အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၆ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့မှာ ဦးဝီရသူအပါအဝင် အမျိုးသားရေးသမားတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဒီကနေ့မနက် ၁၀ နာရီက သံဃာတော်တွေနဲ့ အမျိုးသားရေးသမားတွေ ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားပြီး အမျိုးသားရေးလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

” ဒီကနေ့မနက်ပိုင်း ဆန္ဒပြတကို သံဃာတော်တွေဘက်က ဇန်နဝါရီ ၁၃ရက်နေ့က အင်းစိန်ရဲစခန်းမှာ ငြိမ်းစုစီတင်ခဲ့ပေမယ့် ဇန်နဝါရီလ ၁၅ရက်နေ့ အင်းစိန်ထောင်ဗူးဝရှေ့မှာ မပြုလုပ်ဖို့ ညှိနိုင်းခဲ့တယ်”လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက VOMကိုပြောပါတယ်။

အင်းစိန်ထောင်ဗူးဝရှေ့မှာ ဆန္ဒပြတာမပြုလုပ်ဖို့နဲ့ အခြားနေရာမှာသာ ဆန္ဒပြဖို့ခွင့်ပြုကြောင်း ရန်ကုန် မြောက်ပိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှဝေက သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။

အဲ့ဒီလို လျှောက်ထားနေတာကို သံဃာတော်တွေက လက်မခံဘဲ ဆက်လက်ဆန္ဒပြတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

“ယနေ့ပြုလုပ်တဲ့ပွဲဟာ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားရေးအကျဉ်းသားများအား ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဆရာတော်အဂ္ဂဓဇကမိန့်ပါတယ်။

အဲ့ဒီလိုပြောကြားပြီးမကြာမီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဆန္ဒပြပွဲမှာပါလာသူတစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုံခံခဲ့တဲ့အတွက် အကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရသူကို အင်းစိန်မြို့မရဲစခန်း ခေါ်ဆောင်သွားပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကို သံဃာတော် အပါး ၃၀၊ အမျိုးသားရေးတက်ကြွလှုပ်ရှားအင်အား ၅၀ ခန့် လာရောက်ဝန်းရံတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှုမရှိလို့ ရုံးထုတ်ပေးဖို့အတွက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဟာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြတာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အင်းစိန်ထောင်ရှေ့ #ဆန္ဒပြသူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW