တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ ၁၆-၂၀၂၁
မျိုးဆက် (VOM)

ထိုင်းအစိုးရဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူရေးမှာ ပါဝင်လာဖို့အတွက် သူတို့ကို အလုပ်လုပ်ကိုင်ခွင့် အထူးပါမစ်ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

ဘန်ကောက်အနီးရှိ ငါးဈေးတစ်ခုမှာ ဒီဇင်ဘာလယ်ပိုင်းက အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေအကြား ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေတဲ့အပေါ် တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်ရတာဖြစ်ပါတယ်။

အာဏာပိုင်တွေက တရားမဝင်နေထိုင်တာဖြစ်ကြောင်း မသိရှိမီ ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းရှင်အချို့က ရုတ်တရက်အလုပ်ထုတ်မှုတွေဖြစ်ပွားပြီးနောက် အဲ့ဒီကိစ္စအပေါ် သိပေးမှုတွေ ထွက်ပေါ်လာပါတယ်။

ထိုင်းအစိုးရရဲ့ အစီအစဉ်သစ်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားမှတ်ပုံတင်ပြီးတာနဲ့တစ်ပြိုင်နက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ပါမစ်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။တရားဝင်မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီ ၁၅ ရက်က စတင်ခဲ့ပြီး လူဦးရေတစ်သန်းအထိ ခွင့်ပြုချက်ရဖွယ်ရှိနေပါတယ်။

Ref : NHK
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW