အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဇန်နဝါရီ ၁၆ ရက်မှာစတော့မယ်

ဒေလီ၊ ဇန်နဝါရီ-၁၀-၂၀၂၁
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်တော့မယ်လို့ အိန္ဒိယအစိုးရက ကြေညာလိုက်ပါတယ်။

ဒါဟာ သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဇူလိုင်လမှာ ပြည်သူသန်း ၃၀၀ ထိကာကွယ်ဆေးထိုးပေးဖို့ရည်ရွယ်ထားကြောင်း သူကဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံထိရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ကို ရှေ့တန်းကနေရင်ဆိုင်နေရတဲ့ အလုပ်သမားတွေကို ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံတွေထဲက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

နိုင်ငံအတွင်းမှာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းရှိကာ လူတစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ကျန်းမာရေးတာဝန်ရှိသူတွေဟာ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ထုတ်လုပ်ထားတဲ့ Covishield ကာကွယ်ဆေး၊ ပြည်တွင်းကုမ္ပဏီ Bharat Biotech ထုတ် Covaxin ကာကွယ်ဆေးတို့ကို အသုံးပြုဖို့ ခွင့်ပြုချက်ပေးထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ #ကိုဗစ်ကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW