ အမှတ် ၅ လမ်းမှာနေထိုင်တဲ့ အိန္ဒိ ယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံက နိုင်ငံသား စီစစ်ရေးကဒ်ပြားကိုင်ဆောင်ပြီးတော့ အိမ်ထောင်ပြု နေထိုင်နေတာကြောင့် စစ်ကိုင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မနေ့ ဇန္နဝါရီ ၉ ရက်က စစ်ကိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ ” အရေးယူခံရသူက အိန္နိယနိုင်ငံ မဏိပူရ်ပြည်နယ် Kak Chin Tokpaching မှာနေတဲ့ အိန္နိယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်တယ် ၊ နောက်ပြီး သူကPeople Liberratiin Army (PLA) ဒေသအခေါ် ကသည်း ပြည်သူ့ လွတ်မြောက်ရေး…

Read More

အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဇန်နဝါရီ ၁၆ ရက်မှာစတော့မယ်

ဒေလီ၊ ဇန်နဝါရီ-၁၀-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်တော့မယ်လို့ အိန္ဒိယအစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဇူလိုင်လမှာ ပြည်သူသန်း ၃၀၀ ထိကာကွယ်ဆေးထိုးပေးဖို့ရည်ရွယ်ထားကြောင်း သူကဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံထိရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ကို ရှေ့တန်းကနေရင်ဆိုင်နေရတဲ့ အလုပ်သမားတွေကို ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံတွေထဲက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နိုင်ငံအတွင်းမှာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းရှိကာ လူတစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ကျန်းမာရေးတာဝန်ရှိသူတွေဟာ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ထုတ်လုပ်ထားတဲ့ Covishield…

Read More

မူးယစ်ဖမ်းတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆန္ဒဖော်ထုတ်

ဇန်နဝါရီ ၁၀-၂၀၂၁ အေးချမ်းသူ(VOM) မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံဆိုသူရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီကနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်မှာ အလွတ်တန်းသတင်းထောက်တစ်ဦးက တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးစိုးလွင်က “ကျနော်က စံတော်ချိန်က အလွတ်တန်းသတင်းထောက်၊ ကာတွန်းလည်းဆွဲတယ်။ ဖြစ်တဲ့နေ့က သတင်းသွားယူတော့ CCTVမှာ လူနှစ်ယောက်ဆေးလိပ်ဝယ်ပြီး ဗူးထဲမှာထည့်ပြီး တင်ခဲ့တာ၊ ပြောချင်တာက ရဲတွေအနေနဲ့ CCTVကိုစစ်ဆေးပေးစေချင်တယ်။ အမှုမှန်ပေါ်ပေါက်စေချင်တယ်၊ ဒါကြောင့်အခုလို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရတာ”လို့ VOMကိုပြောပါတယ်။ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရာမှာ မာန်ပြေ၃လမ်း မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ်အား မြန်မာနိူင်ငံအစိုးရအာဏာပိုင်များမှ CCTVကို ကြည့်ရှုစစ်ဆေးရန်၊ အပြစ်ရှိသူ ၁၀၀ထက်အပြစ်မရှိသူတစ်ဦး အပြစ်ဒဏ်ခံရတာ ဆိုးဝါးလှသည် သတိပြုပါ၊ ပြည်သူချစ်သောရဲဖြစ်၏ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဒီကနေ့ဆန္ဒဖော်ထုတ်တဲ့ဖြစ်စဉ်ရဲ့အမှုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးဝင်ရောက်ဖမ်းဆီးရာ လုပ်ကြံမှုဖမ်းဆီးခံတယ်လို့ဆိုကာ ရပ်ကွက်နေပြည်သူများအကြား…

Read More

ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာ ပျံ့နှံ့

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၁ ဆွေလင်းထွန်း၊ ရှိုင်းအောင်(VOM) မန္တလေးက ဧရာဝတီစင်တာမှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်က သူ့ရဲ့ “ရွှေမဟာနွယ် ရွှေမဟာနွယ်” ဆိုတဲ့ လူမှုကွန်ယက်မှာ ဒီနေ့မနက်က တင်ခဲ့တာဖြစ်ပါတယ်။ ရွှေမဟာနွယ် ရွှေမဟာနွယ် အကောင့်ကနေ တင်ထားပြီး နာရီပိုင်းအတွင်းမှာ ပို့စ်ကို နှစ်သက်သူ ၆၀၀ နီးပါး၊ မှတ်ချက်ရေးသူ ၄၆ဦးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ နီးပါးရှိခဲ့ပြီး ခုချိန်မှာတော့ အဲ့ဒီပို့စ်ကို ပြန်ဖြုတ်ချသွားပြီ ဖြစ်ပါတယ်။ အခြားလူမှုကွန်ယက် သုံးစွဲသူအချို့က မရွှေမဟာနွယ်ကို ခရက်ဒစ်ပေးပြီး အဲ့ဒီ သတင်းမှားကို ပြန်လည် ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတာနဲ့ပတ်သက်ပြီး မရွှေမဟာနွယ်ကို VOM က ဆက်သွယ်မေးကြည့်တော့ အဲ့ဒီကိစ္စကို ဧရာဝတီစင်တာ(မန္တလေး)မှာ တက်ရောက်နေတဲ့ လူနာတဦးဆီက ကြားသိခဲ့ရကြောင်းနဲ့…

Read More

တန့်ဆည်မှာ ရေမော်တာကတဆင့်မီးလောင်၊ သိန်း ၂၄၀ကျော်ဆုံးရှုံး

ဇန်နဝါရီ ၁၀-၂၀၂၁ ဟိန်းကို(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်းနဲ့ ဆေးပစ္စည်းဆိုင် တစ်ဆိုင်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဆိုင်အတွင်း ကားဂိုဒေါင်ရှိ ရေမော်တာ မိန်းခလုတ်ကို မပိတ်ဘဲထားရာ ဝါယာကြိုးအပူလွန်ကဲပြီး မီးပွားတွေထွက်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တန့်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မီးလောင်တာက ၁၂နာရီ ၁၅လောက်က စလောင်တာပေါ့၊ သတင်းရတော့ တန့်ဆည်ကကားတွေက ၁၂နာရီ ၃၅မှာထွက်တယ်၊ မီးလောင်မှုကို တန့်ဆည်ကမီးငြိမ်းသတ်ယာဉ်၊ရေဦးမြို့နယ်က မီးငြိမ်းသတ်ယာဥ်၊ ဒီပဲယင်းမြို့နယ်က မီးငြိမ်းသတ်ယာဉ်တွေ၊ ရွာရှည်(မ)နယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ်၊ အင်္ကုက္ကားနယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ် စုစုပေါင်း မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၆)စီးနဲ့ မီးငြိမ်းခဲ့တယ်၊ မနက် ၁နာရီ၃၅မှာ မီးငြိမ်းပါတယ်”လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးမြင့်ကပြောပါတယ်။ မီးလောင်မှုကြောင့် Mark-2 အိမ်စီးကားတစ်စီး၊ Suzuki Etirta အိမ်စီးကား တစ်စီး၊ စူပါကပ်ဆိုင်ကယ်…

Read More

စစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ ရဲဝန်ထမ်း အရေအတွက် မြှင့်တက်လာ

ဇန်နဝါရီ ၁၀ – ၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်းမှာ ၂၀၂၀ နှစ်သစ်ကူးချိန်ကစပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် မြှင့်တက်လာတယ်လို့ သိရပါတယ်။ မုံရွာမြို့၊ လေကြောင်းရဲတပ်ဖွဲ့ခွဲရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ ၈ ရက်ညပိုင်းက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးနေချိန် Hight jet ကားတစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်ကလည်း တမူးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒု-တပ်ကြပ် အသက် ၄၂ နှစ် အမျိုးသားဟာ တမူးမြို့မရဲစခန်းကနေ တာဝန်ကျနေရာဖြစ်တဲ့ ပြည်သူ့အငှားအိမ်ယာ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာကိုသွားတဲ့ တမူး-ကလေး ကားလမ်းပေါ်မှာ ယာဉ်တိုက်မိလို့ ရရှိဒဏ်ရာနဲ့ တမူးဆေးရုံမှာ သေဆုံးသွားခဲ့ပြန်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ဒီဇင်ဘာ ၂၅…

Read More

ကွာရန်တင်းစင်တာကို ဘုန်းကြီးက မီးနဲ့ရှို့

ဇန်နဝါရီ ၁၀-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီခွဲခန့်က အ.ထ.က ကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေတဲ့ ဘုန်းကြီးတစ်ပါးက နေထိုင်ရာအဆောင်ကို မီးနဲ့ရှို့ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောပါတယ်။ ” ကွာရန်တင်းဝင်နေတဲ့ ဘုန်းကြီးက မီးတင်ရှို့တာ၊ ကိုယ်တိုင်ဝန်ခံထားတယ်။ မနက် ၆ နာရိခွဲလောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် အဆောင်တစ်ခု ပျက်ဆီးတယ်၊ ဘုန်းကြီးက စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးကောင်းလှပုံမပေါ်ဘူး”လို့ ဦးအောင်ကိုမင်းက ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း‌ကနေပြန်လာတဲ့ သက်တော်၄၃ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ ကိုဗစ်ကော်မတီက စီစဉ်ပေးတဲ့ အ.ထ.ကကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ ခေတ္တ‌နေထိုင်ချိန် အခုလိုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အဲ့ဒီကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့…

Read More

VOM ရဲ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

– နိုင်ငံတော်သမ္မတရုံးရဲ့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပွယ်အပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများနှဲ့ တရားမျှတမှုဖော်ဆောင်ရေးကော်မတီက ဒီနေ့နေ့စွဲနဲ့ ကြေညာချက်ထုတ် ပြီး အပြင်းအထန်ရှုံ့ချလိုက်တယ်ဆိုတဲ့သတင်း – ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နဲ့ ဇနီး ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့သတင်း – အင်းတော် ကန်ပတ်လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်မှာ သက်ဆိုင်ရာနဲ့ ဒေသခံတွေ အငြင်းပွားမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်း – မူဆယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လုပ်ကြံမှု ၁ ပတ်အတွင်း ၃ ကြိမ်ဖြစ်ပွားခဲ့တဲ့ သတင်း – ဗန်းမော်မြို့က အမှိုက်ပုံမီး‌ညှော်နံ့ဆိုးတွေကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်ဒေသခံတွေ မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့ သတင်း – ဘုရားမုခ်ဦးဟောင်း ဖြိုဖျက်ရာကနေ ပြိုကျပြီး အလုပ်သမား တစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်း – ကချင်ပြည်နယ်မှာ ၂၀၂၀ အတွင်းမှာ ယာဉ်တိုက်မှုတွေကြောင့် လူ ၂ ရာကျော် သေဆုံးခဲ့တဲ့သတင်း – ရန်ကုန်က မင်္ဂလာဈေးကို ၁၄…

Read More
VOM News

FREE
VIEW