ရုရှားနိုင်ငံထုတ် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြန်မာ့တပ်မတော် ဝယ်ယူမယ်

မော်စကို၊ ဇန်နဝါရီ ၂၃-၂၀၂၁
မျိုးဆက် (VOM)

မြန်မာစစ်ဘက်ဟာ ရုရှားနိုင်ငံရဲ့ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ Orlan-10E မောင်းသူမဲ့လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီလိုဝယ်ယူမှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာစစ်ဘက်တို့အကြား ၂၀၀၁ ခုနှစ်ကစပြီး နှစ်ဘက်အကျိုးရှိစေမယ့် စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ကြပြီး ရုရှားဟာ မြန်မာစစ်ဘက်ကို MiG-29 လေယာဉ် အစင်း ၃၀ ၊ Yakolev-130 တိုက်ပွဲဝင်လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စင်း၊ Mi-24 နဲ့ Mi-35P ရဟတ်ယာဉ် ၁၀ စင်း၊ Pechora-2M လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ရေဒါတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အမြောက်တွေကို ရောင်းချခဲ့ပါတယ်။

ဒါ့အပြင် Sukhoi-30SME တိုက်လေယာဉ် ခြောက်စီးဝယ်ယူရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစစ်ဘက်အကြား သေဘာတူစာချုပ်ချုပ်ဆိုထားပြီး အဲဒီထဲက အချို့ကို ပေးပို့ထားပြီးဖြစ်တယ်လို့ TASS သတင်းဌာနက ဖော်ပြထားပါတယ်။

ဝယ်ယူထားတဲ့ ရုရှားရဲ့ လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေ၊ လက်နက်တွေကို ပြုပြင်တာနဲ့ ထိန်းသိမ်းမှုလုပ်ဆောင်တာတွေအတွက် မြန်မာနိုင်ငံမှာရှိတဲ့ နှစ်ဘက်ပူးပေါင်းအထူးစင်တာမှာ လုပ်ဆောင်နေပါတယ်။

Ref : TASS
Photo: TASS
#voiceofmyanmar #VOM #မော်စကို #ရုရှားလေကြောင်းကာကွယ်ရေးစနစ် #မြန်မာတပ်မတော် #ဝယ်ယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW