ဖားကန့်မှာ ကိုဗစ်ကြောင့် တယောက်ထပ်သေ

ဖားကန့်-ဇန်နဝါရီ ၂၄-၂၀၂၁
ဇော်မိုးထက် (VOM)

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လုံးခင်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အမျိုးသားတဦး ဇန်နဝါရီ ၂၄ရက် မနက် တနာရီလောက်က သေဆုံးသွားခဲ့တယ်လို့ လုံးခင်း ဆေးရုံက သိရပါတယ်။

“သေဆုံးသူဟာ လုံးခင်းကျေးရွာ ရပ်ကွက်(၄) က အသက်(၈၃)နှစ်အရွယ်အမျိုးသားတဦး ဖြစ်ပြီး ဇန်နဝါရီလ၂၂ရက်နေ့မနက်က အသက်ရှူကြပ်တဲ့ဝေဒနာခံစားရလို့ ဆေးရုံကို ဆေးကုသမှု လာရောက် ခံယူခဲ့တာလို့ လုံးခင်းဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းက အတည်ပြုပြောပါတယ်

“၂၂ရက်နေ့ကအသက် ရှူကြပ်လို့ ဆေးရုံရောက်လာတယ် ။ Swab ယူပြီး မြစ်ကြီးနားပို့ပြီးစစ်တာ Positive ထွက်တယ် ။ ညက တနာရီကျော်လောက်မှာ ဆုံးသွားတာ “လို့ လုံးခင်း တိုက်နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ် ။

ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူနှစ်ဦးရှိခဲ့ပြီ ဖြစ်ပါတယ် ။2020ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မေ့ကလည်း လုံးခင်းကျေးရွာကပဲ အသက် (၇၅)နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာဖြစ်ပါတယ် ။

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စုဟာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အဖြစ်သတ်မှတ်ထားတဲ့ကျေးရွာအုပ်စုလည်း ဖြစ်ပါတယ် ။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်း ( ၅၁၆ ) ရှိနေပြီး ဆေးကုသမှုခံယူနေသူပေါင်း ( ၈၉ )ဦးရှိပါတယ် ။ ကျန်သူတွေကတော့ ကျန်းမာရေး ကောင်းမွန်တာကြောင့် ဆေးရုံ ဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ် ။

ကချင်ပြည်နယ်တခုလုံး ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်းဟာ ဇန်နဝါရီလ ၂၃ရက်နေ့ ညနေ ခြောက်နာရီအထိ ( ၈၈၃ )ရှိနေပြီလို့လည်း ကချင်ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်မှုတွေအရသိရပါတယ် ။

#voiceofmyanmar #VOM #လုံးခင်း #ဖားကန့်

 

Related posts

Leave a Comment

VOM News

FREE
VIEW