ရိုဟင်ဂျာတွေကို နေရပ်ပို့ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်တို့ သုံးပွင့်ဆိုင်ဆွေးနွေးမယ်

ဒါကာ၊ ဇန်နဝါရီ ၁၄-၂၀၂၁
မျိုးဆက် (VOM)
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၉ရက်နေ့ ဒါကာမှာပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ထားတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံကစိစစ်ဖို့အတွက် ရိုဟင်ဂျာ ရှစ်သိန်းလေးသောင်းရဲ့ စာရင်းတွေကို မြန်မာတာဝန်ရှိသူတွေဆီကို ဘင်္ဂလားဒေ့ရှ်က လွှဲပြောင်းပေးထားတယ်လို့ မိုမန်က ပြောပါတယ်။

ဒါပေမယ့် မြန်မာဘက်က အတည်ပြုတဲ့အရေအတွက်ဟာ အရမ်းနည်းပြီး လေးသောင်းနှစ်ထောင်သာ ရှိပြီး လုပ်ငန်းစဉ်ကလည်း အလွန်နှေးကွေးတယ်လို့ သူကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုယ့်တာဝန်ကိုယ်လုပ်နေပေမယ့် မြန်မာဘက်က အလားတူတုံ့ပြန်မှုမျိုးမရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၁၉၇၈ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်သလိုမျိုးလုပ်ဖို့ အမြဲမျှော်လင့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Ref: Daily Star
Photo: Daily Star
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW